ယေဇကျေလ 17:16 - Common Language Bible16 အရှင်ထာဝရဘုရားက``ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည် နှင့်အညီ ဤမင်းသည်မိမိကျိန်ဆိုထား သည့်ကျမ်းသစ္စာကိုမလေးစားဘဲ၊ မိမိ အားနန်းတင်ခဲ့သည့်ဗာဗုလုန်မင်းနှင့် ချုပ်ဆိုထားသည့်ငြိမ်းချမ်းရေးစာချုပ် ကိုလည်းကောင်း ချိုးဖောက်သည့်အတွက် ဗာဗုလုန်မြို့တွင်သေရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible16 အ သက် တော် ကို တိုင် တည်၍၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ မင်း မြှောက် ခဲ့ သော၊ အ ကြင် ဘု ရင်၏ သ စ္စာ တော် ကို ဖောက် ကျော်၍၊ ပ ဋိ ညာဉ် ကို ဖျက် သည့် အ လျောက်၊ ထို ဘု ရင် စံ ရာ ဗာ ဗု လုန် မြို့ ထဲ တွင်၊ မု ချ သေ ရ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible16 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အကယ်စင်စစ် ရှင်ဘုရင်အရာ၌ ခန့်ထားသော ရှင်ဘုရင်၏သစ္စာကို မရိုမသေပြု၍ ပဋိညာဉ်ကိုဖျက်သောကြောင့်၊ ထိုရှင်ဘုရင်နေရာ ဗာဗုလုန်မြို့အလယ်၌ သေရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ သူ့အား နန်းတင်ပေးခဲ့သည့် ဘုရင်နှင့် သူဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ခြင်းဖြင့် ထိုဘုရင်နှင့်ကျိန်ဆိုခဲ့သည်ကို သူမထီမဲ့မြင်ပြုသောကြောင့် ထိုဘုရင်၏တိုင်းပြည်ဘေဘီလုံမြို့တွင်ပင် သေဆုံးရမည်။ အခန်းကိုကြည့်ပါ။ |
ထိုနောက်သူသည်ထိုဘုရင်၏ဆွေတော်မျိုး တော်တစ်ဦးကိုခေါ်ယူ၍ ငြိမ်းချမ်းရေးစာ ချုပ်ကိုချုပ်ဆိုပြီးလျှင်သူ့အားကျမ်းသစ္စာ ကျိန်ဆိုစေ၏။ ဣသရေလနိုင်ငံနှိမ့်ချခံရ လျက် ဣသရေလအမျိုးသားတို့နောက်တစ် ဖန်မပုန်ကန်နိုင်ကြစေရန်နှင့်၊ ငြိမ်းချမ်းရေး စာချုပ်ကိုလိုက်နာစောင့်ထိန်းခြင်းအားဖြင့် သာရှင်သန်နိုင်ကြစေရန် အရေးပါအရာ ရောက်သူများကိုဋ္ဌားစာခံအဖြစ်ဖြင့် ခေါ်ဆောင်သွား၏။-
(ဂိဗောင်မြို့မှလူတို့သည်ကားဣသရေလ အမျိုးသားများမဟုတ်။ သူတို့သည်အာ မောရိအမျိုးသားလူနည်းစုဖြစ်၍ သူတို့ အားဣသရေလအမျိုးသားတို့ကကာ ကွယ်စောင့်ရှောက်မည်ဟုကတိထားခဲ့၏။ သို့ ရာတွင်ရှောလုသည်ဣသရေလနှင့်ယုဒ ပြည်သူတို့အတွက် စိတ်ထက်သန်မှုကြောင့် ဂိဗောင်မြို့မှလူတို့အားသုတ်သင်ရန် ကြိုးစားခဲ့သတည်း။-)
အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
ယေရုရှလင်မြို့သူမြို့သားတို့သည်ဗာဗု လုန်မင်းနှင့် မိမိတို့ချုပ်ဆိုထားသည့်စစ်ပြေ ငြိမ်းခြင်းစာချုပ်များရှိသဖြင့် ဤသို့ကြို တင်ဟောကိန်းထွက်သည်ကိုယုံကြလိမ့်မည် မဟုတ်။ သို့ရာတွင်သူတို့အားမိမိတို့၏ အပြစ်များကိုပြန်လည်သတိရစေ၍ သူတို့အဖမ်းခံရကြလိမ့်မည်။-