ဒေသနာကျမ်း။ 1:16 - Common Language Bible16 ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည်ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ကြီးမြင့်၍ပညာရှိ၏။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက်၏။ အခန်းကိုကြည့်ပါ။Garrad Bible16 ကိုယ့် စိတ် နှ လုံး နှင့် ဆွေး နွေး ရာ၊ ငါ က၊ ယေ ရု ရှ လင် မြို့ ပေါ် တွင် အုပ် စိုး သ မျှ သော အ တိတ် မင်း တို့ ထက်၊ ပ ညာ ကို လေ့ လာ တိုး ပွား၍၊ ဉာဏ် ပ ညာ နှင့် အ သိ ပ ညာ ကို ကျွမ်း ကျင် သိ မြင် ခဲ့ ပြီ ဟု မြွက် ဆို သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible16 ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည် ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဖူးသောသူအပေါင်းတို့ထက် ကြီးမြင့်၍ ပညာရှိ၏။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 “ကြည့်ရှုလော့။ ငါသည် ငါ့ထက်အလျင် ဂျေရုဆလင်မြို့၌ရှိခဲ့သောသူအားလုံးတို့ထက်ကြီးမြတ်၍ ဉာဏ်ပညာအရာ၌လည်းတိုးပွား၏။ ငါ၏စိတ်နှလုံးသည်လည်း များစွာသောဉာဏ်ပညာနှင့် အသိပညာတို့ကိုမြင်တွေ့ပြီ”ဟု ငါ့စိတ်နှလုံးထဲ၌ ငါမြွက်ဆို၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ကျွန်ုပ်သည်ကိုယ်တိုင်မျက်မြင်ဒိဌ မတွေ့မမြင်ရမိစဉ်အခါက ထိုသတင်းကို မယုံနိုင်ပါ။ ထိုစဉ်အခါကကျွန်ုပ်ကြားသိ ရသည့်အရာများသည် ယခုတွေ့မြင်ရသည့် အမှုအရာများ၏ထက်ဝက်မျှပင်မရှိပါ။ အဆွေတော်၏ဉာဏ်ပညာတော်နှင့်စည်းစိမ် ချမ်းသာသည်ကျွန်ုပ်ကြားသိခဲ့သည်ထက် များစွာပိုမိုကြီးကျယ်ပါပေသည်။-
မိုးမြေကိုဖန်ဆင်းတော်မူသောဣသရေလ လူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား အားထောမနာပြုကြစေသတည်း။ ကိုယ် တော်သည်ဒါဝိဒ်အားအသိအလိမ္မာဉာဏ် ပညာရှိသောသားတော်တစ်ပါးကိုပေး တော်မူ၏။ ထိုသားတော်သည်ယခုထာဝရ ဘုရားအတွက်ဗိမာန်တော်နှင့် မိမိအတွက် နန်းတော်ကိုတည်ဆောက်ရန်အကြံအစည် ရှိ၏။-
ဧလိရှဲ၏အစေခံဂေဟာဇိက``ငါ့သခင်သည် နေမန်ထံမှအဘယ်အရာကိုမျှမယူဘဲ သူ့ အားထွက်ခွာသွားခွင့်ပြုလေပြီတကား။ သခင် သည်ရှုရိအမျိုးသားပေးလှူသည့်ပစ္စည်းများ ကိုလက်ခံသင့်သည်။ ငါသည်နေမန်၏နောက်သို့ ပြေး၍လိုက်ပြီးလျှင် သူ့ထံမှပစ္စည်းတစ်စုံတစ် ရာကိုရအောင်ယူမည်ဖြစ်ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုပါ၏'' ဟုတစ်ကိုယ်တည်းပြောဆိုကာ၊-
ကျွန်ုပ်၏လူတို့သည်သစ်လုံးများကိုလေ ဗနုန်တောင်မှပင်လယ်ကမ်းခြေအထိယူ ဆောင်ကာဖောင်ဖွဲ့၍ အဆွေတော်အလိုရှိ ရာဆိပ်ကမ်းသို့မျှောချပေးပါမည်။ သူ တို့သည်ထိုဆိပ်ကမ်းတွင်ဖောင်များကို ဖျက်၍ သစ်လုံးများကိုအဆွေတော်၏လူ တို့အားပေးအပ်ကြပါမည်။ အဆွေတော် အနေဖြင့်ကျွန်ုပ်၏လူများအတွက်စား နပ်ရိက္ခာကိုထောက်ပံ့စေလိုပါသည်'' ဟု ပြန်ကြားလိုက်၏။