ကမ္ဘာဦး 21:1 - Common Language Bible1 ထာဝရဘုရားသည်ကတိတော်ရှိသည်အတိုင်း စာရာကိုကောင်းချီးပေးတော်မူသဖြင့်၊- အခန်းကိုကြည့်ပါ။Garrad Bible1 ထာ ဝ ရ ဘု ရား မိန့် ဆို တော် မူ ခဲ့ သည့် အ တိုင်း စာ ရာ ကို ကြည့် ရှု ပြု စု တော် မူ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible1 ထာဝရဘုရားသည်၊ အမိန့်တော်ရှိသည်အတိုင်း၊ စာရာကို အကြည့်အရှုကြွတော်မူ၍၊ ကတိတော်ရှိသည်နှင့်လျော်စွာ သူ၌ပြုတော်မူသဖြင့်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ထာဝရဘုရားသည် မိမိမိန့်တော်မူခဲ့သည့်အတိုင်း စာရာကိုအကြည့်အရှုကြွလာတော်မူ၏။ ထာဝရဘုရားသည် ကတိပေးတော်မူခဲ့သည့်အတိုင်း စာရာ၌ပြုတော်မူသဖြင့် အခန်းကိုကြည့်ပါ။ |
ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်သေရတော့အံ့။ ကျွန်ုပ်မရှိသော်လည်း ဘုရားသခင်သည်သင်တို့အားအမှန်မုချ ကြည့်ရှုစောင့်ရှောက်တော်မူလိမ့်မည်။ သင်တို့ ကိုဤပြည်မှထုတ်ဆောင်၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟုကျိန်ဆိုကတိ ထားတော်မူသောပြည်သို့ခေါ်ဆောင်သွား တော်မူလိမ့်မည်'' ဟုဆို၏။-
သင်သွား၍ဣသရေလအမျိုးသားခေါင်း ဆောင်တို့ကိုစုရုံးလျက် သူတို့အားသင်တို့ ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားကိုဖူးမြင် ရ၍၊ ထိုဘုရားကသင်တို့အားငါသည်သင် တို့ထံသို့ကြွလာလျက်အီဂျစ်အမျိုးသား တို့ကသင်တို့အားပြုသောအမှုကိုမြင် ရပြီ။-
သူတို့သည်သင့်ကိုလည်းကောင်း၊ သင်၏မြို့ရိုး အတွင်းရှိလူအပေါင်းတို့ကိုလည်းကောင်း ဖျက် ဆီးသုတ်သင်ကြလိမ့်မည်။ ကျောက်တစ်ချပ် ပေါ်တစ်ချပ်မျှတင်၍နေလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်သင်သည်မိမိအား ကယ်တင်ရန် ဘုရားသခင်ကြွလာသည့် အချိန်ကာလကိုမသိမမြင်သောကြောင့် ဖြစ်၏'' ဟုမိန့်တော်မူ၏။