Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 31:23 - Common Language Bible

23 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဤ​လူ​တို့​အား​မိ​မိ တို့​ပြည်​သို့​ငါ​ပြန်​လည်​ပို့​ဆောင်​သော​အ​ခါ၊ `ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကျိန်း​ဝပ်​တော်​မူ သည့် သန့်​ရှင်း​ရာ​ဌာ​န​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​တောင်​တော်​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သ​တည်း' ဟု သူ​တို့​သည်​ယု​ဒ​ပြည်​မြို့​ရွာ​များ​၌​တစ်​ဖန် ပြန်​လည် မြွက်​ဆို​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် က၊ သုံ့ ပန်း ခံ ရ သူ တို့ ကို ငါ ပြန် လာ စေ သည့် ကာ လ၊ အို ဖြောင့် မတ် သော နေ ရာ တော်၊ အို သန့် ရှင်း သော တောင် တော်၊ ထာ ဝ ရ ဘု ရား သည်၊ ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ ပါ စေ သော ဟူ ၍၊ ယု ဒ ပြည် နှင့် မြို့ ရွာ များ ၌ ဆို ရိုး ရှိ မည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့​ကို ငါ​ဆောင်​ခဲ့​ပြန်​သော​အ​ခါ၊ ယု​ဒ​ပြည်၏​မြို့​ရွာ​တို့၌ နေ​သော​သူ​တို့​က၊ အို ဖြောင့်​မတ်​ခြင်း နေ​ရာ​အ​ရပ်၊ အို သန့်​ရှင်း​ခြင်း​နေ​ရာ​တောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ကောင်း​ချီး​ပေး​တော်​မူ​စေ​သ​တည်း ဟူ​သော​စ​ကား​ကို တစ်​ဖန် သုံး​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 အစ္စရေး​အမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော သူ​တို့​ကို ငါ​ပြန်ခေါ်လာ​သောအခါ ယုဒ​ပြည်​၊ ယုဒ​မြို့ရွာ​တို့​တွင် ‘​အို ဖြောင့်မတ်​ခြင်း​တည်​ရာ သန့်ရှင်း​သော​တောင်​၊ ထာဝရဘုရား​သည် သင့်​ကို​ကောင်းချီးပေး​တော်မူ​ပါစေ​’​ဟူသော ဤ​စကား​ကို တစ်ဖန် ပြောဆို​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 31:23
23 ပူးပေါင်းရင်းမြစ်များ  

ဇိ​အုန်​တောင်​တော်​ပေါ်​မှ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ကောင်း​ချီး​မင်္ဂ​လာ​ပေး​တော်​မူ​ပါ​စေ​သော။ သင်​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ယေ​ရု​ရှ​လင်​မြို့​၏​ဝ​ပြော​စည်​ပင်​နေ​သည်​ကို တွေ့​မြင်​ရ​ပါ​စေ​သော။


``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ငါ​တို့​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး ပါ​၏'' ဟူ​၍ အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​တို့​က​သူ​တို့​အား ပြော​ဆို​ကြ​လိမ့်​မည်​မ​ဟုတ်။


ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​တောင်​တော်​ပေါ်​မှ သင်​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပိုင်​တော်​မူ​သော​သူ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​ပါ။ သူ​တို့​အား​သိုး​ထိန်း​သ​ဖွယ်​ထာ​ဝ​စဉ်​ကြည့်​ရှု စောင့်​ရှောက်​တော်​မူ​ပါ။


အ​ခါ​တစ်​ပါး​က​သစ္စာ​ရှိ​ခဲ့​သော​မြို့​သည် ယ​ခု​အ​ခါ​ပြည့်​တန်​ဆာ​အ​သွင်​ကို​ဆောင်​လျက်​နေ​ပါ​သည်​တ​ကား၊ အ​ခါ​တစ်​ပါး​က​ထို​မြို့​တွင်​သူ​တော်​ကောင်း​များ​နေ​ထိုင်​ခဲ့​သော်​လည်း ယ​ခု​အ​ခါ​၌​သူ​သတ်​သ​မား​များ​သာ​လျှင်​ကျန်​ရှိ​နေ​တော့​၏။-


ရှေး​အ​ခါ​ကဲ့​သို့​သင့်​အား​ခေါင်း​ဆောင်​များ​နှင့် အ​တိုင်​ပင်​ခံ​အ​မတ်​များ​ကို​ငါ​ပေး​မည်။ ထို​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​ကို​သူ​တော်​ကောင်း​တ​ရား​ပြည့်​ဝ​သည့်​မြို့၊ သစ္စာ​ရှိ​သည့်​မြို့​ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။


ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဇိ​အုန်​တောင်​တော်​ပေါ်​၌ ဘေး​အ​န္တရာယ်​ဖြစ်​စေ​သည့်​အ​ရာ​သို့​မ​ဟုတ် ဆိုး​ညစ်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ ရှိ​လိမ့်​မည်​မ​ဟုတ်။ ပင်​လယ်​များ​သည်​ရေ​နှင့်​ပြည့်​လျက်​နေ​သ​ကဲ့​သို့၊ ထို​ပြည်​တော်​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​အား သိ​ကျွမ်း​မှု​အ​သိ​ပ​ညာ​နှင့်​ပြည့်​ဝ​၍​နေ​လိမ့် မည်။


တိုင်း​ပြည်​အ​တွင်း​၌​အ​ရပ်​တ​ကာ​တွင်​သူ တော်​ကောင်း​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​ကို ကျင့်​သုံး​ကြ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​ကြီး​မြတ်​တော် မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​အ​စိုး​ရ​တော်​မူ​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​ကို​တ​ရား​မျှ​တ​မှု​နှင့် သော်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ဖြင့်​သော် လည်း​ကောင်း​ပြည့်​ဝ​စေ​တော်​မူ​၍၊-


သင်​၏​လူ​အ​ပေါင်း​တို့​သည်​မှန်​ရာ​ကို​ပြု​ကျင့် ကြ​လျက်၊ ပြည်​တော်​ကို​အ​စဉ်​အ​မြဲ​ပိုင်​ဆိုင်​ရ​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​ရှေ့​တွင်​ငါ​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​ရန်၊ ငါ​သည်​သူ​တို့​ကို​ပြု​စု​ပျိုး​ထောင်​ခဲ့​ပြီ။


သင်​တို့​သည်​အ​မှန်​ပင်​ငါ့​ကို​တွေ့​ရှိ​ကြ​လိမ့် မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​သည်​လည်း​သင်​တို့ အား​မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​ပေး မည်​ဟူ​၍​လည်း​ကောင်း​ငါ​ဆို​၏။ ငါ​သည်​သင် တို့​အား​မိ​မိ​ကွဲ​လွင့်​စေ​ခဲ့​သည့်​နိုင်​ငံ​တ​ကာ အ​ရပ်​တ​ကာ​တို့​မှ​ပြန်​လည်​စု​သိမ်း​မည်။ ထို နောက်​သင်​တို့​အား​သုံ့​ပန်း​အ​ဖြစ်​ငါ​အ​ဖမ်း ခံ​စေ​ခဲ့​ရ​သည့်​ပြည်​သို့​ပြန်​လည်​ပို့​ဆောင် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏' ဟူ​၍​လည်း​မိန့်​တော် မူ​၏။


ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​သည်​ယာ​ကုပ်​အ​မျိုး​၏​တဲ​ကို​ပြန်​လည် ကြွယ်​ဝ​စေ​မည်။ ပြန်​လည်​ပို့​ဆောင်​မည်။ သူ​တို့​၏​အိမ်​ထောင်​စု​မှန်​သ​မျှ​ကို​က​ရု​ဏာ ထား​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ထူ​ထောင်​၍ နန်း​တော်​ကို​လည်း​ပြန်​လည်​တည်​ဆောက် ရ​ကြ​လိမ့်​မည်။


လူ​တို့​သည်​လယ်​ယာ​များ​ကို​ဝယ်​ယူ​ကာ စာ ချုပ်​များ​ကို​အ​သိ​သက်​သေ​တို့​ရှေ့​တွင်​လက် မှတ်​ရေး​ထိုး​၍​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကြ​လိမ့် မည်။ သူ​တို့​သည်​ဤ​အမှု​တို့​ကို​ဗင်္ယာ​မိန်​နယ် နှင့်​ယေ​ရု​ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ ကျေး​ရွာ​များ​၌​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ များ၊ တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့် တောင်​ဘက်​ယု​ဒ​ပြည်​၌​လည်း​ကောင်း​ပြု ကြ​လိမ့်​မည်။ ငါ​သည်​လူ​တို့​အား​မိ​မိ​တို့ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​မိန့်​မြွက်​တော် မူ​၏။


သူ​တို့​သည်​မိ​မိ​တို့​နှင့်​ကြုံ​တွေ့​ရ​သူ​လူ အ​ပေါင်း​တို့​၏​တိုက်​ခိုက်​မှု​ကို​ခံ​ရ​ကြ​၏။ သူ​တို့​၏​ရန်​သူ​များ​က`ထို​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​ကြ​သည်​ဖြစ်​၍ သူ​တို့​အား​ငါ​တို့​ပြု​သည့်​အ​မှု​သည်​မ​မှား။ သူ​တို့​၏​ဘိုး​ဘေး​များ​သည်​ထာ​ဝ​ရ​ဘု​ရား ကို​ယုံ​ကြည်​ကိုး​စား​ခဲ့​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့​ကိုယ်​တိုင်​သည်​လည်း​ကိုယ်​တော်​အား သစ္စာ​စောင့်​သင့်​ကြ​ပေ​သည်' ဟု​ဆို​ကြ​၏။


``သို့​ရာ​တွင်၊ဇိ​အုန်​တောင်​တော်​ပေါ်​တွင်​ဘေး လွတ်​သူ​လူ​အ​ချို့​ရှိ​လိမ့်​မည်။ ထို​တောင်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​ရာ အ​ရပ်​ဖြစ်​လိမ့်​မည်။ ယာ​ကုပ်​၏​မျိုး​ဆက်​တို့​သည်​မိ​မိ​တို့ ပိုင်​ဆိုင်​ခွင့်​ရှိ​သည်။ ပြည်​တော်​ကို​အ​ပိုင်​ရ​ကြ​လိမ့်​မည်။


နောင်​ကာ​လ​တွင် ဗိ​မာန်​တော်​တည်​ရာ​တောင်​သည် အ​မြင့်​ဆုံး​တောင်​ဖြစ်​လိမ့်​မည်။ ရှိ​သ​မျှ​သော​တောင်​တို့​ထက်​ပို​မို​၍​မြင့်​မား လိမ့်​မည်။ လူ​မျိုး​များ​စွာ​တို့​သည်​ထို​တောင်​သို့​စု​ရုံး ရောက်​ရှိ​လာ​၍၊


ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့ တော်​ယေ​ရု​ရှ​လင်​သို့​ပြန်​လာ​မည်။ ထို​မြို့ တွင်​ကျိန်း​ဝပ်​တော်​မူ​မည်။ ထို​မြို့​သည်​သစ္စာ ရှိ​သော​မြို့​ဟူ​၍​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​တောင်​ဟူ​၍​လည်း​ကောင်း နာ​မည်​တွင်​လိမ့်​မည်။-''


အ​ချိန်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ဗော​ဇ ကိုယ်​တိုင်​ပင်​ဗက်​လင်​မြို့​မှ​ရောက်​ရှိ​လာ​လျက် မိ​မိ​၏​အလုပ်​သ​မား​များ​အား``ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော'' ဟု​ဆို​၍​နှုတ်​ဆက်​၏။ ကောက်​ရိတ်​သ​မား​များ​က``ထာ​ဝ​ရ​ဘု​ရား သည် အ​ရှင့်​အား​ကောင်းချီး​ပေး​တော်​မူ​ပါ​စေ သော'' ဟု​ပြန်​ပြော​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ