တောလည် 12:13 - Common Language Bible13 သို့ဖြစ်၍မောရှေသည်ထာဝရဘုရားအား``အို ဘုရားသခင်၊ မိရိအံ၏အနာရောဂါကို ပျောက်ကင်းစေတော်မူပါ'' ဟုအော်ဟစ်တောင်း လျှောက်လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible13 မော ရှေ သည် ထာ ဝ ရ ဘု ရား အား အို ဘု ရား သ ခင်၊ ကင်း ပျောက် စေ တော် မူ ပါ ဟု တောင်း လျှောက် ၏။ အခန်းကိုကြည့်ပါ။Judson Bible13 မောရှေက၊ အို ဘုရားသခင်၊ သူ၏အနာကိုပျောက်စေတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအား အော်ဟစ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 မောရှေက “အို ဘုရားသခင်၊ မိရိအံကို ရောဂါပျောက်ကင်းစေတော်မူပါ”ဟု ထာဝရဘုရားထံအော်ဟစ်တောင်းလျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ကိုယ်တော်ရှင်ကုသတော်မူ ပါမှ ကျွန်တော်မျိုး၏အနာရောဂါသည်လုံးဝ ပျောက်ကင်းပါလိမ့်မည်။ ကိုယ်တော်ရှင်ကယ်ဆယ်တော်မူပါလျှင် ကျွန်တော်မျိုးသည်လုံခြုံမှုအပြည့်အဝ ရရှိပါလိမ့်မည်။ ကိုယ်တော်ရှင်ကားကျွန်တော်မျိုးထောမနာပြုသည့် အရှင်ပင်ဖြစ်တော်မူပါ၏။
လသည်နေတမျှထွန်းလင်းတောက်ပလျက် နေသည်လည်း ခုနစ်စင်းပြိုင်တူထွက်သကဲ့ သို့ ခါတိုင်းထက်ခုနစ်ဆထွန်းလင်းတောက်ပ လိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော် ရရှိခဲ့သည်ဒဏ်ရာဒဏ်ချက်များကိုအဝတ် နှင့်ပတ်စည်း၍ အနာများကိုကုသပျောက် ကင်းစေတော်မူသောအခါ၊ ဤအမှုအရာ အပေါင်းသည်ဖြစ်ပျက်၍လာလိမ့်မည်။
အာဗြဟံ၏မယားစာရာကိုသိမ်းပိုက်သည့် ကိစ္စကြောင့် အဘိမလက်၏နန်းတော်တွင်ရှိ သမျှသောမိန်းမတို့သည် သားသမီးမရစေ ခြင်းငှာထာဝရဘုရားစီရင်တော်မူ၏။ ထိုကြောင့် အာဗြဟံသည်အဘိမလက်အတွက် ထာဝရ ဘုရားထံဆုတောင်းသဖြင့်သူသည်ကျန်းမာ လာ၏။ သူ၏မယားနှင့်သူ၏ကျွန်မတို့သည် လည်း သားသမီးရနိုင်ရန်ကျန်းမာလာကြ လေသည်။
ထာဝရဘုရားက``သင်တို့သည်ငါ၏ စကားကိုတစ်သဝေမတိမ်းနာခံ၍ငါ နှစ်သက်သောအကျင့်ကိုကျင့်ပြီး ပညတ် သမျှတို့ကိုလိုက်နာလျှင်၊ ငါသည်အီဂျစ် အမျိုးသားတို့အပေါ်တွင်ကျရောက်စေ သောရောဂါမျိုးများကို သင်တို့အပေါ်တွင် မည်သည့်အခါမျှကျရောက်စေမည်မဟုတ်။ ငါသည်သင်တို့၏ရောဂါကိုပျောက်ကင်း စေသောထာဝရဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။