ဒေသနာကျမ်း။ 7:25 - Common Language Bible25 ပညာတရားနှင့် အကျိုးအကြောင်းကို ရှာဖွေ စစ်ဆေး၍ သိနားလည်ခြင်းငှါ၎င်း၊ မိုက်စွာကျင့်ခြင်း၏ အပြစ်နှင့် ရူးခြင်း၏အပြစ်ကို သိနားလည်ခြင်းငှါ၎င်း၊ ငါနှင့်ငါ့နှလုံးသည် ဝိုင်းညီ၍ ကြိုးစားလေပြီ။ အခန်းကိုကြည့်ပါ။Garrad Bible25 တစ် ဖန်၊ ဉာဏ် ပ ညာ နှင့် အ ကြောင်း အ ကျိုး များ ကို စီ စစ် ရှာ ဖွေ၍ သိ ရန်လည်း ကောင်း၊ ဆိုး သွမ်း ခြင်း သည် မိုက် မဲ ခြင်း၊ မိုက် မဲ ခြင်း လည်း ရူး သွပ် ခြင်း ဖြစ် သည် ကို သိ ရန် လည်း ကောင်း၊ ငါ နှ လုံး သွင်း ရာ၊ အခန်းကိုကြည့်ပါ။Judson Bible25 ပညာတရားနှင့် အကျိုးအကြောင်းကို ရှာဖွေစစ်ဆေး၍ သိနားလည်ခြင်းငှာလည်းကောင်း၊ မိုက်စွာကျင့်ခြင်း၏အပြစ်နှင့် ရူးခြင်း၏အပြစ်ကို သိနားလည်ခြင်းငှာလည်းကောင်း၊ ငါနှင့် ငါ့နှလုံးသည် ဝိုင်းညီ၍ ကြိုးစားလေပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ငါသည် ဉာဏ်ပညာနှင့်အကြောင်းအကျိုးတို့ကို သိရှိ၍စူးစမ်းရှာဖွေရန်လည်းကောင်း၊ စဉ်းစားဉာဏ်ကင်းမဲ့ခြင်း၏ဆိုးယုတ်မှုနှင့် ရူးသွပ်ခြင်း၏မိုက်မဲမှုတို့ကို သိရှိရန်လည်းကောင်း ငါ့စိတ်အာရုံကိုပြန်လှည့်လိုက်၏။ အခန်းကိုကြည့်ပါ။ |
ထလော့၊ လူတို့ကိုသန့်စင်ခြင်းဝတ်ပြုစေ ပြီးလျှင် နက်ဖြန်နေ့၌ငါ၏ရှေ့တော်သို့ ဝင်ရန်အသင့်ရှိကြစေ။ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား ဤသို့မိန့်တော်မူကြောင်းပြောကြား လော့။ `ဣသရေလအမျိုးသားအပေါင်း တို့၊ ဖျက်ဆီးပစ်ရမည်ဟုငါပညတ်ထား သောပစ္စည်းအချို့သင်တို့တွင်ရှိ၏။ ထိုပစ္စည်း များကိုသင်တို့မဖျက်ဆီးသမျှကာလ ပတ်လုံးသင်တို့သည်ရန်သူများကိုမခံ မရပ်နိုင်။-
ရှေခင်၏ဖခင်ဟာမော်သည်ကြောင်းလမ်းရန် ကိစ္စနှင့်ယာကုပ်ထံသို့ရောက်ရှိလာ၏။ ယာကုပ် ၏သားတို့သည်မိမိတို့၏နှမအားရှေခင် ကမတရားပြုကျင့်ခြင်းဖြင့် ဣသရေလ တစ်မျိုးလုံးကိုစော်ကားကြောင်းကြားရသော အခါ မပြုအပ်သောယုတ်မာမှုကိုပြုသော ကြောင့်စိတ်နာ၍အလွန်ဒေါသအမျက်ထွက် ကြလေသည်။-