ယောဘဝတ္တု။ 29:13 - Common Language Bible13 ပျက်လုသောသူကောင်းကြီးပေးခြင်းကို ငါခံရ၏။ မုတ်ဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ၏။ အခန်းကိုကြည့်ပါ။Garrad Bible13 ပျက် စီး လု သူ ပြု သော ဩ ဘာ သည်၊ ငါ့ အ ပေါ် တွင် တည် လျက်၊ မု ဆိုး မ လည်း၊ စိတ် ရွှင် လန်း၍ ကြွေး ကြော် ခွင့် ရှိ ချေ၏။ အခန်းကိုကြည့်ပါ။Judson Bible13 ပျက်လုသောသူ ကောင်းချီးပေးခြင်းကို ငါခံရ၏။ မုဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ဘဝပျက်လုသူများကပင် ငါ့ကို လာ၍ချီးကျူးကြ၏။ ငါသည် မုဆိုးမတို့၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေခဲ့၏။ အခန်းကိုကြည့်ပါ။ |
ထိုနေ့ရက်ကာလကျရောက်သောအခါအာ ရှုရိပြည်နှင့်အီဂျစ်ပြည်၌ပြည်နှင်ဒဏ်သင့် လျက်နေသော ဣသရေလအမျိုးသားအပေါင်း ကိုခေါ်ယူရန်တံပိုးခရာမှုတ်လိမ့်မည်။ သူ တို့သည်လည်းယေရုရှလင်မြို့ရှိမြင့်မြတ် သောတောင်တော်ပေါ်တွင် ထာဝရဘုရား အားကိုးကွယ်ဝတ်ပြုရန်လာရောက်ကြ လိမ့်မည်။
သင်တို့၏မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လူမျိုးခြား များ၊ လေဝိအမျိုးသားများ၊ မိဘမဲ့ကလေး များ၊ မုဆိုးမများနှင့်တကွထာဝရဘုရား ၏ရှေ့တော်၌ပျော်ပွဲခံကြလော့။ ထိုပွဲတော် ကိုတစ်ခုတည်းသောဝတ်ပြုရာဌာနတော် တွင်ကျင်းပရမည်။-
ထိုနောက်သင်သည်ထာဝရဘုရား၏ရှေ့ တော်တွင်`အကျွန်ုပ်၏ဘိုးဘေးသည် အိုးအိမ် အတည်တကျမရှိသောအာရေမီယန် အမျိုးသားဖြစ်ပါသည်။ သူသည်သူ၏ မိသားစုကိုခေါ်၍ အီဂျစ်ပြည်သို့သွား ရောက်နေထိုင်ခဲ့ပါသည်။ ထိုပြည်သို့ရောက် စဉ်ကသူတို့၏ဦးရေအနည်းငယ်မျှ သာရှိသော်လည်း နောင်တွင်လူဦးရေများ ၍အင်အားကြီးသောလူမျိုးဖြစ်လာ ပါသည်။-
နောမိကလည်း``ထာဝရဘုရားသည် ဗောဇ အားကောင်းချီးပေးတော်မူပါစေသော။ ထာဝရ ဘုရားသည်အသက်ရှင်သူ၊ သေသူတို့အား မိမိထားရှိသည့်ကတိတော်တို့ကိုအစဉ် အမြဲတည်စေတော်မူပါ၏'' ဟုဆိုပြီးလျှင် ဆက်လက်၍``ဤသူသည်ငါတို့နှင့်ဆွေမျိုး ရင်းချာတော်စပ်၍ ငါတို့အားကြည့်ရှုစောင့် ရှောက်ရန်အတွက်တာဝန်ရှိသူတစ်ဦးဖြစ် သည်'' ဟုဆို၏။