အီဂျစ်ပြည်ဘုရင်ခံဖြစ်သူယောသပ်သည် အပြည် ပြည်မှစပါးဝယ်လာသောသူတို့အားစပါးရောင်း ချလျက်ရှိ၏။ ယောသပ်၏အစ်ကိုတို့သည်လည်း ရောက်ရှိလာကြ၍ယောသပ်၏ရှေ့မှောက်တွင် ပျပ်ဝပ်ကြလေ၏။-
သုတ္တံကျမ်း။ 11:26 - Common Language Bible စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌မူကား၊ ကောင်းကြီးမင်္ဂလာရှိလိမ့်မည်။ Garrad Bible စ ပါး ကို ချုပ် ချယ် သော သူ့ အား၊ ပြည် သူ ပြည် သား တို့ ဆဲ ဆို ကြ လိမ့် မည်။ ရောင်း ချ သော သူ၏ ဦး ခေါင်း ၌၊ မင်္ဂ လာ တည် လိမ့် မည်။ Judson Bible စပါးကို သိုထားသောသူသည် လူများကျိန်ဆဲခြင်းကိုခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌မူကား၊ ကောင်းချီးမင်္ဂလာ ရှိလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဂျုံစပါးသိုလှောင်ထားသောသူကို တိုင်းသူပြည်သားတို့ ကျိန်ဆဲကြလိမ့်မည်။ ရောင်းချပေးသောသူ၏ဦးခေါင်းအပေါ်၌မူကား ကောင်းချီးမင်္ဂလာရှိလိမ့်မည်။ |
အီဂျစ်ပြည်ဘုရင်ခံဖြစ်သူယောသပ်သည် အပြည် ပြည်မှစပါးဝယ်လာသောသူတို့အားစပါးရောင်း ချလျက်ရှိ၏။ ယောသပ်၏အစ်ကိုတို့သည်လည်း ရောက်ရှိလာကြ၍ယောသပ်၏ရှေ့မှောက်တွင် ပျပ်ဝပ်ကြလေ၏။-
ယောသပ်သည်စပါးရောင်းရာမှရသောငွေ များကိုစုသိမ်း၍ နန်းတော်ငွေတိုက်သို့ပေး သွင်းလေ၏။-
တရားသောသူ၏ခေါင်းပေါ်မှာ မင်္ဂလာ သက် ရောက်တတ်၏။ မတရားသောသူ၏နှုတ်ကိုကား ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။
သင်သည် ဖြောင့်မတ်၏ဟု မတရားသောသူ အား ဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည်။ လူအနွှယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည်။
ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ် တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသော ကျိန်ဆဲခြင်းကို ခံရလိမ့်မည်။