Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 7:13 - Common Language Bible

13 ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​အား​တက်​ကြ​၏။ ငါ​တို့​သည်​အား​တက်​ရုံ​သာ​မ​က၊ အ​လွန်​လည်း ဝမ်း​မြောက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​တိ​တု​အား​ရွှင်​လန်း​စေ​သ​ဖြင့်​သူ​သည် အ​လွန်​ဝမ်း​မြောက်​လျက်​ရှိ​သည်​ကို​ငါ​တို့​တွေ့​ရ သော​ကြောင့်​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ထို ကြောင့် ငါ တို့ သည် နှစ် သိမ့် ရ ကြ ပြီ။ ထို သို့ နှစ် သိမ့် သည့် ပြင် သင် တို့ ရှိ သ မျှ ကြောင့် တိ တု စိတ် ချမ်း သာ ၍ ရွှင် လန်း သည့် အ တွက် ထပ် မံ ရွှင် လန်း ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထို​ကြောင့် သင်​တို့၏ သက်​သာ​ခြင်း​အ​ကြောင်း​အား​ဖြင့်၊ ငါ​တို့​သည်​လည်း သက်​သာ​ခြင်း​သို့​ရောက်​သည် သာ​မ​က၊ တိ​တု၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​အား​ဖြင့် သာ၍ အ​လွန်​ဝမ်း​မြောက်​ကြ၏။ သင်​တို့​ရှိ​သ​မျှ​သည် ထို​သူ၏​စိတ်​နှ​လုံး​ကို သက်​သာ​ဝမ်း​မြောက်​စေ​ကြ​သည် ဖြစ်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထို့ကြောင့် ငါ​တို့​သည် နှစ်သိမ့်​မှု​ကို​ခံစားရ​ကြ​၏။ ငါ​တို့​ခံစား​ရ​သော​နှစ်သိမ့်​မှု​အပြင် တိတု​၏​စိတ်နှလုံး​သည် သင်​တို့​အားလုံး​ကြောင့် ငြိမ်သက်​ချမ်းသာ​မှု​ကို​ခံစား​ရ​သည်​ဖြစ်၍ သူ​၏​ဝမ်းမြောက်​ခြင်း​ကြောင့် ငါ​တို့​သည် ပို၍​ဝမ်းမြောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ဤ​အရာ​အားလုံး​ကြောင့် ကျွန်ုပ်တို့​အားရကြ၏။ ကျွန်ုပ်တို့​ရရှိသော ခွန်အား​အပြင် တိတု​သည် သင်တို့​အားဖြင့် ဝမ်းမြောက်ရသည်​ဖြစ်၍ သူ​၏ စိတ်နှလုံး​ရွှင်လန်းခြင်း​ကြောင့် ကျွန်ုပ်တို့​သည် ပို၍ ဝမ်းမြောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 7:13
16 ပူးပေါင်းရင်းမြစ်များ  

ဝမ်း​မြောက်​သူ​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ လော့။ ငို​ကြွေး​သူ​တို့​နှင့်​အ​တူ​ငို​ကြွေး​ကြ လော့။-


သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင်​ငါ သည်​ဝမ်း​မြောက်​စွာ​သင်​တို့​ထံ​သို့​လာ​၍ သင်​တို့ နှင့်​အ​တူ​ပျော်​ရွှင်​စွာ​နား​နေ​ခွင့်​ကို​ရ​ရှိ​ပါ​လိမ့် မည်။-


အ​ကယ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​က ဝေ​ဒ​နာ​ခံ​ရ​လျှင်​အခြား​အ​စိတ်​အ​ပိုင်း​များ သည်​လည်း​အ​တူ​ခံ​ရ​ကြ​၏။ ကိုယ်​အင်္ဂါ​အ​စိတ် အ​ပိုင်း​တစ်​ခု​က​ချီး​မွမ်း​ခြင်း​ခံ​ရ​လျှင် အ​ခြား​အ​စိတ်​အ​ပိုင်း​များ​သည်​လည်း​အ​တူ ဝမ်း​မြောက်​ရ​ကြ​၏။


နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သင်​တို့​၏​ယုံ​ကြည် ခြင်း​တွင်​ခိုင်​မာ​စွာ​ရပ်​တည်​ကြ​လော့။ ရဲ​စွမ်း​သတ္တိ ရှိ​ကြ​လော့။-


သူ​တို့​သည်​သင်​တို့​၏​စိတ်​ကို​ရွှင်​လန်း​စေ​သ​ကဲ့​သို့ ငါ​၏​စိတ်​ကို​လည်း​ရွှင်​လန်း​စေ​၏။ ထို​သို့​သော​သူ တို့​သည်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​ခံ​ထိုက်​ကြ​၏။


သို့​ရာ​တွင်​ငါ​၏​ညီ​အစ်​ကို​တိ​တု​အား​မ​တွေ့​ရ သ​ဖြင့် ငါ​သည်​လွန်​စွာ​ပူ​ပင်​သော​က​ဖြစ်​၏။ ထို့ ကြောင့်​ထို​မြို့​ရှိ​လူ​တို့​ကို​နှုတ်​ဆက်​ပြီး​လျှင် မာ​ကေ​ဒေါ​နိ​ပြည်​သို့​သွား​၏။


အ​ကယ်​၍​ငါ​လာ​လျှင်​ငါ့​အား​စိတ်​ရွှင်​လန်း စေ​မည့်​သူ​များ​က ငါ့​အား​ဝမ်း​နည်း​စေ​မည် စိုး​၍​ယ​ခင်​စာ​ကို​ငါ​ရေး​သား​ပေး​ပို့​လိုက် ခြင်း​ဖြစ်​၏။ ငါ​ဝမ်း​မြောက်​လျှင်​သင်​တို့ အ​ပေါင်း​သည်​လည်း​ဝမ်း​မြောက်​ကြ​မည် ကို​ငါ​အ​မှန်​ယုံ​ကြည်​၏။-


ငါ​သည်​တိ​တု​အား​သင်​တို့​အ​ကြောင်း​ကို​ကြွား ဝါ​ခဲ့​၏။ ယင်း​သို့​ကြွား​ဝါ​သည့်​အ​တိုင်း​ဟုတ်​မှန် ကြောင်း​ကို​သင်​တို့​ပြ​သ​လိုက်​ပေ​ပြီ။ ငါ​တို့ သည်​သင်​တို့​အား​ဟုတ်​မှန်​ရာ​ကို​သာ​လျှင် အ​စဉ်​ပြော​ကြား​ခဲ့​၏။ တိ​တု​အား​ငါ​တို့ ကြွား​ဝါ​ပြော​ဆို​ခဲ့​သော​အ​ရာ​များ​သည် လည်း​ဟုတ်​မှန်​လျက်​နေ​ပေ​ပြီ။-


သူ​၏​စ​ကား​ကို​သင်​တို့​လိုက်​နာ​ရန်​အ​သင့် ရှိ​ကြ​သည်​ကို​လည်း​ကောင်း၊ ကြောက်​ရွံ့​တုန် လှုပ်​လျက်​သူ့​အား​ကြို​ဆို​လက်​ခံ​ကြ​သည် ကို​လည်း​ကောင်း​သူ​သည်​သ​တိ​ရ​သ​ဖြင့် သင်​တို့​အား​ပို​၍​ပင်​ချစ်​ခင်​မြတ်​နိုး​လာ ပေ​သည်။-


သို့​ရာ​တွင်​စိတ်​ညှိုး​ငယ်​သူ​ကို​အား​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ငါ​တို့​ထံ​ရောက်​ရှိ​လာ​သော​တိ​တု အား​ဖြင့် ငါ​တို့​ကို​အား​ပေး​တော်​မူ​၏။ တိ​တု​ရောက်​ရှိ လာ​သည့်​အ​တွက်​ကြောင့်​သာ​မ​က၊ တိ​တု​အား​သင် တို့​က​အား​ပေး​ကြ​သည့်​သ​တင်း​ကို​ကြား​သိ​ရ သည့်​အ​တွက်​ကြောင့်​လည်း ငါ​တို့​သည်​အား​တက်​ရ ကြ​ပေ​သည်။-


ထို့​ကြောင့်​သင်​တို့​သည်​သူ့​ကို​တစ်​ဖန်​တွေ့​မြင်​ရ သ​ဖြင့်​ဝမ်း​မြောက်​ကြ​စေ​ရန်​လည်း​ကောင်း၊ ငါ ၏​ဝမ်း​နည်း​မှု​ကို​လည်း​ပ​ပျောက်​သွား​စေ​ရန် လည်း​ကောင်း​သူ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ် ရန်​ငါ​ပို​၍​စိတ်​အား​ထက်​သန်​လျက်​ရှိ​၏။-


သ​ခင်​ဘု​ရား​သည်​သြ​နေ​သိ​ဖော်​၏​အိမ် ထောင်​အား​က​ရု​ဏာ​ထား​တော်​မူ​ပါ​စေ သော။ ထို​သူ​သည်​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန် ငါ့​အား​စိတ်​သက်​သာ​စေ​၏။ ငါ​သည်​အ​ကျဉ်း သား​ဖြစ်​လျက်​နေ​သော်​လည်း​သူ​သည်​ငါ့ အ​တွက်​မ​ရှက်​ဘဲ၊-


သို့​ဖြစ်​၍​ငါ့​ညီ၊ သ​ခင်​ဘု​ရား​၏​မျက်​နှာ​တော် ကို​ထောက်​၍​ငါ့​အား​ကျေး​ဇူး​ပြု​ပါ​လော့။ ခ​ရစ် တော်​၌​ညီ​အစ်​ကို​အ​နေ​ဖြင့်​ငါ့​အား​စိတ်​ရွှင် လန်း​စေ​ပါ​လော့။


ငါ့​ညီ၊ သင်​၏​မေတ္တာ​သည်​ငါ့​အား​အ​လွန်​ဝမ်း မြောက်​စေ​၍​များ​စွာ​အား​တက်​စေ​၏။ သင်​သည် ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ အား​စိတ်​ရွှင်​လန်း​စေ​လေ​ပြီ။


နောက်​ဆုံး​ဖော်​ပြ​လို​သည်​မှာ သင်​တို့​သည် တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​ကြ​လော့။ စာ​နာ ထောက်​ထား​၍​တစ်​ယောက်​ကို​တစ်​ယောက် ညီ ရင်း​အစ်​ကို​ကဲ့​သို့​ချစ်​ကြ​လော့။ ကြင်​နာ သ​နား​တတ်​သော​သ​ဘော၊ နှိမ့်​ချ​တတ်​သော သ​ဘော​ရှိ​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ