ဗျာဒိတ် 4:4 - Common Language Bible4 ထိုပလ္လင်၏ပတ်လည်တွင်အခြားပလ္လင်နှစ်ဆယ့်လေး ခုကိုငါတွေ့မြင်ရ၏။ ထိုပလ္လင်များအပေါ်တွင် အကြီးအကဲနှစ်ဆယ့်လေးပါးထိုင်လျက်နေ၏။ သူတို့သည်ဝတ်ဖြူစင်ကြယ်များကိုဝတ်လျက်ရွှေ သရဖူများကိုဆောင်းထားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible4 အ ခြား သော ပ လ္လင် နှစ် ဆယ့် လေး နှင့် ထို ပ လ္လင် များ ထက် ဝတ် လုံ ဖြူ ဆင် လျက်၊ ရွှေ သ ရ ဖူ ဆောင်း သော အ ကြီး အ ကဲ နှစ် ဆယ့် လေး ပါး ထိုင် နေ သည် ကိုလည်း ကောင်း ငါ မြင် ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ထိုပလ္လင်၏ ပတ်ဝန်းကျင်၌ အခြားသောပလ္လင် နှစ်ဆယ်လေးပလ္လင်ရှိ၏။ ထိုပလ္လင်တို့အပေါ်၌ အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ဖြူသောအဝတ်ကို ဝတ်ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက် ထိုင်နေကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ပလ္လင်တော်၏ပတ်ဝန်းကျင်၌ကား အခြားသောပလ္လင်နှစ်ဆယ့်လေးခုရှိ၍ ထိုပလ္လင်များပေါ်တွင် ဖြူသောဝတ်ရုံကိုဝတ်ဆင်လျက် ဦးခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းထားသည့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် ထိုင်နေကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 ရာဇပလ္လင်တော်ပတ်လည်တွင် အခြားပလ္လင်နှစ်ဆယ့်လေးခုရှိပြီး အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် ထိုပလ္လင်များပေါ်တွင် ထိုင်နေကြ၏။ သူတို့သည် ဝတ်ရုံဖြူကို ဝတ်ဆင်လျက် ဦးခေါင်းများပေါ်တွင် ရွှေသရဖူများကို ဆောင်းထားကြ၏။ အခန်းကိုကြည့်ပါ။ |
သခင်ယေရှုက ``ငါအမှန်အကန်ဆိုသည် ကားအသစ်ပြုပြင်ရာကာလတွင်လူသားသည် ဘုန်းအသရေနှင့်ပြည့်စုံသည့်ပလ္လင်တော်မှာ ထိုင်တော်မူသောအခါ ငါ၏တပည့်ဖြစ်သူ သင်တို့သည်လည်းပလ္လင်တစ်ဆယ့်နှစ်ခုပေါ်မှာ ထိုင်၍ ဣသရေလအနွယ်တစ်ဆယ့်နှစ်ပါးကို တရားစီရင်ရကြလတ္တံ့။-
ထိုနောက်ငါသည်ပလ္လင်များကိုမြင်ရ၏။ ယင်း ပလ္လင်များပေါ်တွင်ထိုင်နေသူများမှာတရား စီရင်ရန် အာဏာအပ်နှင်းခြင်းခံရသူများ ဖြစ်၏။ ထို့ပြင်သခင်ယေရှုဖော်ပြတော်မူ သောသမ္မာတရားကိုလည်းကောင်း၊ ဘုရား သခင်၏နှုတ်ကပတ်တော်ကိုလည်းကောင်း ဟောပြောကြေညာခဲ့သည့်အတွက်ကွပ်မျက် ခြင်းခံရကြသူတို့၏ဝိညာဉ်များကိုလည်း ငါမြင်ရ၏။ သူတို့သည်သားရဲနှင့်သားရဲ ၏ရုပ်တုကိုရှိမခိုးခဲ့ကြ။ မိမိတို့၏နဖူး နှင့်လက်များတွင်လည်းသားရဲ၏အမှတ် တံဆိပ်ကိုမခံယူခဲ့ကြ။ သူတို့သည်အသက် ပြန်၍ရှင်လာကြပြီးလျှင်ခရစ်တော်နှင့် အတူဘုရင်များအဖြစ်ဖြင့်အနှစ်တစ် ထောင်စိုးစံကြရ၏။-
ထိုသို့ယူလိုက်သောအခါသတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် အသီး သီးစောင်းများကိုလည်းကောင်း၊ ဘုရားသခင် လူစုတော်၏ဆုတောင်းပတ္ထနာတည်းဟူသော နံ့သာပေါင်းနှင့်ပြည့်လျက်ရှိသည့်ရွှေဖလား များကိုလည်းကောင်း ကိုင်ဆောင်ကာသိုးသူငယ် တော်၏ရှေ့တော်တွင်ပျပ်ဝပ်လျက်၊
ယခုအခါ၌ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံသူအားပေးအပ်သည့်အောင်ဆုသည် ငါ့အတွက်အသင့်ရှိနေပြီ။ ဖြောင့်မတ်စွာ တရားစီရင်တော်မူသောတရားသူကြီး တည်းဟူသောသခင်ဘုရားသည် ထိုဆုကို တရားစီရင်တော်မူရာနေ့၌ငါ့အားပေး အပ်တော်မူလိမ့်မည်။ ငါ့ကိုသာမကဤ လောကသို့နောက်တစ်ဖန်ကိုယ်တော်ပေါ် ထွန်းတော်မူမည်ကိုတောင့်တစောင့်မျှော်သူ အပေါင်းတို့အားလည်းပေးတော်မူလိမ့်မည်။
ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။-
မော်ဒကဲသည်မင်းမြောက်တန်ဆာတည်းဟူ သောဝတ်လဲအဖြူနှင့်အပြာကိုလည်းကောင်း၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုလည်းကောင်း ဝတ်ဆင်ကာခန့်ညားသည်ရွှေသရဖူကို ဆောင်း၍ နန်းတော်မှထွက်ခွာသွားလေသည်။ ထိုအခါရှုရှန်မြို့တစ်မြို့လုံးသည်သြဘာ သံများ၊ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော် သံများနှင့်ဆူညံသွား၏။-
ထိုနောက်သိုးသူငယ်သည်သက်ရှိသတ္တဝါလေး ပါးတို့နှင့်အကြီးအကဲများခြံရံလျက်ရှိ သည့်ပလ္လင်တော်အလယ်၌ရပ်လျက်နေသည် ကိုငါမြင်၏။ သူသည်ယဇ်ပူဇော်ရန်အသတ် ခံရပြီးသည့်သိုးနှင့်တူ၏။ သူ့မှာဦးချိုခုနစ် ချောင်းနှင့်မျက်စိခုနစ်လုံးရှိ၏။ ယင်းတို့သည် ကမ္ဘာမြေတစ်ပြင်လုံးသို့ဘုရားသခင်စေ လွှတ်တော်မူသောဝိညာဉ်ခုနစ်ပါးဖြစ်၏။-
ထိုသူတစ်သိန်းလေးသောင်းလေးထောင်တို့ သည် ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သက်ရှိ သတ္တဝါလေးပါးနှင့်အကြီးအကဲများ၏ ရှေ့၌လည်းကောင်းရပ်လျက်သီချင်းသစ်ကို သီဆိုကြ၏။ လူသားအပေါင်းတို့အထဲ မှရွေးနုတ်ကယ်တင်ခြင်းခံရသူ၊ လူတစ် သိန်းလေးသောင်းလေးထောင်မှတစ်ပါး အခြားအဘယ်သူမျှထိုသီချင်း ကိုမသီဆိုတတ်။-