တန်ခိုးကြီးမားသည့်နိုင်ငံများသည် ပင်လယ် မြည်ဟည်းသံ၊ လှိုင်းလုံးကြီးများရိုက်ပုတ် သံကဲ့သို့သောအသံနှင့်ထကြွသောင်း ကျန်းလျက်ရှိကြ၏။-
ဟေရှာယ 13:4 - Common Language Bible တောင်ပေါ်ရှိလူအုပ်ကြီး၏အသံကိုနား ထောင်ကြလော့။ ထိုအသံသည်လူမျိုးတကာ တို့စုရုံးနေကြသောအသံဖြစ်၏။ ဗိုလ်ခြေ တို့၏အရှင်ထာဝရဘုရားသည် မိမိ၏စစ် သည်တော်တို့ကိုတိုက်ပွဲဝင်စေရန်အတွက် အသင့်ပြင်ဆင်လျက်နေတော်မူ၏။- Garrad Bible နား ထောင် ကြ ဦး။ တောင် ပေါ် တွင် လူ ပ ရိ သတ် ကြီး အ သံ ဗ လံ ကဲ့ သို့၊ အုတ် အုတ် သဲ သဲ ပါ တ ကား။ လူ မျိုး ခြား နိုင် ငံ သား တို့ စု ရုံး သော ဆူ ညံ သံ ပါ တ ကား။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည် အ လုံး အ ရင်း ကို ခင်း ကျင်း တော် မူ ပြီ။ Judson Bible ကြီးစွာသော အလုံးအရင်း၏အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ၏အသံဗလံ၊ စုဝေးသော တိုင်းသူပြည်သားများတို့၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် စစ်တိုက်ခြင်းငှာ၊ အလုံးအရင်းကို စီရင်ခင်းကျင်းတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း လူအုပ်ကြီးမှထွက်သောအသံကဲ့သို့ တောင်ပေါ်မှ ဆူဆူညံညံအသံ၊ တိုင်းနိုင်ငံတို့မှ လူမျိုးတို့ အတူတကွစုဝေး၍ အုတ်အုတ်ကျက်ကျက်ဖြစ်သောအသံပါတကား။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စစ်ပွဲအတွက် စစ်သည်အလုံးအရင်းကို ခင်းကျင်းတော်မူပြီ။ |
တန်ခိုးကြီးမားသည့်နိုင်ငံများသည် ပင်လယ် မြည်ဟည်းသံ၊ လှိုင်းလုံးကြီးများရိုက်ပုတ် သံကဲ့သို့သောအသံနှင့်ထကြွသောင်း ကျန်းလျက်ရှိကြ၏။-
သင်တို့အပေါင်းသည်စုဝေး၍ငါပြောသည် ကို နားထောင်ကြလော့။ ငါရွေးချယ်ထားသူသည်ဗာဗုလုန်ပြည်ကို တိုက်ခိုက်လိမ့်မည်ဟူ၍လည်းကောင်း၊ ငါ၏အလိုတော်ကျဆောင်ရွက်ပေးလိမ့်မည် ဟူ၍လည်းကောင်း၊ အဘယ်ရုပ်တုကမျှကြိုတင်၍မဟောကြား နိုင်ခဲ့။
ထာဝရဘုရားသည်အချက်ပြ၍ရပ်ဝေး နေလူမျိုးခြားတို့အားခေါ်ယူတော်မူလိမ့် မည်။ ကိုယ်တော်သည်သူတို့အားကမ္ဘာမြေကြီး စွန်းမှလာရောက်ကြရန်လေချွန်သံဖြင့် အချက်ပေးတော်မူလိမ့်မည်။ ထိုသူတို့သည် လည်းဤအရပ်သို့အလျင်အမြန်လာ ရောက်ကြလိမ့်မည်။-
ထိုကာလ၌သူတို့သည်ပင်လယ်မြည်ဟည်းသံ ကဲ့သို့ ကျယ်စွာဣသရေလပြည်တွင်ကြွေးကြော် ကြလိမ့်မည်။ ထိုပြည်ကိုကြည့်ရှုကြလော့။ ယင်း သည်မှောင်အတိ၊ ဆင်းရဲဒုက္ခအတိဖြစ်၍နေလိမ့် မည်။ အလင်းကားအမှောင်တွင်ကွယ်ပျောက် သွားလေတော့သတည်း။
``ငါသည်မြို့ရိုးကိုဝိုင်းရံသည့်ဗာဗုလုန် ဘုရင်နှင့်သူ၏တပ်မတော်ကိုတိုက်ခိုက်ရန် ဇေဒကိအသုံးပြုလျက်ရှိသည့်လက်နက် တို့ကိုဆုံးရှုံးစေမည်။ ထိုနောက်သူတို့ ကိုမြို့လယ်တွင်စုဝေးစေမည်။-
များစွာသောလူမျိုးတို့နှင့်တန်ခိုးကြီးသည့် ဘုရင်များထံ၌ကျွန်ခံရကြလိမ့်မည်။ ငါ သည်လည်းသူတို့အားမိမိတို့ပြုခဲ့သည့် အမှုများ၏ ဆိုးကျိုးကိုခံစေမည်' '' ဟု မိန့်တော်မူ၏။
သင်တို့၏သီးနှံများကိုကျိုင်းကောင်အုပ်တို့ ကိုက်စားလိုက်သည့်နှစ်များက၊ သင်တို့ဆုံးရှုံးမှုကိုငါပြန်လည်ပေး လျော်မည်။ သင်တို့ထံသို့ထိုကျိုင်းကောင်အုပ်များကို စေလွှတ်သူမှာငါပင်ဖြစ်၏။
ထောင်ပေါင်းများစွာသောသူတို့သည် တရားစီရင်တော်မူရာချိုင့်ဝှမ်းတွင် ရှိနေကြ၏။ ထိုချိုင့်ဝှမ်းသို့ထာဝရဘုရား တရားစီရင်တော်မူရာနေ့ရက်ကာလ သည် များမကြာမီသက်ရောက်လာလိမ့်မည်။
ဤအကြောင်းကြောင့်ရောဂါဘေး၊ ဝမ်းနည်းကြေကွဲခြင်းဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးများသည် သူ၏အပေါ်သို့တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ သူသည်မီးရှို့ခြင်းကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ့အား တရားစီရင်တော်မူသောထာဝရအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သတည်း'' ဟုဆို၏။