ယေဇကျေလ 27:10 - Common Language Bible10 ``ပေရသိပြည်၊ လုဒပြည်၊ ဖုတပြည်တို့မှစစ် သူရဲများသည်သင်၏တပ်မတော်တွင်အမှု ထမ်းကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များနှင့်သံခမောက်များကိုသင်၏စစ်တန်း လျားများတွင်ဆွဲချိတ်ထားကြ၏။ သူတို့ သည်ကားသင်၏ဂုဏ်အသရေကိုတိုးစေ သူများဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible10 ပေ ရ သိ၊ လု ဒ၊ ဖု တ လူ မျိုး တို့ သည်၊ သင့် ဗိုလ် ထု အ လုံး အ ရင်း ပါ ဝင် လျက်၊ ဒိုင်း လွှား နှင့် မောက် ရူ များ ကို သင့် အ တွင်း တွင် ခြယ် လယ် ဆွဲ ထား ကြ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible10 ပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည် သင်၏တပ်သား၊ စစ်သူရဲ လုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံးတို့ကို ပြင်ဆင်၍၊ သင်၏ဂုဏ်အသရေကို ထင်ရှားစေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ပါးရှားလူမျိုး၊ လုဒလူမျိုး၊ ဖုတလူမျိုးတို့သည် သင်၏စစ်တပ်တွင် အမှုထမ်းသောစစ်သူရဲများဖြစ်ကြ၏။ ဒိုင်းလွှားများ၊ သံခမောက်လုံးများလည်း သင်၌ ချိတ်ဆွဲထားလျက် သင့်ကို ခန့်ညားထည်ဝါစေကြ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်သူတို့အားငါ၏ဂုဏ်သတင်းကို မကြားဘူး၊ ငါ၏ကြီးမြတ်သည့်တန်ခိုး တော်ကိုမမြင်ဘူးသည့်ရပ်ဝေးနိုင်ငံများ ဖြစ်သော တာရှုပြည်လိဗိယပြည်နှင့်ကျွမ်း ကျင်သူလေးသည်တော်များရှိရာလုဒ ပြည်သို့လည်းကောင်း၊ တုဗလပြည်နှင့် ဂရိတ်ပြည်သို့လည်းကောင်းငါစေလွှတ်မည်။ သူတို့သည်ထိုပြည်များမှလူတို့အား ငါ၏ဘုန်းတော်အကြောင်းကိုပြောကြား ရလိမ့်မည်။-
သို့ဖြစ်၍သူတို့သည်သင့်အားရည်စူး ကာငိုခြင်းသီဆိုသည်မှာ ထင်ပေါ်ကျော်ဇောသောမြို့သည်ပျက်စီး လေပြီတကား။ ပင်လယ်နား၌နေသောမြို့များသည်ပယ်ရှင်း ခြင်းကို ခံရပြီတကား။ ဤမြို့သားတို့သည်ပင်လယ်များကိုအစိုးရ ခဲ့၏။ ပင်လယ်ကမ်းခြေတွင်နေထိုင်သူတို့အားလည်း ကြောက်လန့်တုန်လှုပ်စေခဲ့ကြ၏။
အာဝဒ်မြို့မှစစ်သူရဲများကသင်၏မြို့ရိုး များကိုလည်းကောင်း၊ ဂမ္မဒိမ်မြို့သားတို့က သင်၏ပြအိုးတို့ကိုလည်းကောင်းစောင့်ကြပ် ပေးကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များကိုသင်တို့၏မြို့ရိုးတွင်ဆွဲချိတ်ထား ကြ၏။ သင့်အားလှပတင့်တယ်စေသူများ ကားထိုသူတို့ပင်ဖြစ်သတည်း။