ဟေရှာယ 60:18 - Common Language Bible18 အကြမ်းဖက်မှုအသံဗလံများပေါ်ထွက် ရတော့မည်မဟုတ်။ သင်၏ပြည်သည်လည်းနောက်တစ်ဖန်လုယက် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်မဟုတ်။ ငါသည်မြို့ရိုးသဖွယ်သင့်ကိုကာကွယ်စောင့် ရှောက်မည်။ သင်သည်လည်းမိမိကိုကယ်တင်သည့်အတွက် ငါ့ကိုချီးမွမ်းလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible18 သင့် ပြည် တွင် ကြမ်း ကြုတ် ခြင်း၊ သင့် နယ် နိ မိတ် အ တွင်း လု ယက် ဖျက် ဆီး ခြင်း သ တင်း ကို၊ ကြား တော့ မည် မ ဟုတ်၊ သင့် မြို့ ရိုး ကို ကယ် တင် ခြင်း ဟူ၍လည်း ကောင်း၊ မြို့ တံ ခါး များ ကို ချီး မွမ်း ခြင်း ဟူ၍လည်း ကောင်း၊ သ မုတ် ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible18 သင်၏ပြည်၌ အနိုင်အထက်ပြုခြင်းအသံကို နောက်တစ်ဖန် မကြားရ။ သင်၏နယ်အတွင်းတွင် လုယူ ဖျက်ဆီးခြင်းမရှိရ။ သင်၏မြို့ရိုးကို ကယ်တင်ခြင်းဟူ၍လည်းကောင်း၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်းဟူ၍လည်းကောင်း သမုတ်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 သင်၏ပြည်၌ ရက်စက်ကြမ်းကြုတ်မှုအကြောင်း၊ သင်၏နယ်နိမိတ်အတွင်း၌ ပျက်စီးပြိုပျက်ခြင်းအကြောင်း ကြားရတော့မည်မဟုတ်။ သင်၏မြို့ရိုးတို့ကို “ကယ်တင်ခြင်း”၊ သင်၏မြို့တံခါးတို့ကို “ချီးမွမ်းခြင်း”ဟူ၍ သင်ခေါ်ဆိုလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်တော်ပေါ်၌ ဘေးအန္တရာယ်ဖြစ်စေသည့်အရာသို့မဟုတ် ဆိုးညစ်သည့်အရာတစ်စုံတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။ ပင်လယ်များသည်ရေနှင့်ပြည့်လျက်နေသကဲ့သို့၊ ထိုပြည်တော်သည်လည်းထာဝရဘုရားအား သိကျွမ်းမှုအသိပညာနှင့်ပြည့်ဝ၍နေလိမ့် မည်။
ကိုယ်တော်သည်လူမျိုးကြီးတို့အငြင်းပွား မှုကို ပြေငြိမ်းစေတော်မူလိမ့်မည်။ သူတို့သည်လည်းမိမိတို့၏ဋ္ဌားများကို ထွန်သွားအဖြစ်၊ မိမိတို့လှံများကိုတံစဉ်အဖြစ်သို့ ပြောင်းလဲပြုလုပ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည်နောင်ဘယ်အခါမျှ စစ်တိုက်ကြတော့မည်မဟုတ်။ နောက်တစ်ဖန်စစ်တိုက်ရန်လည်းပြင်ဆင် ကြတော့မည်မဟုတ်။
ရပ်ဝေးရပ်နီးမှအင်အားကြီးသောနိုင်ငံ များ၏ အငြင်းပွားမှုများကိုအဆုံးအဖြတ်ပေး တော်မူမည်။ သူတို့သည်မိမိတို့၏ဋ္ဌားသွားများကိုထွန်သွား အဖြစ်သို့လည်းကောင်း၊ လှံများကိုတံစဉ်များအဖြစ်သို့ထုလုပ် ကြလိမ့်မည်။ နိုင်ငံအချင်းချင်းနောက်တစ်ဖန်စစ်တိုက် ကြတော့မည်မဟုတ်။ စစ်တိုက်ရန်ပြင်ဆင်မှုကိုလည်းနောက်တစ်ဖန် ပြုလုပ်ကြတော့မည်မဟုတ်။
ငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့အတွက်နေရာအရပ်ကိုရွေးချယ်၍ နောက် တစ်ဖန်ညှင်းဆဲခြင်းကိုမခံရတော့ဘဲ အတည်တကျနေထိုင်စေပြီ။ ဤပြည် သို့ဝင်ရောက်လာချိန်မှအစပြု၍ သူတို့ သည်အကြမ်းဖက်သူလူစုတို့၏တိုက်ခိုက် မှုကိုခံခဲ့ရကြသော်လည်းနောက်တစ်ဖန် ခံရကြတော့မည်မဟုတ်။ သင့်အားရန်သူ အပေါင်းတို့၏ဘေးမှလုံခြုံစေ၍ သား မြေးများဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ငါထာဝရဘုရားမြွက်ဆို၏။-
ငါ၏ထံမှသားသမီးများထက်မွန်မြတ် သည့်ဆုကျေးဇူးကိုခံစားရကြလိမ့်မည်။ ငါ၏ဗိမာန်တော်၌လည်းကောင်း၊ ငါ၏လူ မျိုးတော်ထဲ၌လည်းကောင်းမမေ့မပျောက် နိုင်သောအမည်နာမကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်သင်တို့ကိုအဘယ်အခါ ၌မျှမေ့လျော့ကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
``စွန့်ပစ်ခြင်းကိုခံရသူ'' ဟုနာမည်တွင် တော့မည်မဟုတ်။ သင်၏ပြည်သည်လည်း``အပယ်ခံဇနီး'' ဟူသောနာမည်ကိုခံယူရတော့မည်မဟုတ်။ သင်၏နာမည်သစ်မှာ``ဘုရားသခင်နှစ်သက် မြတ်နိုးသူ'' ဟူ၍ဖြစ်လိမ့်မည်။ သင်၏ပြည်သည်လည်း``ပျော်ရွှင်စွာထိမ်းမြား ထားသူ'' ဟုနာမည်တွင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သင့်ကိုနှစ်သက်တော်မူသဖြင့်၊ ခင်ပွန်းဖြစ်သူသည်မိမိဇနီးကိုမြတ်နိုး သကဲ့သို့၊ သင်၏ပြည်ကိုလည်းမြတ်နိုးတော်မူလိမ့်မည်။
သင့်ကိုညှင်းပန်းနှိပ်စက်သူများအားငါ အပြစ်ဒဏ် ခတ်မည့်အချိန်ကာလကျရောက်လာလိမ့် မည်။ ငါသည်ခြေမစွမ်းမသန်သူအပေါင်းကို ကယ်ဆယ်၍၊ ပြည်နှင်ဒဏ်သင့်သူများကိုမိမိတို့ပြည်သို့ ခေါ်ဆောင်လာမည်။ သူတို့၏အရှက်ရမှုကိုဂုဏ်အသရေရှိမှု အဖြစ်သို့ပြောင်းလဲစေမည်။ ကမ္ဘာသူကမ္ဘာသားတို့သူတို့ကို ချီးကူးထောမနာပြုကြလိမ့်မည်။
``ဤသို့လျှင်ထာဝရဘုရားကိုယ်တော်တိုင် ပင် သင်တို့အားတိုက်ခိုက်တော်မူလိမ့်မည်။ အခါ တစ်ပါးကသင်တို့၏အစေအပါးကိုခံခဲ့ ရကြသူတို့သည် သင်တို့ကိုလုယက်တိုက်ခိုက် ကြလတ္တံ့'' ဟူသောဗျာဒိတ်တော်နှင့်အတူငါ့ အားစေလွှတ်တော်မူသတည်း။ ဤအမှုအရာများဖြစ်ပျက်လာသောအခါ ငါ့အား အနန္တတန်ခိုးရှင်ထာဝရဘုရားစေ လွှတ်တော်မူလိုက်ကြောင်းကိုလူအပေါင်းတို့ သိရှိကြလိမ့်မည်။