ယေဇကျေလ 16:55 - Common Language Bible55 သင်၏ညီအစ်မများဖြစ်သောသောဒုံနှင့် သူ၏သမီးများ၊ ရှမာရိနှင့်သူ၏သမီး များတို့သည် တစ်ဖန်ပြန်လည်စည်ကားလာ ကြလိမ့်မည်။ သင်နှင့်သင့်သမီးများသည် လည်းပြန်လည်ထူထောင်လာလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible55 သင် မှ စ၍ ညီ အစ် မ ဖြစ် သူ သော ဒုံ နှင့် ရှ မာ ရိ တို့ သည်၊ သ မီး များ ပါ ယ မန် အ ဖြစ် သို့ ရောက် ပြန် ကြ ရ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible55 သင်၏ညီအစ်မသောဒုံနှင့် သူ၏သမီးများ၊ ရှမာရိနှင့် သူ၏သမီးများတို့သည် အရင်နေရာသို့ ပြန်ရောက်သောအခါ၊ သင်သည်လည်း သင်၏သမီးတို့နှင့်တကွ အရင်နေရာသို့ ပြန်ရောက်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း55 သင်၏ညီမသောဒုံနှင့် သူ၏သမီးပျိုများ၊ သင်၏အစ်မရှမာရိနှင့် သူ၏သမီးပျိုများ မူလအခြေအနေသို့ပြန်ရောက်သောအခါ သင်နှင့်သင်၏သမီးပျိုများလည်း မူလအခြေအနေသို့ပြန်ရောက်မည်။ အခန်းကိုကြည့်ပါ။ |
မိမိ၏ဆိုးညစ်မှုများကိုလူမသိမီမာန် မာနထောင်လွှားနေစဉ်အခါက သင်သည် သင်၏ညီမသောဒုံမြို့၏နာမည်ကိုဖော်ပြ ခြင်းမပြုခဲ့ ယခုအခါ၌သင်ကိုယ်တိုင် သည်ဧဒုံသမီးပျိုနှင့်အိမ်နီးချင်းများ၊ ဖိလိတ္တိသမီးပျိုနှင့်အိမ်နီးချင်းများနှင့် သင့်ကိုမုန်းသောသူတို့ပြက်ရယ်ပြုစရာ ဖြစ်လေပြီ။-
ငါသည်လူတိရစ္ဆာန်တို့ကိုတိုးပွားများ ပြားစေမည်။ ယခင်အခါများထက်သင် တို့ဦးရေကိုများစေမည်။ သင်တို့သားသမီး များစွာထွန်းကားလိမ့်မည်။ ယခင်ကကဲ့သို့ နေထိုင်ခွင့်ပေးမည်။ ယခင်အခါများထက် ပို၍ကြီးပွားချမ်းသာစေမည်။ ထိုအခါ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းသင်တို့သိရှိကြလိမ့်မည်။-