Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 37:13 - Common Language Bible

13 ငါ​၏​လူ​မျိုး​အား​မြှုပ်​နှံ​ထား​ရာ​သင်္ချိုင်း များ​ကို​ဖွင့်​လှစ်​၍​သူ​တို့​အား​ထုတ်​သော အ​ခါ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 အို ငါ့ လူ မျိုး တော် ထို သို့ သင်္ချိုင်း များ ကို ဖွင့် လျက်၊ ထွက် လာ စေ သော ငါ သည်၊ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သင် တို့ သိ ရ ကြ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 အ​ချင်း​ငါ၏​လူ​တို့၊ သင်​တို့​သင်္ချိုင်း​တွင်း​များ​ကို ငါ​ဖွင့်၍​သင်​တို့​ကို ထုတ်​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 အို ငါ့​လူမျိုး​တော်​၊ သင်​တို့​၏​သင်္ချိုင်းဂူ​များ​ကို ငါ​ဖွင့်​၍ သင်​တို့​အား ထို​သင်္ချိုင်းဂူ​များ​မှ ထုတ်ယူ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 37:13
7 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ငါ​သည်​အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​အ​ဖြစ်​နှင့်​ထင်​ရှား​ခဲ့ သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​နာ​မ​ဖြင့် သူ​တို့​သည်​ငါ့​ကို​မ​သိ​ကြ။-


ငါ​သည်​သင်​နှင့်​ပဋိညာဉ်​ကို​အ​သစ်​တစ်​ဖန်​ပြန် ၍​ဖွဲ့​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​သိ​ရှိ​ရ​လိမ့်​မည်။-


သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဟော​ပြော​လော့။ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​သင်္ချိုင်း များ​ကို​ဖွင့်​လှစ်​တော်​မူ​မည်​ဟု​ပြော​ကြား လော့။ ငါ​သည်​သူ​တို့​ကို​ထုတ်​ပြီး​နောက် ဣ​သ​ရေ​လ​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် သွား​မည်။-


ငါ​သည်​ငါ​၏​ဝိ​ညာဉ်​တော်​ကို​သူ​တို့​အား ပေး​သွင်း​၍ သူ​တို့​အား​အ​သက်​ပြန်​၍​ရှင် လာ​စေ​ပြီး​လျှင် မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင် နေ​ထိုင်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်။ ငါ​သည်​ဤ​အ​မှု​ကို​ပြု မည်​ဟု​က​တိ​ထား​တော်​မူ​ပြီ။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


သင်​တို့​တွင်​အ​ကြော​များ​အ​သား​များ​တက် စေ​၍ အ​ရေ​များ​ဖြင့်​ဖုံး​လွှမ်း​ပေး​မည်။ သင် တို့​အ​ထဲ​သို့​ထွက်​သက်​ဝင်​သက်​လေ​ကို​မှုတ် သွင်း​ကာ​သင်​တို့​ကို​အ​သက်​ပြန်​၍​ရှင်​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​သည်​ကို​သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ငါ​သည်​ဤ​သူ​တို့​ကို​မရ​ဏာ​နိုင်​ငံ​မှ​လည်း ကောင်း၊ သေ​မင်း​၏​အာ​ဏာ​အ​တွင်း​မှ​သော် လည်း​ကောင်း​ကယ်​တင်​မည်​မ​ဟုတ်။ အို သေ​မင်း သင်​၏​ကပ်​ရော​ဂါ​ဘေး​ကျ​ရောက်​စေ​လော့။ အို မ​ရ​ဏာ​နိုင်​ငံ​သင်​၏​ပျက်​စီး​ခြင်း​ဘေး ကျ​ရောက်​စေ​လော့။ ငါ​သည်​ဤ​သူ​တို့​ကို မ​သ​နား​မ​ကြင်​နာ​တော့​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ