အဋ္ဌမနေ့၌သူသည် အပြစ်အနာကင်း သောတစ်နှစ်သားအရွယ် သိုးထီးကလေး နှစ်ကောင်၊ သိုးမကလေးတစ်ကောင်၊ သံလွင် ဆီနှင့်ရောသောမုန့်ညက်ငါးပေါင်နှင့်သံလွင် ဆီအဝက်သားကိုယူဆောင်ခဲ့ရမည်။-
ဝတ်ပြု 14:24 - Common Language Bible ယဇ်ပုရောဟိတ်သည်သိုးနှင့်သံလွင်ဆီကို ယဇ်ပုရောဟိတ်အတွက် ထာဝရဘုရားအား အထူးပူဇော်သကာအဖြစ်ဆက်ကပ်ရမည်။- Garrad Bible ပ ရော ဟိတ် သည် ပြစ် ဒဏ် ပြေ ရာ သ က္ကာ သိုး နှင့် ဆီ အ စိတ် ကို ယူ၍ ဦး တိုက် ရာ အ လှူ အ ဖြစ် ထာ ဝ ရ ဘု ရား ရှေ့ ဦး တိုက် ခြင်း၊ Judson Bible ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်သိုးသငယ်နှင့် ဆီတစ်လောဃကိုယူ၍ ထာဝရဘုရားရှေ့တော်၌ချီလွှဲရာ၊ ပူဇော်သကာဖို့ ချီလွှဲရမည်။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်သောသိုးသငယ်နှင့် ဆီတစ်လောဃကို ယူရမည်။ ယဇ်ပုရောဟိတ်သည် ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။ |
အဋ္ဌမနေ့၌သူသည် အပြစ်အနာကင်း သောတစ်နှစ်သားအရွယ် သိုးထီးကလေး နှစ်ကောင်၊ သိုးမကလေးတစ်ကောင်၊ သံလွင် ဆီနှင့်ရောသောမုန့်ညက်ငါးပေါင်နှင့်သံလွင် ဆီအဝက်သားကိုယူဆောင်ခဲ့ရမည်။-
ထို့နောက်ယဇ်ပုရောဟိတ်သည်သိုးအထီး တစ်ကောင်နှင့် သံလွင်ဆီအဝက်သားကို အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရ မည်။ ထိုပူဇော်သကာတို့ကို ယဇ်ပုရောဟိတ် အတွက်ထာဝရဘုရားအား အထူးလှူ ဖွယ်အဖြစ်ဆက်ကပ်ရမည်။-
အပြစ်ဖြေရာယဇ်နှင့်မီးရှို့ရာယဇ် အတွက်တစ်ကောင်စီပူဇော်ရန် ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင်ကိုလည်းယူခဲ့ရမည်။-
ထိုသူသည်သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ ပူဇော်ရန်မတတ်နိုင်လျှင် သူ၏အပြစ်အတွက် ချိုးနှစ်ကောင်သို့မဟုတ်ခိုနှစ်ကောင်ကို ထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ငှက်တစ် ကောင်ကိုအပြစ်ဖြေရာယဇ်အဖြစ်ဖြင့်လည်း ကောင်း၊ အခြားတစ်ကောင်ကိုမီးရှို့ရာယဇ် အဖြစ်ဖြင့်လည်းကောင်းပူဇော်ရမည်။-