ယေရမိ 13:23 - Common Language Bible23 လူမည်းသည်မိမိ၏အသားအရောင်ကို ပြောင်းလဲစေနိုင်ပါသလော။ သို့တည်းမ ဟုတ်ကျားသစ်သည်မိမိ၏အကွက်များ ကိုဖယ်ရှားပစ်နိုင်ပါသလော။ အကယ်၍ ဤအမှုအရာများကိုပြုလုပ်နိုင်မည် ဆိုပါမူ ဒုစရိုက်ကိုသာလျှင်ပြုကျင့် တတ်သူသင်တို့သည်လည်း သုစရိုက်သို့ ပြောင်းလဲပြုကျင့်ကောင်းပြုကျင့်နိုင်ကြ ပေလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible23 က ပ္ပ လီ သည်၊ ကိုယ့် အ သား အ ရေ ကိုလည်း ကောင်း၊ ကျား သစ် သည် ကိုယ့် အ ပြောက် အ ကွက် များ ကို လည်း ကောင်း၊ ပြောင်း နိုင် သ လော။ ပြောင်း နိုင် လျှင်၊ အ ဆိုး ၌ ထိုး ထွင်း သော သင် တို့ သည်၊ အ ကောင်း ကို ပြု ကောင်း ပြု လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible23 အဲသယောပိလူသည် မိမိအရေ၏အဆင်းကိုလည်းကောင်း၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကိုလည်းကောင်း ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက်ကို ပြုလေ့ရှိသောသူတို့သည်၊ သုစရိုက်ကိုပြုခြင်းငှာ တတ်နိုင်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 အီသီယိုးပီးယားလူသည် မိမိအသားအရေကိုလည်းကောင်း၊ ကျားသစ်သည် အကွက်အကျားဖြစ်နေသည်ကိုလည်းကောင်း ပြောင်းလဲပစ်နိုင်သလော။ ပြောင်းလဲနိုင်မည်ဆိုလျှင် ဆိုးညစ်သောအမှုကိုပြုမြဲပြုတတ်သောသင်တို့သည် ကောင်းသောအမှုကိုပြုလာနိုင်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သစ္စာရှိမှုကိုအမှန်ပင်လိုလားတော်မူ၏။ ကိုယ်တော်သည်သင်တို့အားဒဏ်ခတ်တော်မူသော်လည်းသင်တို့သည်ဂရုမစိုက်ကြ။ ဖျက်ဆီးချေမှုန်းတော်မူသော်လည်းပဲ့ပြင်ဆုံးမမှုကိုသင်တို့မခံမယူလိုကြ။ သင်တို့သည်ကျောက်ခဲထက်ခေါင်းမာလျက်နောင်တမရဘဲနေကြ၏။