ထိုနောက်ဘုရားသခင်က``ငါသည်သင့်အား ဤ ပြည်ကိုအပိုင်စားပေးရန်သင့်ကိုဗာဗုလုန် ပြည်၊ ဥရမြို့မှခေါ်ဆောင်ခဲ့သောထာဝရ ဘုရားဖြစ်သည်'' ဟုမိန့်တော်မူ၏။
ဗျာဒိတ် 4:5 - Common Language Bible ပလ္လင်တော်ထဲမှလျှပ်စစ်ပြက်သည့်အရောင်များ၊ မိုးချုန်းသံများ၊ မိုးကြိုးသံများထွက်ပေါ်လာ၏။ ပလ္လင်တော်၏ရှေ့တွင်ဘုရားသခင်၏ဝိညာဉ်ခုနစ် ပါးတည်းဟူသောမီးတိုင်သည်ထွန်းလင်းလျက် ရှိ၏။- Garrad Bible ပ လ္လင် တော့် အ တွင်း မှ လျှပ် ပြက် ခြင်း၊ မိုး ချုန်း ခြင်း၊ ထစ် ခြင်း များ ထွက် ရာ ပ လ္လင် တော့် ရှေ့ ဘု ရား သ ခင်၏ ဝိ ညာဉ် ခု နစ် ပါး တည်း ဟူ သော မီး ရှူး ခု နစ် တိုင် တောက် ပ သည် ပြင်၊ Judson Bible ပလ္လင်တော်ထဲက လျှပ်စစ်ပြက်၏။ စကားပြောသံ၊ မိုးကြိုးသံလည်း မြည်၏။ ပလ္လင်တော်ရှေ့၌ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးခွက်ခုနစ်လုံးတို့သည် ထွန်းလျက်ရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ပလ္လင်တော်အထဲမှ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်းနှင့် မိုးချုန်းခြင်းများဖြစ်ပေါ်လေ၏။ ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်သော မီးခွက်ခုနစ်လုံးသည်လည်း ပလ္လင်တော်ရှေ့၌ တောက်လောင်လျက်ရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရာဇပလ္လင်တော်မှ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်းတို့ထွက်ပေါ်လာ၏။ ထိုပလ္လင်တော်ရှေ့တွင် ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးကို ကိုယ်စားပြုသည့် မီးတုတ်ခုနစ်ခုတို့သည် တောက်လောင်လျက်ရှိ၏။ |
ထိုနောက်ဘုရားသခင်က``ငါသည်သင့်အား ဤ ပြည်ကိုအပိုင်စားပေးရန်သင့်ကိုဗာဗုလုန် ပြည်၊ ဥရမြို့မှခေါ်ဆောင်ခဲ့သောထာဝရ ဘုရားဖြစ်သည်'' ဟုမိန့်တော်မူ၏။
စီမံချက်အရအလွန်သန့်ရှင်းရာဌာန တော်ရှေ့တွင်ထွန်းညှိထားရန် ရွှေစင်မီးခွက် များနှင့်မီးတင်ခုံများ၊-
သန့်ရှင်းရာဌာနတော်မှကြွလာတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ရိုသေကြောက်ရွံ့ဖွယ်ဖြစ်ပါသည်တကား။ ကိုယ်တော်သည်မိမိ၏လူစုတော်အားတန်ခိုးနှင့် စွမ်းရည်ကိုပေးတော်မူ၏။ ဘုရားသခင်အားထောမနာပြုကြလော့။
တတိယနေ့တွင်တောင်ပေါ်၌မိုးချုန်း၍ လျှပ်စီးလက်ပြီးလျှင်ထူထပ်သောမိုးတိမ် ကျရောက်လေသည်။ အလွန်ကျယ်လောင်သော တံပိုးမှုတ်သံလည်းထွက်ပေါ်လာ၏။ ထို အခါစခန်းထဲရှိလူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။-
လူအပေါင်းတို့သည်မိုးချုန်းသံ၊ တံပိုးမှုတ်သံ နှင့်လျှပ်စစ်ပြက်ခြင်း၊ တောင်မှမီးခိုးထွက်ခြင်း တို့ကိုကြားရမြင်ရသောအခါ ကြောက်ရွံ့ တုန်လှုပ်လျက်အဝေး၌ရပ်နေကြ၏။-
ဆီမီးခုံအတွက်မီးခွက်ခုနစ်လုံးကိုပြုလုပ် လော့။ ထိုမီးခွက်များမှရှေ့သို့အလင်းရောင် ထွက်လာစေရန်စီမံလော့။-
သူသည်ဆီမီးတိုင်အတွက်ဆီမီးခွက် ခုနစ်လုံး၊ မီးညှပ်နှင့်မီးညှပ်ခံခွက်များ ကိုရွှေဖြင့်ပြုလုပ်၏။-
ထိုသတ္တဝါတို့၏အလယ်တွင်မီးလျှံထနေသောမီးရှူးတိုင်နှင့်တူသည့်အရာတစ်ခုသည် အစဉ်ပင်ရွေ့လျားလျက်နေ၏။ ထိုအရာမှမီးလျှံတက်ပြီးလျှင်လျှပ်စစ်နွယ်များထွက်ပေါ်လာ၏။-
ထာဝရဘုရားသည်ဇိအုန်တောင်ပေါ်မှာ ကြွေးကြော်တော်မူ၏။ ယေရုရှလင်မြို့မှဟစ်အော်တော်မူ၏။ မြေကြီးနှင့်မိုးကောင်းကင်သည်လည်းတုန်လှုပ် ကြ၏။ သို့ရာတွင်ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ကာကွယ်တော်မူလိမ့်မည်။
``အဘယ်အရာကိုသင်မြင်ပါသနည်း'' ဟုမေး၏။ ငါကလည်း``ရွှေမီးတင်ခုံတစ်ခု ကိုမြင်ပါသည်။ မီးတင်ခုံတိုင်ထိပ်တွင်ဆီ ခွက်တစ်ခုရှိပါသည်။ မီးတင်ခုံပေါ်တွင် မီးစာခုနစ်စစီရှိသောမီးခွက်ခုနစ်လုံး ရှိပါသည်။-
``ထိုကာလ၌ကောင်းကင်နိုင်ငံတော်သည်မီးခွက် များကိုယူ၍ မင်္ဂလာဆောင်သတို့သားကိုကြိုဆို ရန်ထွက်သွားသည့်အပျိုရံဆယ်ယောက်တို့တွေ့ ကြုံရသည့်အဖြစ်အပျက်နှင့်တူလိမ့်မည်။-
သင်တို့နောင်တရသည့်အတွက် ငါသည်သင်တို့ အားရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ ငါ၏နောက် တွင်ကြွလာမည့်အရှင်သည်ကား သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း၊ ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့။ ထိုအရှင်သည် ငါ့ထက်ကြီးမြတ်၏။ ငါသည်ထိုအရှင်၏ဖိနပ် ကိုမျှမကိုင်ဆောင်ထိုက်။-
သူတို့သည်မီးလျှာများနှင့်တူသည့်အရာ များကိုလည်းမြင်ရကြ၏။ ယင်းမီးလျှာတို့ သည်အဖြာဖြာကွဲကာ ထိုသူတို့အသီး သီးအပေါ်တွင်တည်နေ၏။-
ယောဟန်ထံမှအာရှနယ်ပယ်ရှိအသင်းတော် ခုနစ်ပါးသို့စာရေးလိုက်ပါသည်။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသောဘုရား သခင်၏ထံတော်မှလည်းကောင်း၊ ပလ္လင်တော်ရှေ့ ၌ရှိသည့်ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊-
ခြင်္သေ့ဟောက်သကဲ့သို့ကျယ်သောအသံဖြင့် ကြွေးကြော်၏။ ယင်းသို့ကြွေးကြော်လိုက်သော အခါမိုးကြိုးသံခုနစ်ချက်မြည်လေ၏။-
ထိုအခါကောင်းကင်ဘုံ၌ဘုရားသခင် ၏ဗိမာန်တော်တံခါးသည်ပွင့်၍လာသဖြင့် ဗိမာန်တော်ထဲကပဋိညာဉ်သေတ္တာတော်ကို ငါမြင်ရ၏။ ထိုနောက်လျှပ်စစ်များပြက် ခြင်း၊ မိုးခြိမ်းခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မိုး သီးမုန်တိုင်းကြီးကျခြင်းများဖြစ်လေ သည်။
``သာဒိမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်၏ဝိညာဉ် ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံးရှိသောသူထံ မှဖြစ်၏။ သင်ပြုသောအမှုကိုငါသိ၏။ သင်သည်သက်ရှင်လှုပ်ရှားလျက်နေသည် ဟုကျော်ကြားသော်လည်းသေလျက်နေ၏။-
ထိုနောက်သိုးသူငယ်သည်သက်ရှိသတ္တဝါလေး ပါးတို့နှင့်အကြီးအကဲများခြံရံလျက်ရှိ သည့်ပလ္လင်တော်အလယ်၌ရပ်လျက်နေသည် ကိုငါမြင်၏။ သူသည်ယဇ်ပူဇော်ရန်အသတ် ခံရပြီးသည့်သိုးနှင့်တူ၏။ သူ့မှာဦးချိုခုနစ် ချောင်းနှင့်မျက်စိခုနစ်လုံးရှိ၏။ ယင်းတို့သည် ကမ္ဘာမြေတစ်ပြင်လုံးသို့ဘုရားသခင်စေ လွှတ်တော်မူသောဝိညာဉ်ခုနစ်ပါးဖြစ်၏။-
ထိုနောက်ကောင်းကင်တမန်သည်လင်ပန်းကို ယူပြီးလျှင် ယဇ်ပလ္လင်ကမီးကိုထည့်၍ကမ္ဘာ မြေပေါ်သို့ပစ်ချလိုက်၏။ ထိုအခါမိုးကြိုး ထစ်ချုန်းခြင်း၊ အသံမြည်ခြင်း၊ လျှပ်ပြက် ခြင်း၊ မြေငလျင်လှုပ်ခြင်းတို့ဖြစ်ပေါ်လာ လေသည်။