ယေဇကျေလ 30:5 - Common Language Bible5 ``စစ်ပွဲတွင်ကုရှပြည်၊ ဖုတပြည်၊ လုဒပြည်၊ အာရေဗျပြည်နှင့်ခုဘပြည်တို့မှအငှား စစ်သည်များနှင့် ငါ၏လူမျိုးတော်အထဲ မှပင်လျှင်အချို့သောသူတို့ကျဆုံးကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 ကု ရှ၊ ဖု တ၊ လု ဒ၊ ခု ဘ လူ မျိုး တို့ မှ စ၍၊ မျိုး ရိုး မ ဟုတ် သူ တို့ လည်း၊ မ ဟာ မိတ် ဖွဲ့ ခဲ့ သော ပြည် သား တို့ ပါ၊ ဓား ဖြင့် ကျ ဆုံး ရ ကြ လ တ္တံ့ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ အခန်းကိုကြည့်ပါ။Judson Bible5 အဲသယောပိပြည် သား၊ ဖုတပြည်သား၊ လုဒပြည်သား၊ အမျိုးမစစ်သောလူရှိသမျှ၊ ခုဘအမျိုးသား၊ မိတ်သဟာယဖွဲ့သော ပြည်သားတို့သည်၊ အဲဂုတ္တုပြည်သားတို့နှင့်တကွ ဓားဖြင့်လဲ၍ သေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 အီသီယိုးပီးယားပြည်သား၊ ဖုတပြည်သား၊ လုဒပြည်သား၊ အာရေဗျပြည်သား၊ ခုဘပြည်သား စသည့် အီဂျစ်ပြည်နှင့်မဟာမိတ်ဖွဲ့သော ပြည်သားအားလုံး ဓားဘေးဖြင့် လဲကျသေဆုံးကြလိမ့်မည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အာရှုရိဘုရင်သည်ဤနိုင်ငံနှစ်ခုမှဖမ်းဆီး ရမိသည့်သုံ့ပန်းများကို အဝတ်အချည်းစည်း နှင့်ခေါ်ဆောင်သွားလိမ့်မည်။ သူတို့သည်လူကြီး လူငယ်မကျန်၊ ဖိနပ်မပါ၊ မိမိတို့အရှက်ကို ပင်မဖုံးနိုင်ဘဲအဝတ်အချည်းစည်းနှင့်လိုက် ပါသွားကာ အီဂျစ်ပြည်ကိုအသရေဖျက် ကြလိမ့်မည်။-