Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 25:9 - Common Language Bible

9 ထို​အ​ခါ​အာ​မ​ဇိ​က​ပ​ရော​ဖက်​အား``ထို သူ​တို့​အား​ပေး​ထား​သည့်​ငွေ​အ​ချည်း​နှီး ဖြစ်​ရ​မည်​လော'' ဟု​မေး​တော်​မူ​၏။ ပ​ရော​ဖက်​က``ဘု​ရား​သ​ခင်​သည်​ထို​ငွေ ထက်​များ​စွာ​ပေး​တော်​မူ​နိုင်​၏'' ဟု​ဆို လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 အာ မ ဇိ မင်း က၊ ဣ သ ရေ လ အ လုံး အ ရင်း တို့ အား ပေး ရ သော ငွေ ချိန် ခွက် သုံး ထောင်၊ အ ချည်း နှီး ဖြစ် ရ မည် လော ဟု မေး မြန်း သော်၊ ဘု ရား သ ခင့် လူ ယုံ တော် က၊ ထာ ဝ ရ ဘု ရား သည် ထို ငွေ ထက် များ စွာ ပေး တော် မူ နိုင် ၏ ဟု ပြန် ဆို သည် နှင့် အ ညီ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အာ​မ​ဇိ​က၊ ဣ​သ​ရေ​လ​တပ်​ကို ငှား၍ ငွေ​အ​ခွက်​တစ်​ထောင်​ကို ပေး​မိ​သော​ကြောင့်၊ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း​ဟု ဘု​ရား​သ​ခင်၏​လူ​ကို မေး​မြန်း​သော်၊ ဘု​ရား​သ​ခင်၏​လူ​က၊ ထို​မျှ​မ​က ထာ​ဝ​ရ​ဘု​ရား​သည် သာ၍ ပေး​နိုင်​တော်​မူ​သည်​ဟု ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 အာမဇိ​မင်းကြီး​က​လည်း ဘုရားသခင်​၏​လူ​အား “​အစ္စရေး​စစ်တပ်​အား ငါ​ပေး​လိုက်​သော ငွေ​တာလန်​တစ်ရာ​ကို မည်သို့​ပြု​ရ​မည်နည်း​”​ဟု ပြန်မေး​လျှင် ဘုရားသခင်​၏​လူ​က “​ထာဝရဘုရား​သည် ထိုမျှမက​များစွာ​သော​ငွေ​ကို မင်းကြီး​အား ပေး​နိုင်​၏​”​ဟု ပြန်ပြော​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 25:9
4 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ တတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်း နည်းခြင်းအကြောင်းကို ရောနှော တော်မမူ။


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ပေး တော်​မူ​သော​အ​စွမ်း​သတ္တိ​ကြောင့်​သာ ပစ္စည်း​ဥစ္စာ ကြွယ်​ဝ​ချမ်း​သာ​လာ​ရ​ကြောင်း​သိ​မှတ်​လော့။ ယင်း​သို့​အ​စွမ်း​သတ္တိ​ပေး​တော်​မူ​ခြင်း​အ​ကြောင်း မှာ ကိုယ်​တော်​သည်​သင်​တို့​၏​ဘိုး​ဘေး​တို့​နှင့် ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​ကို ယ​နေ့​တိုင်​အောင် တည်​စေ​လျက်​ရှိ​သော​ကြောင့်​တည်း။-


သို့​ဖြစ်​၍​အာ​မ​ဇိ​သည်​ငှား​ရမ်း​ထား​သည့် တပ်​သား​တို့​ကို မိ​မိ​နေ​ရပ်​သို့​ပြန်​စေ​တော် မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​ယု​ဒ​ပြည်​သူ တို့​အား​အ​လွန်​အ​မျက်​ထွက်​လျက် မိ​မိ​တို့ နေ​ရပ်​သို့​ပြန်​သွား​ကြ​၏။


လော​က​နှင့်​လော​က​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် ရှိ​သ​မျှ​သော​လူ​သတ္တ​ဝါ​တို့​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ