အို ဘုရားသခင်၏မြို့တော်၊ သင်၏အကြောင်းကိုယ်တော်ယခုမိန့်တော် မူသော အံ့သြဖွယ်ရာများကိုနားထောင်လော့။
ဗျာဒိတ် 21:2 - Common Language Bible ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ သန့်ရှင်းမြင့်မြတ်သောမြို့ကြီးဖြစ်သည့်ယေရု ရှလင်မြို့သစ်သည် သတို့သားအတွက်အဝတ် တန်ဆာဆင်ယင်ထားသည့်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်သက်ဆင်းလာသည်ကိုငါမြင် ရ၏။- Garrad Bible သန့် ရှင်း သော ယေ ရု ရှ လင် မြို့ သစ် လည်း ခင် ပွန်း အ ဖို့ ဆင် ယင် ပြီး မင်္ဂ လာ ဆောင် သ တို့ သ မီး ကဲ့ သို့ အ သင့် ဆင် ပြင် လျက် ဘု ရား သ ခင် စံ တော် မူ ရာ ကောင်း ကင် ဘုံ မှ ဆင်း သက် သည် ကို ငါ မြင် စဉ်၊ Judson Bible သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည် မိမိခင်ပွန်းဖို့ တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် သန့်ရှင်းသောဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက်ဆင်မြန်းထားသည့် သတို့သမီးကဲ့သို့ပြင်ဆင်လျက် ဘုရားသခင်အထံတော်၊ ကောင်းကင်မှဆင်းသက်လာသည်ကို ငါမြင်ရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သန့်ရှင်းသောမြို့တော်ဖြစ်သော ဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက် လှပစွာ ဝတ်ဆင်ထားသော သတို့သမီးတစ်ဦးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင်ထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။ |
အို ဘုရားသခင်၏မြို့တော်၊ သင်၏အကြောင်းကိုယ်တော်ယခုမိန့်တော် မူသော အံ့သြဖွယ်ရာများကိုနားထောင်လော့။
အခါတစ်ပါးကသစ္စာရှိခဲ့သောမြို့သည် ယခုအခါပြည့်တန်ဆာအသွင်ကိုဆောင်လျက်နေပါသည်တကား၊ အခါတစ်ပါးကထိုမြို့တွင်သူတော်ကောင်းများနေထိုင်ခဲ့သော်လည်း ယခုအခါ၌သူသတ်သမားများသာလျှင်ကျန်ရှိနေတော့၏။-
ဇိအုန်မြို့၊သင်သည်တစ်ဖန်ပြန်လည်ကြံ့ခိုင် ခမ်းနားကြီးကျယ်၍လာလော့။ အို ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်၊ သင်၏ကိုယ်ကိုဘုန်းအသရေနှင့်လွှမ်းခြုံပါလော့။ တိုင်းတစ်ပါးသားတို့သည် နောက်တစ်ဖန်အဘယ်အခါ၌မျှသင်၏ တံခါးထဲ၌ဝင်ရကြတော့မည်မဟုတ်။
သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည်၊ သင်၏ခင်ပွန်းပမာသင့်အားကြည့်ရှုစောင့်ရှောက် တော်မူလိမ့်မည်။ ထိုအရှင်၏နာမတော်ကား၊အနန္တတန်ခိုးရှင် ထာဝရဘုရားပင်ဖြစ်သတည်း။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်သော ဘုရားသခင်သည်သင့်ကိုကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာလောကကို အစိုးရတော်မူပါသည်တကား။
ယေရုရှလင်မြို့သည်ထာဝရဘုရားပြု တော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ရလိမ့်မည်။ သူသည်မင်္ဂလာဆောင်ပွဲအတွက်ဝတ်စား တန်ဆာဆင်ထားသည့်သတို့သမီးနှင့်တူ၏။ ဘုရားသခင်သည်သူ့ကိုကယ်တင်ခြင်းနှင့် အောင်မြင်ခြင်း တို့ဖြင့်တန်ဆာဆင်ပေးတော်မူပါ၏။
``စွန့်ပစ်ခြင်းကိုခံရသူ'' ဟုနာမည်တွင် တော့မည်မဟုတ်။ သင်၏ပြည်သည်လည်း``အပယ်ခံဇနီး'' ဟူသောနာမည်ကိုခံယူရတော့မည်မဟုတ်။ သင်၏နာမည်သစ်မှာ``ဘုရားသခင်နှစ်သက် မြတ်နိုးသူ'' ဟူ၍ဖြစ်လိမ့်မည်။ သင်၏ပြည်သည်လည်း``ပျော်ရွှင်စွာထိမ်းမြား ထားသူ'' ဟုနာမည်တွင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သင့်ကိုနှစ်သက်တော်မူသဖြင့်၊ ခင်ပွန်းဖြစ်သူသည်မိမိဇနီးကိုမြတ်နိုး သကဲ့သို့၊ သင်၏ပြည်ကိုလည်းမြတ်နိုးတော်မူလိမ့်မည်။
ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုး ရှင်ထာဝရဘုရားက``ဤလူတို့အားမိမိ တို့ပြည်သို့ငါပြန်လည်ပို့ဆောင်သောအခါ၊ `ထာဝရဘုရားသည်မိမိကျိန်းဝပ်တော်မူ သည့် သန့်ရှင်းရာဌာနတော်တည်းဟူသော ယေရုရှလင်တောင်တော်ကိုကောင်းချီး ပေးတော်မူပါစေသတည်း' ဟု သူတို့သည်ယုဒပြည်မြို့ရွာများ၌တစ်ဖန် ပြန်လည် မြွက်ဆိုကြလိမ့်မည်။
မင်္ဂလာဆောင်သတို့သမီးကိုသိမ်းပိုက်ရ သူသည် မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့ သား၏မိတ်ဆွေသည်ကားအဆင်သင့်စောင့် ဆိုင်းကာ သတို့သား၏အသံကိုနားထောင် လျက်နေ၏။ သူသည်သတို့သား၏အသံကို ကြားသော် လွန်စွာအားရဝမ်းမြောက်သကဲ့ သို့ ငါသည်လည်းအပြည့်အဝဝမ်းမြောက်ရ လေပြီ။-
ဘုရားသခင်သည်သင်တို့ကိုမနာလိုစိတ်ရှိ တော်မူသကဲ့သို့ ငါသည်သင်တို့ကိုမနာလို စိတ်ရှိ၏။ သင်တို့သည်ခရစ်တော်တစ်ဦးတည်း နှင့်စုံဖက်ထိမ်းမြားရန် ငါကတိပြုထားသည့် အပျိုစင်နှင့်တူကြ၏။-
အဘယ်ကြောင့်ဆိုသော်အာဗြဟံသည် ဘုရားသခင်စီမံတည်ဆောက်တော်မူ သောခိုင်ခန့်သည့်အုတ်မြစ်ရှိသောမြို့ကို မျှော်လင့်စောင့်စားလျက်နေသောကြောင့် တည်း။
သို့ရာတွင်သူတို့သည်ထိုပြည်ထက်သာလွန် ကောင်းမြတ်သည့်ကောင်းကင်ရွှေပြည်ကိုတမ်းတ ကြသည်ဖြစ်၍ ဘုရားသခင်သည်သူတို့၏ ဘုရားဟူ၍ခေါ်ဝေါ်ခြင်းခံရသည်ကိုရှက် တော်မမူ။ ကိုယ်တော်သည်သူတို့နေထိုင်ရန် မြို့ကိုပြင်ဆင်တော်မူပြီးဖြစ်သတည်း။
သင်တို့သည်သိနာတောင်အစားဇိအုန် တောင်သို့လည်းကောင်း၊ အတိုင်းမသိများစွာ သောကောင်းကင်တမန်များရှိရာအသက် ရှင်တော်မူသောဘုရားသခင်၏မြို့တော် တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့ သို့လည်းကောင်းရောက်ရှိနေကြ၏။-
အဘယ်ကြောင့်ဆိုသော်ဤလောက၌ငါတို့ အတွက်တည်မြဲသောမြို့မရှိသောကြောင့် ဖြစ်၏။ ငါတို့ကားနောင်အခါဖြစ်ပေါ်မည့် မြို့ကိုစောင့်မျှော်လျက်နေကြပေသည်။-
ဤကျမ်းစောင်တွင်ယေရှုခရစ်ပေးတော်မူ သော ဗျာဒိတ်တော်အကြောင်းကိုမှတ်တမ်း တင်ထား၏။ ဘုရားသခင်သည်ခရစ်တော် အားဤဗျာဒိတ်တော်ကိုပေးရခြင်းမှာ များ မကြာမီဖြစ်ပျက်ရမည့်အမှုအရာများ ကို မိမိ၏အစေခံတို့အားသိစေရန်ဖြစ် ပေသည်။ ခရစ်တော်သည်မိမိ၏အစေခံ ယောဟန်ထံသို့ကောင်းကင်တမန်ကိုစေ လွှတ်၍ ဤဗျာဒိတ်တော်ကိုပြန်ကြားစေ တော်မူ၏။-
ယောဟန်ထံမှအာရှနယ်ပယ်ရှိအသင်းတော် ခုနစ်ပါးသို့စာရေးလိုက်ပါသည်။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသောဘုရား သခင်၏ထံတော်မှလည်းကောင်း၊ ပလ္လင်တော်ရှေ့ ၌ရှိသည့်ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊-
ငါကားနိုင်ငံတော်သားများခံရသည့်ဆင်း ရဲဒုက္ခကို သင်တို့နှင့်အတူသည်းခံနေရသူ၊ သင်တို့၏အစ်ကိုယောဟန်ဖြစ်၏။ ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်သခင် ယေရှုဖော်ပြသက်သေခံသည့်သမ္မာတရား ကိုဟောပြောကြေညာသည့်အတွက်ပတ်မု ကျွန်းသို့အပို့ခံရ၏။-
ဗိမာန်တော်အြုပင်တံတိုင်းကိုမတိုင်းနှင့်၊ အဘယ်ကြောင့်ဆိုသော်ထိုအရာကိုလူမျိုး ခြားတို့အားပေးအပ်ထားသောကြောင့်ဖြစ် ၏။ သူတို့သည်သန့်ရှင်းမြင့်မြတ်သောမြို့ တော်ကိုလေးဆယ်နှစ်လတိုင်တိုင်ခြေဖြင့် နင်းကြလိမ့်မည်။-
ဝိညာဉ်တော်သည်ငါ့အပေါ်သို့သက်ရောက်တော် မူလျက်၊ ကောင်းကင်တမန်သည်ငါ့ကိုအလွန်မြင့် သောတောင်ထိပ်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ သန့်ရှင်းမြင့်မြတ်သည့်ယေရုရှလင်မြို့သက် ဆင်းလာသည်ကိုပြ၏။-
ထိုနောက်နောက်ဆုံးဘေးဒဏ်ခုနစ်ပါးဖြင့် ပြည့်သောခွက်ဖလားခုနစ်လုံးကို ကိုင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးအနက်တစ်ပါး သည်ငါ့ထံသို့လာ၍``လာပါ။ သိုးသူငယ်၏ ဇနီးတည်းဟူသောမင်္ဂလာဆောင်သတို့သမီး ကိုသင့်အားငါပြမည်။'' ဟုဆို၏။-
ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ``ကြွလာတော်မူပါ'' ဟုဆိုကြ၏။ ထိုသို့ဆိုသည်ကိုကြားသောသူမှန်သမျှသည် လည်း ``ကြွလာတော်မူပါ'' ဟုဆိုကြပါစေ။ ရေငတ်သူသည်လာပါစေ။ အသက်ရေကိုအလိုရှိသူသည်အခမဲ့ ယူပါစေ။
မည်သူမဆိုဤကျမ်းစောင်ပါပရောဖက် စကားများမှတစ်စုံတစ်ရာကိုနုတ်ပယ်ပါက ထိုသူထံမှဘုရားသခင်သည် ဤကျမ်းစောင်၌ ဖော်ပြသောအသက်ပင်၏အသီးကိုစားသုံးခွင့် နှင့် မြင့်မြတ်သန့်ရှင်းသောမြို့တော်သို့ဝင်စားခွင့် ကိုနုတ်ပယ်တော်မူလိမ့်မည်။
အောင်မြင်သောသူအားငါ၏ဘုရားသခင်ဗိမာန် တော်တွင်မဏ္ဍိုင်သဖွယ်ဖြစ်စေမည်။ သူသည်နောင် ဘယ်အခါမျှဗိမာန်တော်အပြင်သို့ရောက်ရ လိမ့်မည်မဟုတ်။ ကောင်းကင်ဘုံမှငါ၏ဘုရား သခင်ထံတော်မှဆင်းသက်လာသောယေရုရှလင် မြို့သစ်တည်းဟူသော ငါ၏ဘုရားသခင်မြို့ တော်အမည်ကိုလည်းကောင်း၊ ငါ၏ဘုရား သခင်နာမတော်ကိုလည်းကောင်းသူ၏ပေါ် မှာကမ္ပည်းရေးထိုးမည်။ သူ့အပေါ်မှာငါ၏ နာမတော်သစ်ကိုလည်းရေးထိုးမည်။