အာမရံတွင်အာရုန်၊ မောရှေဟူသောသား နှစ်ယောက်နှင့်မိရိအံဟူသောသမီးတစ် ယောက်ရှိ၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာ နှင့်ဣသမာဟူ၍သားလေးယောက်ရှိ၏။
ထွက်မြောက် 38:21 - Common Language Bible ပညတ်တော်ဆယ်ပါးရေးထိုးထားသော ကျောက်ပြားထားရှိရာတဲတော်အတွက် အသုံးပြုသောသတ္တုစာရင်းကိုဖော်ပြ ပေအံ့။ ထိုစာရင်းမှာယဇ်ပုရောဟိတ်အာရုန် ၏သားဣသမာဦးစီးသော လေဝိအမျိုး သားတို့ကမောရှေ၏အမိန့်အရပြုစု သောစာရင်းဖြစ်၏။ Garrad Bible မော ရှေ မှာ ထား သည့် အ တိုင်း ပ ရော ဟိတ် အာ ရုန့် သား ဣ သ မာ၏ လက် အောက် တွင် လေ ဝိ အ နွယ် သား တို့ ရေ တွက် သော သက် သေ တော် ရှိ စံ ရာ တော် ကုန် ဝင် ရန် စာ ရင်း ကို ဆို ပေ အံ့။ Judson Bible ဤရွေ့ကား၊ မောရှေစီရင်သည်အတိုင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာသည်၊ လေဝိလူများ အမှုတော်ဆောင်စရာတဲတော်ကို ရေတွက်မှတ်သားသော သက်သေခံချက် တဲတော်စာရင်းပေတည်း။ မြန်မာ့စံမီသမ္မာကျမ်း မောရှေပြောသည့်အတိုင်း သက်သေခံတော်မူချက်ထားရှိသောကိန်းဝပ်တော်မူရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အတွက် ပြုစုထားသောပစ္စည်းစာရင်းကား ဤသို့တည်း။ ထိုစာရင်းကို ယဇ်ပုရောဟိတ်အာရုန်၏သားဣသမာဦးဆောင်၍ လေဝိအမျိုးတို့က ပြုစုကြ၏။ |
အာမရံတွင်အာရုန်၊ မောရှေဟူသောသား နှစ်ယောက်နှင့်မိရိအံဟူသောသမီးတစ် ယောက်ရှိ၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာ နှင့်ဣသမာဟူ၍သားလေးယောက်ရှိ၏။
သို့ဖြစ်၍သူသည်ထိုသူအပေါင်းတို့၏ ခေါင်းဆောင်ယောယဒကိုခေါ်ပြီးလျှင်``ထာ ဝရဘုရားကိန်းဝပ်တော်မူရာတဲတော် အတွက် ပြည်သူတို့ပေးဆောင်ရန်ထာဝရ ဘုရား၏အစေခံမောရှေပြဋ္ဌာန်းသည့် အလှူငွေကို လေဝိအနွယ်ဝင်တို့အား အဘယ်ကြောင့်ယုဒပြည်နှင့်ယေရုရှလင် မြို့မှမကောက်ခံစေပါသနည်း'' ဟုမေး တော်မူ၏။
အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင်၊ တည်ဆောက်ခြင်းရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင်၊
အို ထာဝရဘုရား၊ အဘယ်သူသည်ကိုယ်တော်၏ဗိမာန်တော်သို့ ဝင်နိုင်ပါမည်နည်း။ အဘယ်သူသည်ကိုယ်တော်၏သန့်ရှင်းမြင့် မြတ်သော ဇိအုန်တောင်တော်ပေါ်တွင် ကိုးကွယ်ဝတ်ပြုနိုင်ပါမည်နည်း။
ပညတ်တော်များကိုအက္ခရာတင်ထားသည့် ကျောက်ပြားနှစ်ပြားကိုငါပေးမည်။ ထိုကျောက် ပြားများကိုသေတ္တာထဲ၌ထည့်ထားရမည်။
ကန့်လန့်ကာကိုချိတ်ပြီးနောက်ကန့်လန့်ကာ နောက်တွင် ကျောက်ပြားနှစ်ပြားပါရှိသည့် ပဋိညာဉ်သေတ္တာကိုထားလော့။ ကန့်လန့်ကာ သည်သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံး ဌာနတော်တို့ကိုပိုင်းခြားထားမည်။-
ယုဒအနွယ်ဟုရ၏မိသားစုမှဥရိ၏သား ဗေဇလေလသည် ထာဝရဘုရားကမောရှေ အားမိန့်မှာတော်မူသမျှတို့ကိုတာဝန်ယူ ဆောင်ရွက်လေ၏။-
တဲတော်တွင်ပညတ်တော်ဆယ်ပါးပါရှိ သောသေတ္တာတော်ကိုသွင်းထား၍၊ သေတ္တာ အရှေ့တွင်ကန့်လန့်ကာကို၊ ကာထားလော့။-
အာရုန်သည်အမိနဒပ်၏သမီး၊ နာရှုန်၏ နှမဧလိရှဘနှင့်စုံဖက်၍ဧလိရှဘသည် သားနာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ ကိုဖွားမြင်၏။-
စစ်မှုထမ်းစေမည့်အစားကောက်ယူရာတွင်လေဝိအနွယ်ဝင်တို့ကို ငါစံတော်မူရာတဲတော်နှင့်တဲတော်ပစ္စည်းများကိုထိန်းသိမ်းစေလော့။ သူတို့သည်တဲတော်နှင့်တဲတော်ပစ္စည်းများကိုသယ်ဆောင်ရမည်။ သူတို့သည်တဲတော်တွင်အမှုတော်ကိုထမ်း၍တဲတော်ပတ်လည်တွင်စခန်းချနေထိုင်ရမည်။-
တစ်စုံတစ်ယောက်သည်တဲတော်အနီးသို့ချဉ်းကပ်မိလျှင် ငါသည်အမျက်ထွက်၍တစ်မျိုးသားလုံးကိုဒဏ်ခတ်မည်ဖြစ်သည်။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုစောင့်ကြပ်ရန်တဲတော်ပတ်လည်တွင်စခန်းချရမည်'' ဟုမိန့်တော်မူ၏။-
ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှထွက်လာပြီးနောက်ဒုတိယနှစ်၊ ဒုတိယလ၊ နှစ်ဆယ်ရက်နေ့တွင်တဲတော် ကိုဖုံးလွှမ်းနေသောမိုးတိမ်သည်အထက် သို့တက်ကြွသဖြင့်၊-
သင်နှင့်သင်၏သားတို့သည်တဲတော်နှင့်ဆိုင် သောဝတ်တို့ကိုဆောင်ရွက်ရာ၌ သင်၏ဆွေ မျိုးသားချင်းများဖြစ်သောလေဝိအနွယ် ဝင်တို့အားသင်တို့ကိုကူညီစေလော့။-
ထာဝရဘုရားစံတော်မူရာတဲတော်ကိုထူသောနေ့တွင် မိုးတိမ်သက်ဆင်းလာ၍တဲတော်ကိုဖုံးလွှမ်းလေသည်။ ညအချိန်တွင်မိုးတိမ်သည်မီးလျှံကဲ့သို့တောက်ပလျက်ရှိ၏။-
ထိုအခါပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေဖွယ်ကောင်းပါ၏။ အရှင်အလိုတော်ရှိ လျှင်အရှင့်အတွက်တဲတစ်ဆောင်၊ မောရှေအတွက် တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင်၊ တဲသုံး ဆောင်ကိုအကျွန်ုပ်ဆောက်လုပ်ပါမည်'' ဟုလျှောက် ထား၏။
``တောကန္တာရတွင်ငါတို့ဘိုးဘေးများ၌ ဘုရားသခင်ကျိန်းဝပ်တော်မူရာတဲတော် ရှိ၏။ မောရှေအားဘုရားသခင်ပြတော်မူ သည့်ပုံစံနှင့်အညီ ထိုတဲတော်ကိုတည် ဆောက်ခဲ့၏။-
ငါတို့၏နေအိမ်ဖြစ်သည့်ကိုယ်ခန္ဓာတည်း ဟူသောယာယီတဲသည်ပျက်လျှင် ကောင်းကင် ဘုံတွင်ဘုရားသခင်ကိုယ်တော်တိုင်ဖန်ဆင်း တော်မူသောနိစ္စထာဝရနေအိမ်ကို ငါတို့ အားပေးသနားတော်မူမည်ဖြစ်ကြောင်းငါ တို့သိကြ၏။-
ကိုယ်တော်သည်အလွန်သန့်ရှင်းရာဌာနတော် တည်းဟူသောတဲတော်စစ်၌ အမှုတော်ဆောင် လျက်နေတော်မူ၏။ ထိုတဲတော်စစ်ကားလူတို့ တည်ဆောက်သောတဲတော်မဟုတ်၊ ဘုရားရှင် တည်ဆောက်တော်မူသောတဲတော်ဖြစ်သတည်း။
သို့ရာတွင်ခရစ်တော်သည်ယခုငါတို့ခံစား ရကြသည့် ကောင်းမြတ်သည့်အရာများနှင့် သက်ဆိုင်သောယဇ်ပုရောဟိတ်မင်းအဖြစ် ဖြင့်ကြွလာတော်မူလေပြီ။ ကိုယ်တော်အမှု တော်ဆောင်ရာတဲတော်သည် ပိုမို၍ကြီးမြတ် ပြီးပြည့်စုံလင်ပေသည်။ ထိုတဲတော်ကားလူ တို့လက်ဖြင့်တည်ဆောက်သောတဲတော်မဟုတ်။ ဤအဖန်ဆင်းခံလောကနှင့်မသက်ဆိုင်။-
ငါအသက်ရှင်လျက်ရှိနေသမျှကာလပတ်လုံး ထိုအရာများအကြောင်းကိုသင်တို့အားသတိ ပေးနှိုးဆော်လျက်နေသင့်သည်ဟုလည်းယူဆ ၏။-
ထိုအခါကောင်းကင်ဘုံ၌ဘုရားသခင် ၏ဗိမာန်တော်တံခါးသည်ပွင့်၍လာသဖြင့် ဗိမာန်တော်ထဲကပဋိညာဉ်သေတ္တာတော်ကို ငါမြင်ရ၏။ ထိုနောက်လျှပ်စစ်များပြက် ခြင်း၊ မိုးခြိမ်းခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မိုး သီးမုန်တိုင်းကြီးကျခြင်းများဖြစ်လေ သည်။
ထိုနောက်ကောင်းကင်ဘုံ၌ပဋိညာဉ်တဲတော်ရှိ သော ဗိမာန်တော်သည်ပွင့်၍လာသည်ကိုမြင်ရ၏။-
ငါသည်ပလ္လင်တော်မှကျယ်စွာသောအသံကို ကြားရ၏။ ထိုအသံက``ယခုအခါ၌ဘုရား သခင်သည်လူသားတို့ထံတွင်ကျိန်းဝပ်တော် မူပြီ။ ကိုယ်တော်သည်သူတို့နှင့်အတူနေတော် မူမည်။ ထိုသူတို့သည်ကိုယ်တော်၏လူစုတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင်ကိုယ်တော်တိုင် ပင်လျှင်သူတို့နှင့်အတူရှိနေတော်မူ၍သူ တို့၏ဘုရားဖြစ်မည်။-