ဗျာဒိတ် 21:9 - Common Language Bible9 ထိုနောက်နောက်ဆုံးဘေးဒဏ်ခုနစ်ပါးဖြင့် ပြည့်သောခွက်ဖလားခုနစ်လုံးကို ကိုင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးအနက်တစ်ပါး သည်ငါ့ထံသို့လာ၍``လာပါ။ သိုးသူငယ်၏ ဇနီးတည်းဟူသောမင်္ဂလာဆောင်သတို့သမီး ကိုသင့်အားငါပြမည်။'' ဟုဆို၏။- အခန်းကိုကြည့်ပါ။Garrad Bible9 ထို ကာ လ အ န္တိ မ ဘေး ခု နစ် မျိုး ပြည့် သည့် ဖ လား ခု နစ် လုံး ကိုင် ခဲ့ သော စေ တ မန် တော် ခု နစ် ပါး အ ဝင် တစ် ပါး သည် လာ လျက် လိုက် ခဲ့ လော့။ သိုး ငယ် တော်၏ မင်္ဂ လာ ဆောင် ခင် ပွန်း သ တို့ သ မီး ကို ပြ မည် ဟု ပြော ဆို ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible9 နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးနှင့် ပြည့်သော ဖလားခုနစ်လုံးကို ဆောင်သော ကောင်းကင်တမန် ခုနစ်ပါးတွင် တစ်ပါးသည် လာပြီးလျှင် ငါ့ကိုနှုတ်ဆက်၍၊ လာခဲ့ပါ။ သိုးသငယ်၏ ခင်ပွန်းတည်းဟူသော မင်္ဂလာဆောင်သတို့သမီးကို ငါပြမည်ဟု ပြောဆိုလျက်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ထို့နောက် နောက်ဆုံးသောဘေးဒဏ်ခုနစ်ပါးနှင့် ပြည့်နေသောဖလားခုနစ်လုံးကို ကိုင်ဆောင်သည့်ကောင်းကင်တမန်ခုနစ်ပါးထဲမှ တစ်ပါးသည်လာ၍ ငါနှင့်စကားပြောလျက် “လာပါ။ သိုးသငယ်တော်၏ဇနီးသည်ဖြစ်သော သတို့သမီးကို သင့်အားငါပြမည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း9 နောက်ဆုံးသောဘေးဒဏ် ခုနစ်ပါးနှင့်ပြည့်နေသော ဖလားခုနစ်လုံးကို ကိုင်ဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးအနက် တစ်ပါးသည် လာ၍ “လာလော့။ သိုးသငယ်၏ဇနီးလောင်းဖြစ်သူ သတို့သမီးကို ငါပြမည်” ဟု ကျွန်ုပ်အားဆို၏။ အခန်းကိုကြည့်ပါ။ |
ဤကျမ်းစောင်တွင်ယေရှုခရစ်ပေးတော်မူ သော ဗျာဒိတ်တော်အကြောင်းကိုမှတ်တမ်း တင်ထား၏။ ဘုရားသခင်သည်ခရစ်တော် အားဤဗျာဒိတ်တော်ကိုပေးရခြင်းမှာ များ မကြာမီဖြစ်ပျက်ရမည့်အမှုအရာများ ကို မိမိ၏အစေခံတို့အားသိစေရန်ဖြစ် ပေသည်။ ခရစ်တော်သည်မိမိ၏အစေခံ ယောဟန်ထံသို့ကောင်းကင်တမန်ကိုစေ လွှတ်၍ ဤဗျာဒိတ်တော်ကိုပြန်ကြားစေ တော်မူ၏။-
ထိုနောက်ကောင်းကင်တမန်ကငါ့အား``ဤစကား သည်သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက်တို့အားဝိညာဉ်တော်နှင့်ပြည့်ဝစေ တော်မူသောထာဝရအရှင်ဘုရားသခင်သည် မကြာမီဖြစ်ပျက်ရမည့်အမှုအရာများကို မိမိ၏အစေခံတို့အားဖော်ပြရန်ကောင်းကင် တမန်ကိုစေလွှတ်တော်မူပြီ'' ဟုပြော၏။