နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။
ဒေသနာကျမ်း။ 1:15 - Common Language Bible ကောက်သောအရာကို မဖြောင့်စေနိုင်။ ချို့တဲ့ သောအရာကို မရေတွက်ရာ။ Garrad Bible ကောက် ကျစ် သော အ ရာ ကို မ ဖြောင့် မတ် စေ နိုင်။ လို သော အ ရာ ကို လည်း မ ဖြည့် စွက် နိုင် ချေ။ Judson Bible ကောက်သောအရာကို မဖြောင့်စေနိုင်။ ချို့တဲ့သောအရာကို မရေတွက်ရာ။ မြန်မာ့စံမီသမ္မာကျမ်း ကောက်သောအရာကို မဖြောင့်စေနိုင်။ လိုနေသောအရာကိုလည်း မရေတွက်နိုင်။ |
နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။
ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စ ထာဝရဖြစ်သည်ကို ငါသိ၏။ ထပ်၍မပြုနိုင်ရာ။ နှုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည် အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။
ပညာတရားနှင့် အကျိုးအကြောင်းကို ရှာဖွေ စစ်ဆေး၍ သိနားလည်ခြင်းငှါ၎င်း၊ မိုက်စွာကျင့်ခြင်း၏ အပြစ်နှင့် ရူးခြင်း၏အပြစ်ကို သိနားလည်ခြင်းငှါ၎င်း၊ ငါနှင့်ငါ့နှလုံးသည် ဝိုင်းညီ၍ ကြိုးစားလေပြီ။
ချိုင့်ဝှမ်းရှိသမျှကိုဖို့၍တောင်ကြီးတောင်ငယ် အပေါင်းကိုဖြိုချရကြလိမ့်မည်။ တောင်ကုန်းများသည် မြေညီဖြစ်လျက် ကြမ်းတမ်းသည့်နယ်မြေသည် ချောမော၍လာရလိမ့်မည်။
လူမည်းသည်မိမိ၏အသားအရောင်ကို ပြောင်းလဲစေနိုင်ပါသလော။ သို့တည်းမ ဟုတ်ကျားသစ်သည်မိမိ၏အကွက်များ ကိုဖယ်ရှားပစ်နိုင်ပါသလော။ အကယ်၍ ဤအမှုအရာများကိုပြုလုပ်နိုင်မည် ဆိုပါမူ ဒုစရိုက်ကိုသာလျှင်ပြုကျင့် တတ်သူသင်တို့သည်လည်း သုစရိုက်သို့ ပြောင်းလဲပြုကျင့်ကောင်းပြုကျင့်နိုင်ကြ ပေလိမ့်မည်။-
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
သင်တို့တွင်အဘယ်သူသည်စိုးရိမ်ကြောင့်ကြခြင်း အားဖြင့် မိမိ၏အသက်ကိုနှစ်အနည်းငယ်မျှပို ၍ရှည်စေနိုင်သနည်း။