ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လစ်ဗြားနှင့်ခါနာန်တို့သည်ကား သူတို့၏ နာမည်ကိုခံယူကြသူလူမျိုးတို့၏ဖခင် များဖြစ်ကြ၏။-
ယေဇကျေလ 38:5 - Common Language Bible ပါရှပြည်သား၊ ကုရှပြည်သားနှင့်ဖုတ ပြည်သားတို့သည်သူနှင့်အတူလိုက်ပါ လာကြ၏။ သူတို့အားလုံးပင်ဒိုင်းလွှား များကိုကိုင်ဆောင်ကာသံခမောက်များ ကိုဆောင်းထားကြ၏။- Garrad Bible ဒိုင်း လွှား နှင့် မောက် ရူ ဆောင်း သော အ ပေါင်း ပါ၊ ပေ ရ သိ၊ ကု ရှ၊ ဖု တ စစ် သား များ၊ Judson Bible အသီးအသီး ဒိုင်းလွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသော ပေရသိပြည်သား၊ ကုရှပြည်သား၊ ဖုတပြည်သား၊ မြန်မာ့စံမီသမ္မာကျမ်း သူတို့နှင့်အတူ ဒိုင်းလွှားကိုင်ဆောင်သူ၊ သံခမောက်ဆောင်းသူ ပါးရှားပြည်သား၊ အီသီယိုးပီးယားပြည်သား၊ ဖုတပြည်သားတို့လည်းပါမည်။ |
ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လစ်ဗြားနှင့်ခါနာန်တို့သည်ကား သူတို့၏ နာမည်ကိုခံယူကြသူလူမျိုးတို့၏ဖခင် များဖြစ်ကြ၏။-
ကုရှတွင်နိမ်ရောဒနာမည်ရှိသားတစ်ယောက် ရှိ၏။ ထိုသားသည်ကမ္ဘာပေါ်တွင် ပထမဦးဆုံး နယ်ပယ်များကိုတိုက်ခိုက်အောင်မြင်သောသူ ဖြစ်၏။-
ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လိဘိယနှင့်ခါနာန်တို့သည်မိမိတို့၏နာမည် အသီးသီးကို ဆောင်ကုန်သောအမျိုးသား တို့၏ဘိုးဘေးများဖြစ်ကြ၏။-
အသတ်မခံရဘဲကျန်ရှိနေသူတို့ကိုဗာဗု လုန်ပြည်သို့ခေါ်ယူသွားပြီးလျှင် ပေရသိ အင်ပါယာနိုင်ငံပေါ်ထွန်းချိန်တိုင်အောင် မိမိ နှင့်မိမိ၏သားမြေးများထံကျွန်ခံစေလေ သည်။-
ပေရသိဘုရင်ကုရုသည်ဧကရာဇ် မင်းအဖြစ်နန်းစံပထမနှစ်၌ထာဝရဘုရားသည် သူ၏စိတ်ကိုနှိုးဆော်တော်မူသဖြင့် အင်ပါယာနိုင်ငံတစ်လျှောက်လုံးတွင်ကြေညာရန်အမိန့်စာထုတ်ပြန်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာပရောဖက်ယေရမိအားဖြင့် ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်နှင့်အညီ ဖြစ်ပျက်လာစေရန်ပင်ဖြစ်ပေသည်။
``ပေရသိပြည်၊ လုဒပြည်၊ ဖုတပြည်တို့မှစစ် သူရဲများသည်သင်၏တပ်မတော်တွင်အမှု ထမ်းကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များနှင့်သံခမောက်များကိုသင်၏စစ်တန်း လျားများတွင်ဆွဲချိတ်ထားကြ၏။ သူတို့ သည်ကားသင်၏ဂုဏ်အသရေကိုတိုးစေ သူများဖြစ်ကြ၏။-
အီဂျစ်ပြည်တွင်စစ်ဖြစ်လိမ့်မည်။ ကုရှပြည်တွင်ကြီးစွာသောဘေးအန္တရာယ်နှင့် ကြုံတွေ့ကြလိမ့်မည်။ လူအမြောက်အမြားပင်အီဂျစ်ပြည်တွင် အသတ်ခံရကြလိမ့်မည်။ ထိုပြည်သည်လုယက်ဖျက်ဆီးခြင်းခံရ၍ ယိုယွင်းပျက်စီး၍ကျန်ရစ်လိမ့်မည်။
``စစ်ပွဲတွင်ကုရှပြည်၊ ဖုတပြည်၊ လုဒပြည်၊ အာရေဗျပြည်နှင့်ခုဘပြည်တို့မှအငှား စစ်သည်များနှင့် ငါ၏လူမျိုးတော်အထဲ မှပင်လျှင်အချို့သောသူတို့ကျဆုံးကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
``သင်မြင်ရသောဦးချိုနှစ်ချောင်းရှိသည့် သိုးသည် မေဒိနှင့်ပါရှနိုင်ငံများကိုဆို လို၏။-
သီဘီမြို့သည်ဆူဒန်နှင့်အီဂျစ်ကိုအုပ်စိုးသည်။ တိုင်းမသိသောတန်ခိုးအာဏာနှင့်ပြည့်စုံပေ သည်။ လိဗုပြည်သည်အီဂျစ်ပြည်၏မဟာ မိတ်ဖြစ်သော်လည်း၊-