Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 48:14 - Common Language Bible

14 သင်​တို့​အ​ပေါင်း​သည်​စု​ဝေး​၍​ငါ​ပြော​သည် ကို နား​ထောင်​ကြ​လော့။ ငါ​ရွေး​ချယ်​ထား​သူ​သည်​ဗာ​ဗု​လုန်​ပြည်​ကို တိုက်​ခိုက်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​၏​အ​လို​တော်​ကျ​ဆောင်​ရွက်​ပေး​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ အ​ဘယ်​ရုပ်​တု​က​မျှ​ကြို​တင်​၍​မ​ဟော​ကြား နိုင်​ခဲ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 သင် တို့ ရှိ သ မျှ စု ရုံး၍ နာ ခံ ကြ လော့။ ဤ အ ကြောင်း အ ရာ များ ကို ဖော် ပြ နှင့် သည် ကား အ ဘယ် ရုပ် တု နည်း။ ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ သော သူ သည် ဗာ ဗု လုန် မြို့ တွင် ခါ လ ဒဲ လူ တို့၌ အ လို တော် ကို လက် ရုံး ဖြင့် ပြီး မြောက် စေ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ရှိ​သ​မျှ​သော​သင်​တို့၊ စည်း​ဝေး၍ နား​ထောင်​ကြ​လော့။ ဤ​အ​မှု​အ​ရာ​တို့​ကို သင်​တို့​တွင် အ​ဘယ်​သူ​သည် ရှေး​မ​ဆွ​က ဟော​နှင့်​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သော​သူ​သည် ဗာ​ဗု​လုန်​မြို့၌ အ​လို​တော်​ကို ပြည့်​စုံ​စေ​မည်။ သူ၏​လက်​သည်​လည်း၊ ခါ​လ​ဒဲ​လူ​တို့​အ​ပေါ်​သို့ ရောက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သင်​တို့​အားလုံး စုရုံး​၍ နားထောင်​ကြ​လော့​။ သူ​တို့​တွင် မည်သူ​သည် ဤ​အမှု​တို့​ကို ပြန်ပြော​ခဲ့​သနည်း​။ ထာဝရဘုရား ချစ်​တော်မူ​သော​သူ​သည် ကိုယ်တော်​၏​အလို​တော်​အတိုင်း ဘေဘီလုံ​မြို့​ကို​ပြု​မည်​။ သူ​၏​လက်​သည် ခါလဒဲ​လူမျိုး​ကို ဆန့်ကျင်​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 48:14
17 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​သည်​သား​များ​ကို​မိ​မိ​ထံ​သို့​ခေါ် ပြီး​လျှင်``ငါ့​အ​နား​သို့​ချဉ်း​ကပ်​လာ​ကြ လော့။ သင်​တို့​၏​နောင်​ရေး​ကို​ငါ​ဖော်​ပြ​ပေ အံ့။


``ယာ​ကုပ်​၏​သား​များ​တို့​သင်​တို့​သည် ငါ့​အ​နီး​တွင် စု​ရုံး​လာ​ကြ​၍၊ သင်​တို့​၏​အ​ဖ​ဣ​သ​ရေ​လ​၏​စ​ကား​ကို နား​ထောင်​ကြ​လော့။


ဗာ​ဗု​လုန်​မြို့​သည်​မြို့​တ​ကာ​တို့​တွင်​အ​လှ​ဆုံး ဖြစ်​၍ မြို့​သူ​မြို့​သား​တို့​ဂုဏ်​ယူ​ဝါ​ကြွား​ရာ ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​ပြု​ခဲ့​သည်​နည်း တူ​ဗာ​ဗု​လုန်​မြို့​ကို​လည်း​ပျက်​သုဉ်း​စေ​မည်။-


မြင်း​စီး​သူ​ရဲ​တို့​သည်​နှစ်​ယောက်​တစ်​တွဲ​နှစ် ယောက်​တစ်​တွဲ​ရုတ်​တ​ရက်​ပေါ်​လာ​ကြ​၏။ ထို ကြောင့်​ကင်း​စောင့်​က``ဗာ​ဗု​လုန်​မြို့​ကျ​ဆုံး သွား​လေ​ပြီ။ သူ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​မှန် သ​မျှ​သည်​လည်း​မြေ​ပေါ်​တွင်​ကျိုး​ပဲ့​ကြေ​မွ လျက်​နေ​ပါ​၏'' ဟု​သ​တင်း​ပေး​ပို့​လိုက်​၏။


လူ​မျိုး​တ​ကာ​တို့​အား​တ​ရား​စီ​ရင်​ရာ​သို့ ဆင့်​ခေါ်​ကြ​လော့။ သူ​တို့​၏​အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည် အ​နာ​ဂတ်​ဟော​စ​တမ်း​ကို​ထုတ်​နိုင်​ပါ​သ​နည်း။ အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည်​ယ​ခု​ဖြစ် ပျက်​ဆဲ အ​မှု​အ​ရာ​များ​ကို​ကြို​တင်​ဟော​ကြား​ခဲ့​ပါ သ​နည်း။ ထို​ဘု​ရား​တို့​သည်​မိ​မိ​တို့​မှန်​ကန်​၍​နေ ကြောင်း အ​ထောက်​အ​ထား​ပြ​နိုင်​ရန်​နှင့် မိ​မိ​တို့​ပြော​ဆို​ခဲ့​သည့်​အ​တိုင်း​ဟုတ်​မှန်​၍ နေ​ပုံ​ကို အ​ကိုး​အ​ကား​ပြ​နိုင်​ရန်၊ အ​သိ​သက်​သေ​များ​ကို​ခေါ်​ဆောင်​ခဲ့​ကြ​ပါ​စေ။


ကု​ရု​ဘု​ရင်​အား​လည်း`သင်​သည်​ငါ​၏​ကိုယ် စား အုပ်​စိုး​ရ​မည့်​သူ​ဖြစ်​၏။ သင်​သည်​ငါ​အ​လို​ရှိ​သည့်​အ​မှု​တို့​ကို​ပြု​ရ​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​တည်​ထောင်​ရန်​နှင့် ဗိ​မာန်​တော်​အုတ်​မြစ်​များ​ကို​ချ​ရန် အ​မိန့်​ပေး​ရ​မည်​ဟု​ငါ​ဆို​၏' '' ဟူ​၍ မိန့်​တော်​မူ​၏။


ငါ​ပြု​ခဲ့​သည့်​အ​မှု​တို့​ကို​ပြု​နိုင်​၍​ကပ် ကာ​လ​အ​စ​မှ အ​ဆုံး​တိုင်​အောင်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ မှန်​သ​မျှ​ကို ပြတ်​သား​စွာ​ကြို​တင်​ဖော်​ပြ​နိုင်​သူ​တစ်​စုံ တစ်​ယောက် ရှိ​ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။


အ​ရာ​ခပ်​သိမ်း​အ​ဆင်​ပြေ​မှု​အ​တွက်​ငါ​၏ အ​ကြံ​အ​စည်​ပြည့်​စုံ​စေ​ရန်၊ ငါ​ကိုယ်​တိုင်​ပင်​ကု​ရု​ဘု​ရင်​အား လှုံ့​ဆော်​စေ​ခိုင်း​ခဲ့​၏။ သူ​သွား​ရာ​လမ်း​မှန်​သ​မျှ​ကို​ငါ​ဖြောင့်​ဖြူး စေ​မည်။ သူ​သည်​ငါ​၏​မြို့​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ထူ​ထောင်​ကာ၊ အ​ဖမ်း​ခံ​နေ​ရ​သူ၊ငါ​၏​လူ​မျိုး​တော်​အား အ​နှောင်​အ​ဖွဲ့​မှ​ဖြေ​လွှတ်​ပေး​လိမ့်​မည်။ ဤ​အ​မှု​တို့​ကို​ပြု​စေ​ရန်၊သူ့​အား​အ​ဘယ် သူ​မျှ မ​ငှား​မ​ယမ်း။ တံ​စိုး​လက်​ဆောင်​လည်း​မ​ပေး'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ပင်​ဖြစ်​သ​တည်း။


``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ယော်​ဒန်​မြစ်​တစ် လျှောက်​ရှိ​ထူ​ထပ်​သော​တော​အုပ်​ထဲ​မှ စိမ်း​လန်း သော​မြက်​ခင်း​ပြင်​သို့​ထွက်​လာ​သည့်​ခြင်္သေ့​ကဲ့ သို့​ထွက်​လာ​ပြီး​လျှင် ဗာ​ဗု​လုန်​မြို့​သား​တို့ အား​မိ​မိ​တို့​မြို့​မှ​ရုတ်​တ​ရက်​ထွက်​ပြေး​စေ မည်။ ထို​နောက်​ထို​မြို့​ကို​အုပ်​စိုး​ရန်​ဘု​ရင် တစ်​ပါး​ကို​ငါ​ရွေး​ချယ်​ခန့်​ထား​မည်။ ငါ​နှင့် အ​ဘယ်​သူ​ကို​နှိုင်း​ယှဉ်​၍​ရ​မည်​နည်း။ အ​ဘယ် သူ​သည်​ငါ​နှင့်​အံ​တု​ဖက်​ပြိုင်​ဝံ့​မည်​နည်း။ အ​ဘယ်​မည်​သော​မင်း​သည်​ငါ့​အား​အ​တိုက် အ​ခံ​ပြု​နိုင်​မည်​နည်း။-


သ​ခင်​ယေ​ရှု​သည်​ထို​သူ​ကို​မေတ္တာ​ဖြင့်​စေ့​စေ့​ကြည့် လျက် ``သင့်​မှာ​လို​နေ​သော​အ​ရာ​တစ်​ခု​ရှိ​သေး​၏။ သွား​လော့။ သင်​၏​ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​၍​ဆင်း​ရဲ သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ​သို့​ပြု​လျှင် သင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​စွန့်​ကြဲ​ပြီး​မှ​လာ​၍​ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ