ထွက်မြောက် 25:37 - Common Language Bible37 ဆီမီးခုံအတွက်မီးခွက်ခုနစ်လုံးကိုပြုလုပ် လော့။ ထိုမီးခွက်များမှရှေ့သို့အလင်းရောင် ထွက်လာစေရန်စီမံလော့။- အခန်းကိုကြည့်ပါ။Garrad Bible37 မီး ခု နစ် ခွက် ကို လည်း လုပ် ပြီး လျှင် မီး ခုံ တော် ရှေ့ လင်း စေ ရန် တင် ထွန်း ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible37 မီးခွက်ခုနစ်လုံးကိုလည်း လုပ်ရမည်။ စားပွဲကိုလင်းစေခြင်းငှာ ထိုမီးခွက်ကို ထွန်းရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း37 ဆီမီးခုံတွင် မီးခွက်ခုနစ်လုံး လုပ်ရမည်။ ဆီမီးခုံ၏ရှေ့ဘက်၌လင်းစေရန် ထိုမီးခွက်များကို ထွန်းညှိရမည်။ အခန်းကိုကြည့်ပါ။ |
ငါ၏လက်ယာတော်လက်တွင်သင်မြင်တွေ့ရ သည့်ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်ခု၏ လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ်မှာ မီးခွက်ခုနစ် လုံးသည်အသင်းတော်ခုနစ်ပါးဖြစ်၍ ကြယ် ခုနစ်လုံးသည်ထိုအသင်းတော်ခုနစ်ပါးကို စောင့်သောကောင်းကင်တမန်ခုနစ်ပါးဖြစ် သတည်း'' ဟုမိန့်တော်မူ၏။
သူတို့သည်နံနက်တိုင်း၊ ညနေတိုင်း၊ နံ့သာပေါင်း နှင့်တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုထာဝရ ဘုရားအားပူဇော်ကြသည်။ ဘာသာရေးထုံးနည်း အရသန့်စင်သည့်စားပွဲပေါ်တွင်ရှေ့တော်မုန့်ကို ပူဇော်ကြ၏။ ညနေတိုင်းရွှေမီးတင်ခုံများပေါ် ရှိမီးခွက်များကိုထွန်းညှိကြ၏။ ငါတို့သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာ ကြ၏။ သင်တို့မူကားကိုယ်တော်ကိုစွန့်ပယ် ကြလေပြီ။-
အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။
သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''