ကမ္ဘာဦး 20:17 - Common Language Bible17-18 အာဗြဟံ၏မယားစာရာကိုသိမ်းပိုက်သည့် ကိစ္စကြောင့် အဘိမလက်၏နန်းတော်တွင်ရှိ သမျှသောမိန်းမတို့သည် သားသမီးမရစေ ခြင်းငှာထာဝရဘုရားစီရင်တော်မူ၏။ ထိုကြောင့် အာဗြဟံသည်အဘိမလက်အတွက် ထာဝရ ဘုရားထံဆုတောင်းသဖြင့်သူသည်ကျန်းမာ လာ၏။ သူ၏မယားနှင့်သူ၏ကျွန်မတို့သည် လည်း သားသမီးရနိုင်ရန်ကျန်းမာလာကြ လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible17 အာ ဗြ ဟံ လည်း ဘု ရား သ ခင့် ထံ ပ ဌ နာ ပြု သည့် အ တိုင်း ဘု ရား သ ခင် သည် အ ဘိ မ လက် မင်း မှ စ၍ မိ ဖု ရား၊ မောင်း မ မိဿံ တို့ ကို ကျန်း မာ စေ တော် မူ သ ဖြင့် သူ တို့ သည် သား များ ရ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible17 အာဗြဟံသည်လည်း၊ ဘုရားသခင်ကိုဆုတောင်း၍၊ ဘုရားသခင်သည် အဘိမလက်နှင့် သူ၏မယား၊ သူ၏ကျွန်မတို့ကိုအနာပျောက်စေတော်မူသဖြင့်၊ သူတို့သည် သားကိုဖွားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ထိုအခါ အာဗြဟံသည် ဘုရားသခင်ထံသို့ဆုတောင်းလေ၏။ ဘုရားသခင်သည်လည်း အဘိမလက်မင်းကြီးမှစ၍ သူ၏မိဖုရား၊ သူ၏ကျွန်မတို့ကို ကျန်းမာစေတော်မူသဖြင့် သူတို့သည် သားသမီးကိုမွေးဖွားကြ၏။ အခန်းကိုကြည့်ပါ။ |
ယခုပင်ထိုမိန်းမကိုသူ၏ယောကျာ်းထံသို့ ပြန်အပ်လော့။ ထိုသူသည်ပရောဖက်ဖြစ်၍သင့် အသက်ချမ်းသာရာရစေရန် သူသည်သင့်အ တွက်ဆုတောင်းပေးလိမ့်မည်။ ထိုမိန်းမကိုပြန် ၍မအပ်လျှင်မူကား သင်နှင့်တကွသင်၏လူ မျိုးအားလုံးတို့သည်မုချသေရကြမည်'' ဟုဘုရင်အားမိန့်တော်မူ၏။
သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။
ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။-