ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။
အ ဆွေ ခင် ပွန်း တို့ အ တွက် လည်း တောင်း ပန် ပြီး မှ၊ ယော ဘ၌ သု ခ ချမ်း သာ ကို ရ ပြန် စေ၍၊ ယ ခင် ပိုင် ရှိ သ မျှ ထက် နှစ် ဆ ပေး တော် မူ၏။
ယောဘသည် အဆွေခင်ပွန်းတို့အဖို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။
မိတ်ဆွေများအတွက် ယောဘဆုတောင်းပေးပြီးနောက်တွင် ထာဝရဘုရားသည် ယောဘဆုံးရှုံးခဲ့ရသောဥစ္စာတို့ကို ပြန်ပေးတော်မူ၏။ ထာဝရဘုရားသည် ယောဘအား သူပိုင်ဆိုင်ခဲ့သမျှ၏နှစ်ဆကို ပြန်ပေးတော်မူ၏။
အာဗြဟံ၏မယားစာရာကိုသိမ်းပိုက်သည့် ကိစ္စကြောင့် အဘိမလက်၏နန်းတော်တွင်ရှိ သမျှသောမိန်းမတို့သည် သားသမီးမရစေ ခြင်းငှာထာဝရဘုရားစီရင်တော်မူ၏။ ထိုကြောင့် အာဗြဟံသည်အဘိမလက်အတွက် ထာဝရ ဘုရားထံဆုတောင်းသဖြင့်သူသည်ကျန်းမာ လာ၏။ သူ၏မယားနှင့်သူ၏ကျွန်မတို့သည် လည်း သားသမီးရနိုင်ရန်ကျန်းမာလာကြ လေသည်။
ထိုအခါအာမဇိကပရောဖက်အား``ထို သူတို့အားပေးထားသည့်ငွေအချည်းနှီး ဖြစ်ရမည်လော'' ဟုမေးတော်မူ၏။ ပရောဖက်က``ဘုရားသခင်သည်ထိုငွေ ထက်များစွာပေးတော်မူနိုင်၏'' ဟုဆို လေ၏။-
သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။
သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။
ထိုသို့ထာဝရဘုရားမှာ ထားတော်မူသည် အတိုင်း တေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် သွား၍ ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာ ကို ထောက်တော်မူ၏။
ငါတို့အားဇိအုန်မြို့သို့ ထာဝရဘုရားပြန်လည်ခေါ်ဆောင်သည်မှာ အိပ်မက်ကဲ့သို့ဖြစ်ပါ၏။
ဣသရေလအမျိုးသားတို့ကိုကယ်တင်ခြင်း ကျေးဇူးတော်သည် ဇိအုန်တောင်တော်မှထွက်ပေါ်လာပါစေသော။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား တစ်ဖန်ပြန်၍ကောင်းစားလာစေတော်မူသော အခါ၊ သူတို့သည်လွန်စွာဝမ်းမြောက်ကြလိမ့်မည်။
ဣသရေလအမျိုးသားတို့ကိုကယ်တင်ခြင်း ကျေးဇူးတော်သည်ဇိအုန်တောင်တော်မှ ထွက်ပေါ်လာစေရန်ငါသည်စိတ်အားထက်သန်စွာ ဆုတောင်းပတ္ထနာပြုပါ၏။ ဘုရားသခင်သည်ဣသရေလအမျိုးသားတို့ အား တစ်ဖန်ပြန်လည်၍ကောင်းစားစေတော်မူသော အခါ သူတို့သည်လွန်စွာဝမ်းမြောက်ကြလိမ့်မည်။
စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။
ယေရုရှလင်မြို့သူမြို့သားတို့ကို အားပေးကြလော့။ သူတို့သည်ကြာမြင့်စွာဆင်းရဲဒုက္ခ ရောက်ခဲ့ကြသဖြင့်၊ သူတို့၏အပြစ်များကိုယခု ငါဖြေလွှတ်တော်မူပြီဖြစ်ကြောင်း၊ သူတို့အားကြားပြောကြလော့။ ငါသည်သူတို့အားမိမိတို့အပြစ်များ အတွက် အပြစ်ဒဏ်အပြည့်အဝခတ်ခဲ့လေပြီ'' ဟု မိန့်တော်မူ၏။
သင်တို့၏အရှက်ကွဲအကျိုးနည်းမှုများသည် ဆုံးခန်းတိုင်ရောက်လေပြီ။ သင်တို့သည်မိမိတို့ကိုယ်ပိုင်ပြည်တွင်နေထိုင်ရလျက်၊ သင်တို့၏ပစ္စည်းဥစ္စာများသည်လည်းနှစ်ဆ တိုး၍လာလိမ့်မည်။ သင်တို့သည်ထာဝစဉ်ဝမ်းမြောက်ပျော်ရွှင် ရကြလိမ့်မည်။
ကမ္ဘာပေါ်တွင်ရှိသမျှသောရွှေငွေတို့ကို ငါပိုင်၏ဟု အနန္တတန်ခိုးရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
သို့ဖြစ်၍မောရှေသည်ထာဝရဘုရားအား``အို ဘုရားသခင်၊ မိရိအံ၏အနာရောဂါကို ပျောက်ကင်းစေတော်မူပါ'' ဟုအော်ဟစ်တောင်း လျှောက်လေ၏။
သူတို့က``ထာဝရဘုရားသည်မောရှေအား ဖြင့်သာလျှင်မိန့်ကြားတော်မူသလော။ ငါ တို့အားဖြင့်လည်းမိန့်ကြားတော်မမူသလော'' ဟုဆိုကြ၏။ ထိုစကားကိုထာဝရဘုရား ကြားတော်မူသည်။-
လူအပေါင်းတို့သည်ထိုစကားကိုကြား လျှင် သူတို့နှစ်ဦးကိုကျောက်ခဲဖြင့်ပစ်သတ် ရန်ကြိုးစားအားထုတ်ကြလေသည်။ သို့ရာ တွင်ထိုခဏချင်း၌ထာဝရဘုရား၏ ဘုန်းရောင်ခြည်တော်သည် တဲတော်ပေါ်တွင် ထွန်းတောက်နေသည်ကိုသူတို့မြင်ကြ၏။
သူဌေးက `အဖ၊ ထိုသို့ဖြစ်ပါမူလာဇရုအား အကျွန်ုပ်၏အဖအိမ်သို့စေလွှတ်ပေးပါရန် တောင်းပန်ပါ၏။-
ငါကိုယ်တိုင်ပင်ဤအရာခပ်သိမ်းကို ဖန်ဆင်းသည်မဟုတ်လော' ဟုဟောကြားသည့်အတိုင်းပင်ဖြစ်သည်။''
သူသည်ဒူးထောက်၍``သခင်ဘုရား၊ ဤသူတို့ ပြုသောအပြစ်ကိုလွှတ်တော်မူပါ'' ဟုအသံ ကျယ်စွာကြွေးကြော်ပြီးနောက်အသက်ချုပ် လေ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားသနားကရုဏာရှိတော် မူလိမ့်မည်။ ထို့အပြင်အပြည်ပြည်သို့ ရောက်ရှိနေထိုင်ရာမှ သင်တို့ကိုပြန်လည် ခေါ်ဆောင်တော်မူလိမ့်မည်။ သင်တို့၏ စီးပွားရေးကိုလည်း တစ်ဖန်တိုးတက် စေတော်မူလိမ့်မည်။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားပေး တော်မူသောအစွမ်းသတ္တိကြောင့်သာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလာရကြောင်းသိမှတ်လော့။ ယင်းသို့အစွမ်းသတ္တိပေးတော်မူခြင်းအကြောင်း မှာ ကိုယ်တော်သည်သင်တို့၏ဘိုးဘေးတို့နှင့် ပြုတော်မူသောပဋိညာဉ်ကို ယနေ့တိုင်အောင် တည်စေလျက်ရှိသောကြောင့်တည်း။-
ထာဝရဘုရားသည်အာရုန်ကိုလည်းအမျက် တော်ထွက်သဖြင့် အဆုံးစီရင်ရန်အကြံတော် ရှိ၏။ ထို့ကြောင့်ငါသည် အာရုန်အတွက်ကို လည်းတောင်းပန်လျှောက်ထား၏။-
သူတို့သည်ခံနိုင်ရည်ရှိသူများဖြစ်သဖြင့် သူတို့အားမင်္ဂလာရှိသူများဟူ၍ငါတို့ ခေါ်ကြ၏။ ယောဘမည်သို့ခံနိုင်ရည်ရှိသည် ကိုသင်တို့ကြားသိခဲ့ကြလေပြီ။ နောက်ဆုံး၌ သူ့အားထာဝရဘုရားအဘယ်သို့ကြည့်ရှု တော်မူကြောင်းကိုလည်းသင်တို့သိကြ၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည် သနားကြင်နာတော်မူ၍ကရုဏာ တော်နှင့်ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသောကြောင့်တည်း။
ကိုယ်တော်သည်လူအချို့တို့ကိုဆင်းရဲစေ၍ အချို့တို့ကိုချမ်းသာစေတော်မူ၏။ အချို့တို့ကိုနှိမ့်ချ၍အချို့တို့ကိုချီး မြှင့်တော်မူ၏။
ကိုယ်တော်သည်ဆင်းရဲသူတို့ကို မြေမှုန့်မှလည်းကောင်း၊ ချို့တဲ့နွမ်းပါးသူတို့ကိုအမှိုက်ပုံမှလည်း ကောင်း ချီပင့်တော်မူ၏။ သူတို့အားမင်းညီမင်းသားများနှင့်ပေါင်းဖော် ခွင့်ကို ပေးတော်မူ၍ ဂုဏ်အသရေရှိသည့်နေရာများတွင် ထိုင်စေတော်မူ၏။ ထာဝရဘုရားသည်မြေကြီး၏အခြေခံ အုတ်မြစ်များကိုပိုင်တော်မူ၏။ ထိုအုတ်မြစ်တို့အပေါ်တွင်ကမ္ဘာကို တည်ဆောက်တော်မူပြီ။