ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်၏လူစုတော် သည် ကိုယ်တော်ပေးအပ်ထားတော်မူသည့် ပညတ်များကိုစောင့်ထိန်း၍အမိန့်တော်များကို လိုက်နာကြစေရန်ဖြစ်၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
တရားဟော 11:1 - Common Language Bible ``သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်၍ ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ ကိုအစဉ်လိုက်နာစောင့်ထိန်းရမည်။- Garrad Bible သို့ ဖြစ် ၍၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ချစ် ကြည် မြတ် နိုး လျက်၊ မှာ ထား ထုံး ဖွဲ့ ဆုံး ဖြတ် မိန့် ဆို တော် မူ ချက် များ ကို အ စဉ် စောင့် ရှောက် ကြ လော့။ Judson Bible သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ်ရမည်။ စီရင်ထုံးဖွဲ့တော်မူချက်၊ မှာထားတော်မူသော ပညတ်တော်တို့ကို အစဉ်စောင့်ရှောက်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ ကိုယ်တော်၏ညွှန်ကြားချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်၊ ပညတ်ချက် တို့ကို အစဉ်အမြဲစောင့်ထိန်းရမည်။ |
ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်၏လူစုတော် သည် ကိုယ်တော်ပေးအပ်ထားတော်မူသည့် ပညတ်များကိုစောင့်ထိန်း၍အမိန့်တော်များကို လိုက်နာကြစေရန်ဖြစ်၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
ထာဝရဘုရားသည်ငါ၏ပန်ကြား လျှောက်ထားချက်ကိုကြားတော်မူသည်ဖြစ်၍ ငါသည်ကိုယ်တော်ကိုချစ်မြတ်နိုး၏။ ကိုယ်တော်သည်ငါ၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူ၏။
ငါသည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၏။ ငါ၏ပညတ်တော်တို့ကို စောင့်ထိန်း၍ ငါ၏အမိန့်တော်တို့ကိုနာခံ ကြလော့။-
ထာဝရဘုရားက``ငါ၏ပညတ်များကို စောင့်ထိန်းလော့။ သင်တို့အလျင်ထိုပြည်၌ နေထိုင်ခဲ့သော သူတို့၏အလေ့အကျင့်များ ကိုအတုမခိုးနှင့်။ သင်တို့သည်ထိုအကျင့် များကိုကျင့်ခြင်းအားဖြင့် ကိုယ်ကိုမညစ် ညမ်းစေကြနှင့်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏'' ဟု မိန့်တော်မူ၏။
``ယဇ်ပုရောဟိတ်အားလုံးတို့သည် ငါ၏ ပညတ်များကိုလိုက်နာရကြမည်။ ယင်းသို့ မလိုက်နာလျှင်ပညတ်တော်များကိုချိုး ဖောက်သောကြောင့် သူတို့သည်အပြစ်ကူး လွန်သဖြင့်သေရကြမည်။ ငါသည်ထာဝရ ဘုရားဖြစ်၏။ ငါသည်သူတို့ကိုသန့်ရှင်း စေတော်မူ၏။
သင်တို့သည်တဲတော်တံခါးဝတွင်ထာဝရ ဘုရားမိန့်မှာတော်မူသမျှကို ခုနစ်ရက် ပတ်လုံးနေ့ညမပြတ်ဆောင်ရွက်လျက်နေ ရမည်။ သင်တို့သည်မိန့်မှာတော်မူသည် အတိုင်းမဆောင်ရွက်လျှင် သေရလိမ့်မည် ဟုထာဝရဘုရားကငါ့အားမိန့်တော် မူပြီ'' ဟူ၍ဆင့်ဆိုလေသည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``အကယ် ၍သင်သည်ငါ၏ပညတ်တော်တို့ကိုလိုက်နာ ၍ သင့်အားငါပေးအပ်သည့်တာဝန်ဝတ္တရား များကိုဆောင်ရွက်မည်ဆိုပါမူ ငါ၏ဗိမာန် တော်နှင့်ဗိမာန်တော်တံတိုင်းတို့ကိုဆက်လက် စောင့်ထိန်းကြည့်ရှုခွင့်ရလိမ့်မည်။ ငါသည်လည်း မိမိ၏ရှေ့တော်တွင်ရှိသည့်ကောင်းကင်တမန် တို့၏ဆုတောင်းပတ္ထနာများကိုကြားတော် မူသည့်နည်းတူသင်၏ဆုတောင်းပတ္ထနာကို လည်းကြားတော်မူမည်။-
``အို ဣသရေလအမျိုးသားတို့၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှစ်သက်တော် မူသောကျင့်ဝတ်ကားဤသို့တည်း၊ ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေ၍၊-
``သို့ဖြစ်၍သင်တို့အား ယနေ့ငါမှာကြားသော ပညတ်တော်များကိုစောင့်ထိန်းကြလော့။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍အမှုတော်ကိုဆောင်ရွက် လော့။-
``သင်တို့အားငါမှာကြားသောပညတ်တော် ရှိသမျှတို့ကို လိုက်နာရန်သတိပြုကြလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်၍ မိန့်တော်မူသမျှကိုလိုက်လျှောက်လျက် သစ္စာတော်ကိုစောင့်လော့။-
ထာဝရဘုရား၏ဦးဆောင်မှုကိုခံယူ၍ ကိုယ် တော်ကိုကြောက်ရွံ့ရိုသေလော့။ ကိုယ်တော်၏ ပညတ်တော်တို့ကိုစောင့်ထိန်း၍ စကားတော် ကိုနားထောင်လော့။ ကိုယ်တော်ကိုဝတ်ပြု ကိုးကွယ်၍ ကိုယ်တော်အားသစ္စာရှိလော့။-
သို့ဖြစ်၍ကိုယ်တော်၏စကားကိုနားထောင် လျက် သင်တို့အားငါတို့ယနေ့ဆင့်ဆိုသော ပညတ်တော်ရှိသမျှတို့ကိုစောင့်ထိန်းကြ လော့'' ဟုမှာကြားကြ၏။
ကိုယ်တော်သည်သင်တို့နှင့်သင်တို့၏ အဆက်အနွယ်တို့အား နားထောင်တတ် သောသဘောကိုပေးတော်မူလိမ့်မည်။ သင် တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ချစ်လျက် ထိုပြည်တွင်ဆက်လက်နေထိုင်နိုင်ရန်၊-
ထို့နောက်မောရှေကဣသရေလအမျိုးသား တို့အား``သင်တို့အားငါသွန်သင်သောပညတ် တို့ကိုလိုက်နာလျှင် သင်တို့သည်အသက်ရှင်၍ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရား ပေးတော်မူမည့်ပြည်ကိုလည်းသိမ်း ပိုက်ရရှိကြလိမ့်မည်။-
ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ငါသည်ပညတ် တော်အားလုံးကိုသင်တို့အားသွန်သင်ခဲ့ ပြီ။ သင်တို့တိုက်ခိုက်၍သိမ်းပိုက်နေထိုင်မည့် ပြည်တွင် ထိုပညတ်တော်တို့ကိုလိုက်နာကြ လော့။-
မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့ကိုဆင့်ခေါ်၍ သူတို့အားဤသို့ပြောကြား လေသည်။ ``ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အား ငါပြဋ္ဌာန်းပေးမည့်ပညတ်တော် အားလုံးကိုနားထောင်ကြလော့။ ထိုပညတ် တော်များကိုနာယူလိုက်နာရန်သတိပြု ကြလော့။-
သူတို့သည်ဤကဲ့သို့ငါ့ကိုအစဉ်ကြောက်ရွံ့ ရိုသေ၍ ငါ၏ပညတ်တော်အားလုံးကိုစောင့်ထိန်း ကြမည်ဆိုလျှင် သူတို့နှင့်သူတို့၏အဆက် အနွယ်များသည်ထာဝစဉ်ကောင်းစားကြ လိမ့်မည်။-
``သင်တို့အားသွန်သင်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးအပ်တော်မူသော ပညတ်တော်များသည်ကား ဤသို့တည်း။ သင် တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင် ဤပညတ် တော်များကိုလိုက်နာစောင့်ထိန်းကြလော့။-
သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။-