ယေဇကျေလ 12:13 - Common Language Bible ငါသည်ပိုက်ကွန်ကိုဖြန့်၍သူ့အားအုပ်မိကာ ငါ၏ထောင်ချောက်တွင်မိစေလျက်ခါလဒဲ ပြည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်သွားမည်။ သူသည်ထိုမြို့ကိုမမြင်ရဘဲထိုမြို့၌ ပင်သေရလိမ့်မည်။- Garrad Bible ငါ လည်း ပိုက် ကွန် တော် ကို ဖြန့် ချ သည့် အ လျောက်၊ အုပ် မိ သော ထို မင်း ကို ခါ လ ဒဲ ပြည် ဗာ ဗု လုန် မြို့ သို့ ယူ သွား မည်။ ၎င်း ပြည် ကို မြင် ခွင့် မ ရ ဘဲ သေ ရ လ တ္တံ့။ Judson Bible ထိုမင်းကိုလည်း ငါ၏ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်း၌ ကျော့မိစေမည်။ ခါလဒဲပြည် ဗာဗုလုန်မြို့သို့ ဆောင်သွားမည်။ ထိုမြို့၌ သေရသော်လည်း မြို့ကိုမမြင်ရ။ မြန်မာ့စံမီသမ္မာကျမ်း ထိုမင်းကို ပိုက်ကွန်နှင့်အုပ်သဖြင့် သူသည် ပိုက်ကွန်၌မိလိမ့်မည်။ သူ့ကို ခါလဒဲပြည်၊ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားမည်ဖြစ်သော်လည်း ထိုမြို့ကို သူမြင်ခွင့်ရမည်မဟုတ်။ ထိုမြို့တွင်ပင် သူသေရလိမ့်မည်။ |
ကိုယ်တော်သည်သူယုတ်မာတို့အပေါ်သို့ မီးကျီးခဲများကိုလည်းကောင်း၊ပူလောင်လှသည့် မီးလျှံကိုလည်းကောင်းကျစေတော်မူ၏။ သူတို့အားပူလောင်လှသောလေပူဖြင့် အပြစ်ဒဏ်ခတ်တော်မူ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ထောင်ချောက်တွင်ကျစေတော်မူ၍ လေးလံသောဝန်ကိုထမ်းစေတော်မူပါ၏။
``ယုဒဘုရင်ဇေဒကိ၊ သူ၏အခြွေအရံ မှူးမတ်များနှင့် ဤပြည်တွင်ကျန်ရစ်ခဲ့သူ သို့မဟုတ်အီဂျစ်ပြည်သို့ပြောင်းရွှေ့သွား သူ၊ ယေရုရှလင်မြို့သားတို့ကိုမူကား ငါ ထာဝရဘုရားသည်စား၍မရနိုင်လောက် အောင်ပုပ်နေသည့်သင်္ဘောသဖန်းသီးများ ကဲ့သို့ရှုမှတ်မည်။-
ဇေဒကိသည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်ခြင်း ကိုခံရ၍ သူ့အားငါမစီရင်မချင်းထိုမြို့ တွင်နေရလိမ့်မည်။ သူသည်ဗာဗုလုန်အမျိုး သားတို့အားပြန်လှန်၍ပင်တိုက်ခိုက်စေကာ မူအောင်မြင်လိမ့်မည်မဟုတ်။ ဤကားငါ ထာဝရဘုရားမြွက်ဟသည့်စကားဖြစ်၏ ဟုမိန့်တော်မူကြောင်းအဘယ့်ကြောင့်ဟော ပြောကြေညာရသနည်း'' ဟုပြစ်တင် စွပ်စွဲ၏။
သင်သည်သူ၏ဘေးမှလွတ်မြောက်ရလိမ့် မည်မဟုတ်။ အဖမ်းခံရကာသူ၏လက်တွင်း သို့သက်ဆင်းရလိမ့်မည်။ သင်သည်သူနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံပြောဆိုပြီးလျှင် ဗာဗုလုန်မြို့သို့လိုက်ပါသွားရလိမ့်မည်။-
ဇေဒကိမင်းသည် ငါ့အားနန်းတော်သို့ခေါ်ယူ ပြီးလျှင် ``ထာဝရဘုရား၏ထံတော်မှဗျာ ဒိတ်တော်တစ်စုံတစ်ရာရရှိပါသလော'' ဟုတိတ်တဆိတ်မေးမြန်းတော်မူ၏။ ငါက``ရှိပါသည်။ အရှင်သည်ဗာဗုလုန်ဘုရင် ၏လက်တွင်းသို့ရောက်ရှိရပါလိမ့်မည်'' ဟု ပြန်လည်လျှောက်ထား၏။-
ဇေဒကိ၏မျက်စိများကိုထိုးဖောက်စေ၏။ ထိုနောက်သူ့အားဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားရန်သံကြိုးများဖြင့်ချည်နှောင်ထား စေလေသည်။-
အို ဗာဗုလုန်မြို့၊ သင်သည်ငါ့ကိုတိုက်ခိုက် ခဲ့၏။ ငါထောင်ထားသည့်ထောင်ချောက်တွင် အမှတ်မထင်ဖမ်းမိလေပြီ။-
``ကိုယ်တော်သည်အထက်မှမီးကို စေလွှတ်တော်မူသဖြင့်ထိုမီးသည်ငါ၏ကိုယ်ခန္ဓာ အတွင်း၌တောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်သည်ငါ့အားထောင်ချောက်ထောင်၍ ဖမ်းပြီးလျှင်မြေပေါ်သို့လှဲချတော်မူပါ၏။ ထိုနောက်စွန့်ပစ်တော်မူကာတစ်နေ့လုံး ဝေဒနာခံ၍နေစေတော်မူပါ၏။''
ပျက်စီးယိုးယွင်းမှုနှင့်ကြုံတွေ့ခဲ့ရကြပါပြီ။ ကျွန်တော်မျိုးတို့သည်အဆီးအတားနှင့် ကြောက်ရွံ့မှုတို့ဖြင့်အသက်ရှင်ရပါ၏။
ဗာဗုလုန်ပြည်ခေဗာမြစ်အနီးတွင် ဗုဇိ၏သားယဇ်ပုရောဟိတ်ဖြစ်သူယေဇကျေလသည် ဘုရားသခင်မိန့်တော်မူသံကိုကြားရ၍တန်ခိုးတော်သည်သူ့အပေါ်သို့သက်ရောက်၏။
ထိုအထုပ်အပိုးကိုပခုံးပေါ်သို့တင်သည် ကိုလည်းကောင်း၊ မိမိသွားမည့်လမ်းကိုမမြင် နိုင်စေရန်မျက်နှာကိုဖုံး၍မှောင်ထဲတွင် သင် ထွက်ခွာသည်ကိုလည်းကောင်းထိုသူတို့မြင် ကြပါစေ။ သင်ပြုသောအမှုသည်ဣသရေ လအမျိုးသားတို့အတွက် သတိပေးသည့် နိမိတ်လက္ခဏာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။
အရှင်ထာဝရဘုရားက``ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည် နှင့်အညီ ဤမင်းသည်မိမိကျိန်ဆိုထား သည့်ကျမ်းသစ္စာကိုမလေးစားဘဲ၊ မိမိ အားနန်းတင်ခဲ့သည့်ဗာဗုလုန်မင်းနှင့် ချုပ်ဆိုထားသည့်ငြိမ်းချမ်းရေးစာချုပ် ကိုလည်းကောင်း ချိုးဖောက်သည့်အတွက် ဗာဗုလုန်မြို့တွင်သေရလိမ့်မည်။-
ပိုက်ကွန်နှင့်သူ့ကိုငါအုပ်မည်။ ကျော့ကွင်းကို ထောင်၍သူ့အားငါဖမ်းမည်။ ဗာဗုလုန်မြို့သို့ ခေါ်ဆောင်သွားပြီးလျှင်ထိုမြို့တွင်သူ့အား ဒဏ်ခတ်မည်။ အဘယ်ကြောင့်ဆိုသော်သူ သည်ငါ့ကိုသစ္စာဖောက်သောကြောင့်ဖြစ်၏။-
အရှင်ထာဝရဘုရားကလူမျိုးတကာ တို့တွေ့ဆုံစုဝေးကြသောအခါ ငါသည် သင့်အားပိုက်ကွန်ဖြင့်အုပ်၍ဖမ်းကာသူ တို့အားကမ်းသို့ဆွဲတင်စေမည်။-
သို့ရာတွင်အကူအညီတောင်းရန်သွားနေ စဉ်ငှက်များကိုပိုက်အုပ်၍ဖမ်းသကဲ့သို့ ငါသည်သူတို့ကိုဖမ်းမည်။ သူတို့၏အပြစ် ဒုစရိုက်အတွက်ငါသည်သူတို့အားဒဏ် ခတ်မည်။