ယောလ 3:16 - Common Language Bible16 ထာဝရဘုရားသည်ဇိအုန်တောင်ပေါ်မှာ ကြွေးကြော်တော်မူ၏။ ယေရုရှလင်မြို့မှဟစ်အော်တော်မူ၏။ မြေကြီးနှင့်မိုးကောင်းကင်သည်လည်းတုန်လှုပ် ကြ၏။ သို့ရာတွင်ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ကာကွယ်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible16 ငါ ထာ ဝ ရ ဘု ရား သည်။ ဇိ အုန် တောင် ယေ ရု ရှ လင် မြို့ မှ၊ တ ခြိမ် ခြိမ်း ဟုတ် သ ဖြင့်၊ မိုဃ်း မြေ တုန် လှုပ် ရ သော် လည်း။ လူ မျိုး တော့် အ ဘို့ ခို လှုံ ရာ၊ ဣ သ ရေ လ အ မျိုး သား တို့ အ ဘို့ အား ကိုး ရာ ဖြစ် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible16 ထာဝရဘုရားသည်လည်း ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူသဖြင့်၊ မိုးကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့်မည်။ သို့ရာတွင်၊ ထာဝရဘုရားသည် မိမိလူတို့၏ခိုလှုံရာ၊ ဣသရေလအမျိုးသားတို့၏ အစွမ်းသတ္တိ ဖြစ်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ ကောင်းကင်နှင့်မြေကြီး တုန်ခါလိမ့်မည်။ သို့သော် ထာဝရဘုရားသည် လူမျိုးတော်အဖို့ခိုလှုံရာ၊ အစ္စရေးအမျိုးသားတို့အဖို့ ရဲတိုက်ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကွယ်ကာစောင့်ထိန်းတော်မူ၍ ခွန်အား ကိုပေးတော်မူပါ၏။ ဒုက္ခရောက်ချိန်၌ကူမတော် မူပါ၏။ ကမ္ဘာမြေကြီးစွန်းမှလူမျိုးတကာတို့ သည် အထံတော်သို့လာ၍``ကျွန်တော်မျိုးတို့ ဘိုးဘေးများကိုးကွယ်ခဲ့သည့်ဘုရားတို့သည် အတုအယောင်များသာလျှင်ဖြစ်ပါ၏။ အသုံး မဝင်အကျိုးမပေးသောရုပ်တုများသာဖြစ် ပါ၏။-
ငါသည်မိုးကောင်းကင်ကိုဖြန့်ကြက်၍ ကမ္ဘာမြေကြီးကိုအုတ်မြစ်ချ၏။ ဇိအုန်မြို့သူမြို့သားတို့အား`သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ ငါသည်မိမိ၏တရားတော်ကိုသင်တို့အား ပေးအပ်၍ လက်တော်ဖြင့် သင်တို့ကိုကာကွယ်စောင့်ရှောက်၏' ဟု ငါမြွက်ဆိုပြီ'' ဟူ၍မိန့်တော်မူ၏။
ထာဝရဘုရားသည်ငါ့ကိုကွယ်ကာသောအရှင်၊ ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသည်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူသဖြင့်ငါသည်ဘေးမဲ့လုံခြုံ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ငါ့အား ဘေးမဲ့လုံခြုံစွာထားတော်မူ၏။
``ငါသည်ယုဒပြည်သားတို့ကိုကြံ့ခိုင် စေ၍ ဣသရေလပြည်သားတို့ကိုကယ်တင်မည်။ ငါသည်သူတို့အားကရုဏာထား၍၊မိမိ တို့ နေရင်းဌာနေသို့ပြန်လည်ခေါ်ဆောင်လာ မည်။ သူတို့သည်ငါ၏ပစ်ပယ်မှုကိုအဘယ် အခါ၌မျှ မခံရဘူးသူများကဲ့သို့ဖြစ်လိမ့်မည်။ ငါသည်သူတို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၍ သူတို့၏ဆုတောင်းပတ္ထနာများကိုနားညောင်းမည်။