ယေရမိ 23:4 - Common Language Bible4 ငါသည်သူတို့အားစောင့်ထိန်းရန်အုပ်ချုပ် သူများခန့်ထားမည်။ ငါ၏လူတို့သည် ကြောက်လန့်တုန်လှုပ်လျက်နေကြရတော့ မည်မဟုတ်။ ငါသည်နောက်တစ်ဖန်သူတို့ အားဒဏ်ခတ်တော့မည်မဟုတ်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို သူ တို့ အ ပေါ် တွင် ထိန်း ကျောင်း မည့် သူ တို့ ကို ငါ ခန့် ထား သ ဖြင့်၊ နောင် ကြောက် ရွံ့ ခြင်း၊ စိတ် ပျက် ခြင်း၊ ယုတ် လျော့ ခြင်း ကင်း ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible4 သူတို့ကို ကျွေးမွေးသောသိုးထိန်းတို့ကို သူတို့အပေါ်မှာ ငါခန့်ထားသဖြင့်၊ သူတို့သည် နောက်တစ်ဖန် ကြောက်ခြင်း၊ ထိတ်လန့်ခြင်း မရှိရကြ။ ဆုံးမခြင်းကိုလည်းမခံရကြဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 သူတို့ကို ထိန်းကျောင်းမည့်သိုးထိန်းများကို ငါခန့်ထားမည်။ သူတို့ ကြောက်ရွံ့ထိတ်လန့်ရတော့မည်မဟုတ်။ ပျောက်ဆုံးခြင်းလည်းရှိတော့မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဤသို့ငါပြုခဲ့သည်မှာသေချာသကဲ့သို့ ယာကုပ်၏သားမြေးများနှင့်လည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်နှင့်လည်းကောင်းထား ရှိခဲ့သည့်ပဋိညာဉ်ကိုစောင့်ထိန်းရန်သေ ချာ၏။ ငါသည်အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ် တို့၏သားမြေးများကိုအုပ်စိုးရန်အတွက် ဒါဝိဒ်၏အမျိုးအနွယ်တစ်ဦးကိုရွေး ကောက်မည်။ ငါ၏လူမျိုးတော်အားတစ်ဖန် ပြန်၍ကောင်းစားစေမည်။ ငါသည်သူတို့ ၏အပေါ်၌ကရုဏာထားမည်'' ဟု မိန့်တော်မူ၏။
``အို လူမျိုးတကာတို့၊ငါထာဝရဘုရား မိန့်တော်မူ သည်ကိုနားထောင်၍ ငါ၏ဗျာဒိတ်တော်တို့ကိုရပ်ဝေးဒေသ များသို့ ကြွေးကြော်ကြလော့။ ဣသရေလအမျိုးသားတို့အားကွဲလွင့်စေသူ ငါသည်သူတို့ကိုစုသိမ်းမည်။ သိုးထိန်းသည်မိမိ၏သိုးစုကိုစောင့်ထိန်း သကဲ့သို့ သူတို့ကိုငါစောင့်ထိန်းမည်။
``ငါ၏ကျွန်ယာကုပ်၊မကြောက်ကြနှင့်။ ဣသရေလပြည်သားတို့ထိတ်လန့်တုန်လှုပ်မှု မဖြစ်ကြနှင့်။ သုံ့ပန်းများအဖြစ်နှင့်သင်တို့နေရကြသော ပြည်၊ ထိုဝေးလံသောပြည်မှသင်တို့အား ငါကယ်ဆယ်မည်။ သင်တို့သည်ပြန်လာ၍ငြိမ်းချမ်းစွာနေထိုင် ရကြလိမ့်မည်။ သင်တို့သည်ဘေးမဲ့လုံခြုံမှုကိုရရှိကြ လိမ့်မည်။ အဘယ်သူမျှသူတို့အားချောက်လှန့် ရလိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-
ငါသည်လူတိရစ္ဆာန်တို့ကိုတိုးပွားများ ပြားစေမည်။ ယခင်အခါများထက်သင် တို့ဦးရေကိုများစေမည်။ သင်တို့သားသမီး များစွာထွန်းကားလိမ့်မည်။ ယခင်ကကဲ့သို့ နေထိုင်ခွင့်ပေးမည်။ ယခင်အခါများထက် ပို၍ကြီးပွားချမ်းသာစေမည်။ ထိုအခါ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းသင်တို့သိရှိကြလိမ့်မည်။-
အသက်မသေဘဲကျန်ရှိနေသည့်ဣသ ရေလပြည်သားတို့သည်အဘယ်သူကို မျှပြစ်မှားကြလိမ့်မည်မဟုတ်။ မုသား စကားပြောဆိုမှုကိုသော်လည်းကောင်း၊ လိမ်လည်လှည့်စားရန်ကြိုးစားမှုကိုသော် လည်းကောင်းပြုကြလိမ့်မည်မဟုတ်။ သူ တို့သည်ကောင်းစားကြလိမ့်မည်။ အဘယ် သူကိုမျှမကြောက်မလန့်ရဘဲ ဘေးမဲ့ လုံခြုံစွာနေရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။