သုတ္တံကျမ်း။ 10:6 - Common Language Bible6 တရားသောသူ၏ခေါင်းပေါ်မှာ မင်္ဂလာ သက် ရောက်တတ်၏။ မတရားသောသူ၏နှုတ်ကိုကား ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible6 သူ တော် ကောင်း ၏ ဦး ခေါင်း ၌ မင်္ဂ လာ တည်၍၊ လူ ဆိုး တို့၏ နှုတ် ကို ကား၊ ကြမ်း ကြုတ် ခြင်း ဖုံး အုပ် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 တရားသောသူ၏ခေါင်းပေါ်မှာ မင်္ဂလာသက်ရောက်တတ်၏။ မတရားသောသူ၏နှုတ်ကိုကား ညှဉ်းဆဲခြင်းအပြစ်သည် ပိတ်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ဖြောင့်မတ်သောသူ၏ဦးခေါင်းပေါ်၌ ကောင်းချီးမင်္ဂလာများရှိ၏။ ဆိုးယုတ်သောသူတို့၏နှုတ်သည် ရက်စက်ကြမ်းကြုတ်မှုကိုဖုံးကွယ်တတ်၏။ အခန်းကိုကြည့်ပါ။ |
ပညတ်တရားတွင်ပါရှိသည့်ပြဋ္ဌာန်းချက်မှန် သမျှသည် ပညတ်တရားစိုးမိုးမှုလက်အောက် တွင်ရှိနေသူများအတွက်ဖြစ်ကြောင်းယခု ငါတို့သိကြ၏။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာလူတို့၏ဆင်ခြေဆင်လက်မှန်သမျှကို ရပ်စဲစေရန်နှင့် လူသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံစေရန်ဖြစ်ပေသည်။-
သူသည်ဧသတာ၏သလွန်ထက်သို့လှဲချ ကာအသနားခံမည်အပြုတွင်မင်းကြီး သည် ဥယျာဉ်တော်မှပြန်လည်ရောက်ရှိကာ ညစာခန်းမဆောင်သို့ဝင်လာလေသည်။ ဟာမန်၏အမူအရာကိုမြင်သောအခါ မင်းကြီးက``ဤသူသည်မိဖုရားအားနန်း တော်အတွင်းငါ့ရှေ့မှောက်၌ပင်မတရား ပြုကျင့်မည်လော'' ဟုဟစ်အော်မိန့်မြွက် တော်မူ၏။ ယင်းသို့မင်းကြီးမိန့်မြွက်လိုက်သည့်အခါ မိန်းမစိုးတို့သည်ဟာမန်၏မျက်နှာကို ဖုံးအုပ်ကြလေသည်။