ထိုသို့ထာဝရဘုရားသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုး တသောင်းလေးထောင်၊ ကုလားအုပ်ခြောက်ထောင်၊ နွားယှဉ်တထောင်၊ မြည်းမတထောင်ကို ရတတ်၏။
ယေဇကျေလ 36:11 - Common Language Bible ငါသည်လူတိရစ္ဆာန်တို့ကိုတိုးပွားများ ပြားစေမည်။ ယခင်အခါများထက်သင် တို့ဦးရေကိုများစေမည်။ သင်တို့သားသမီး များစွာထွန်းကားလိမ့်မည်။ ယခင်ကကဲ့သို့ နေထိုင်ခွင့်ပေးမည်။ ယခင်အခါများထက် ပို၍ကြီးပွားချမ်းသာစေမည်။ ထိုအခါ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းသင်တို့သိရှိကြလိမ့်မည်။- Garrad Bible လူ သူ တိ ရ စ္ဆာန် တို့ ကို များ ပြား စွာ ပေါက် ပွား အောင်၊ ငါ တိုး ပွား စေ မည့် အ လျောက်၊ ယ မန် အ ဖြစ် စည် ကား ခြင်း၊ တည် ထောင် စ ကာ လ ထက် ပြု စု ခြင်း များ ကို ခံ ရ သော သင် တို့ သည်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့။ Judson Bible သင်တို့အပေါ်မှာ လူနှင့်တိရစ္ဆာန်တို့ကို ငါများပြားစေသဖြင့်၊ သူတို့သည်ပွားများ၍ သားမြေးအစဉ်အဆက် ရှိကြလိမ့်မည်။ နေရင်းအရပ်တို့၌ ငါနေရာချ၍၊ အရင်ပြုသကဲ့သို့ ငါကျေးဇူးပြုမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့ပေါ်တွင် လူနှင့်တိရစ္ဆာန်တို့ကိုလည်း တိုးပွားစေသဖြင့် အမြောက်အမြားတိုးပွားကြလိမ့်မည်။ သင်တို့ကို ယခင်ကကဲ့သို့ လူနေထိုင်ရာပြန်ဖြစ်စေမည်။ ယခင်ကထက် ပို၍ကောင်းစားစေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။ |
ထိုသို့ထာဝရဘုရားသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုး တသောင်းလေးထောင်၊ ကုလားအုပ်ခြောက်ထောင်၊ နွားယှဉ်တထောင်၊ မြည်းမတထောင်ကို ရတတ်၏။
လသည်နေတမျှထွန်းလင်းတောက်ပလျက် နေသည်လည်း ခုနစ်စင်းပြိုင်တူထွက်သကဲ့ သို့ ခါတိုင်းထက်ခုနစ်ဆထွန်းလင်းတောက်ပ လိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော် ရရှိခဲ့သည်ဒဏ်ရာဒဏ်ချက်များကိုအဝတ် နှင့်ပတ်စည်း၍ အနာများကိုကုသပျောက် ကင်းစေတော်မူသောအခါ၊ ဤအမှုအရာ အပေါင်းသည်ဖြစ်ပျက်၍လာလိမ့်မည်။
``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင် နေထိုင်သူတို့အားကရုဏာပြမည်။ ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်း ငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။
``ငါသည်ငါ၏လူမျိုးတော်အားကွဲလွင့်စေ ခဲ့သည့်တိုင်းပြည်များမှသိမ်း၍ သူတို့၏ ပြည်သို့ပြန်လည်ပို့ဆောင်မည်။ သူတို့သည် သားသမီးများစွာထွန်းကားလျက်လူ ဦးရေတိုးကြလိမ့်မည်။-
ငါသည်သူတို့အားစောင့်ထိန်းရန်အုပ်ချုပ် သူများခန့်ထားမည်။ ငါ၏လူတို့သည် ကြောက်လန့်တုန်လှုပ်လျက်နေကြရတော့ မည်မဟုတ်။ ငါသည်နောက်တစ်ဖန်သူတို့ အားဒဏ်ခတ်တော့မည်မဟုတ်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက၊ ``ငါသည်ယာကုပ်အမျိုး၏တဲကိုပြန်လည် ကြွယ်ဝစေမည်။ ပြန်လည်ပို့ဆောင်မည်။ သူတို့၏အိမ်ထောင်စုမှန်သမျှကိုကရုဏာ ထားမည်။ ယေရုရှလင်မြို့ကိုပြန်လည်ထူထောင်၍ နန်းတော်ကိုလည်းပြန်လည်တည်ဆောက် ရကြလိမ့်မည်။
``ဣသရေလပြည်နှင့်ယုဒပြည်ကိုလူများ၊ တိရစ္ဆာန်များနှင့်ငါပြည့်နှက်စေမည့်အချိန် ကာလကျရောက်လာလိမ့်မည်ဖြစ်ကြောင်း ငါ ထာဝရဘုရားမြွက်ဆို၏။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``လူနှင့် တိရစ္ဆာန်ကင်းမဲ့၍သဲကန္တာရနှင့်တူသော ဤ ပြည်တွင်သိုးကျောင်းသားတို့သိုးများကို ထိန်းကျောင်းရာစားကျက်များရှိလာလိမ့် ဦးမည်။-
သင်၏ညီအစ်မများဖြစ်သောသောဒုံနှင့် သူ၏သမီးများ၊ ရှမာရိနှင့်သူ၏သမီး များတို့သည် တစ်ဖန်ပြန်လည်စည်ကားလာ ကြလိမ့်မည်။ သင်နှင့်သင့်သမီးများသည် လည်းပြန်လည်ထူထောင်လာလိမ့်မည်။-
ငါသည်သင့်အားအစဉ်လူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေမည်။ သင်၏မြို့တို့တွင်နောက် တစ်ဖန်အဘယ်သူမျှနေထိုင်လိမ့်မည်မ ဟုတ်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်သိလိမ့်မည်။
ယခင်ကအသုံးမကျသောမြေရိုင်းဖြစ် နေခဲ့သောမြေယာတို့သည် ဧဒင်ဥယျာဉ် သဖွယ်ဖြစ်လာကြောင်း၊ ယခင်ကဖြိုဖျက် လုယက်တိုက်ခိုက်ခြင်းခံရ၍ယိုယွင်းပျက် စီးနေခဲ့သောမြို့တို့တွင်လည်း ယခုအခါ အခိုင်အမာခံတပ်များတည်ဆောက်ထား လျက်လူတို့နေထိုင်လျက်ရှိကြောင်းလူ တိုင်းပြောဆိုကြလိမ့်မည်။-
ငါ၏လူမျိုးအားမြှုပ်နှံထားရာသင်္ချိုင်း များကိုဖွင့်လှစ်၍သူတို့အားထုတ်သော အခါ ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းသူတို့သိရှိကြလိမ့်မည်။-
ထာဝစဉ်ငြိမ်းချမ်းရေးအတွက်သူတို့နှင့် ပဋိညာဉ်ပြုမည်။ သူတို့အားတည်ထောင်ပေး လျက်လူဦးရေတိုးပွားစေ၍ ငါ၏ဗိမာန် တော်ကိုသူတို့ပြည်တွင်အစဉ်အမြဲတည် စေမည်။-
သင်တို့တွင်အကြောများအသားများတက် စေ၍ အရေများဖြင့်ဖုံးလွှမ်းပေးမည်။ သင် တို့အထဲသို့ထွက်သက်ဝင်သက်လေကိုမှုတ် သွင်းကာသင်တို့ကိုအသက်ပြန်၍ရှင်စေ မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူသည်ကိုသင်တို့သိရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍သင်တို့သည်ဣသရေလနိုင်ငံ သားချင်းတို့အား``ဘုရားသခင်၏လူစု'' ဟူ၍လည်းကောင်း၊ ``ထာဝရဘုရားသနား ကြင်နာသူများ'' ဟူ၍လည်းကောင်းကင်ပွန်း တပ်ခေါ်ကြလော့။
ငါ၏ကတိသစ္စာနှင့်အညီသင့်ကိုငါသိမ်း ပိုက်မည်။ သင်သည်ငါ့ကိုထာဝရဘုရားအဖြစ် အသိအမှတ်ပြုလိမ့်မည်။
ထာဝရဘုရားက``ပြိုပျက်နေသောအိုးအိမ် ပမာဖြစ်နေသည့်ဒါဝိဒ်နိုင်ငံကို ငါသည်ပြန် လည်၍တည်ဆောက်သောအချိန်ရောက်လိမ့်မည်။ ကွဲအက်နေသောနံရံတံတိုင်းတို့ကိုငါပြန် ပြုပြင်မည်။ ရှေးအခါကတည်နေသကဲ့ သို့ငါပြန်လည်ထူထောင်မည်။-
ငါသည်ငါ၏လူမျိုးတော်ကိုငါပေးခဲ့သော နေရင်းပြည်၌ပင်နေထိုင်စေမည်။ အဘယ်သူမျှသူတို့ကိုနောက်တစ်ဖန် ဆွဲနုတ်ခြင်းမခံစေရ'' ဟု သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူပြီ။ ပရောဖက်အာမုတ်စီရင်ရေးသားသော အနာဂတ္တိကျမ်းပြီး၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရွေးကောက်သော လူမျိုးတော်အားသိုးထိန်းသဖွယ်စောင့်ရှောက် တော်မူပါ။ သူတို့အားရှေးအခါကမြက်ပေါ များရာ ဗာရှန်ပြည်နှင့်ဂိလဒ်ပြည်များတွင် ကျက်စားစေသကဲ့သို့ယခုလည်းပြည် တော်တွင်နေထိုင်စေတော်မူပါ။
``ငါသည်မိမိ၏လူမျိုးတော်ကိုခေါ်ယူ စုရုံးမည်။ လူတို့ကိုကယ်တင်၍ရှေးကနည်းတူ ဦးရေတိုးတက်များပြားစေမည်။
သင်တို့အားထိပါးလာသူသည်ငါတန်ဘိုး အထားဆုံးသောအရာကိုထိပါးသူဖြစ် ၏'' ဟုမိန့်တော်မူ၏။ ကိုယ်တော်၏လူမျိုးတော်တို့အားတိုက်ခိုက် ချေမှုန်းသူတို့အား ဤကဲ့သို့သတင်းစကား ပြောကြားရန် ငါ့အားအနန္တတန်ခိုးရှင်ထာ ဝရဘုရားသည်စေလွှတ်တော်မူသည်။
အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် ငါတို့အတွက်ပိုမိုကောင်းမြတ်သည့်အကြံ အစည်တော်ရှိတော်မူသောကြောင့်ဖြစ်၏။ ယင်းအကြံအစည်တော်မှာထိုသူတို့သည် ငါတို့ပါရှိမှသာလျှင်ပြည့်ဝစုံလင်သူ များဖြစ်လာကြစေရန်ပင်ဖြစ်ပေသည်။
ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။