ဝတ်ပြု 18:30 - Common Language Bible30 ထာဝရဘုရားက``ငါ၏ပညတ်များကို စောင့်ထိန်းလော့။ သင်တို့အလျင်ထိုပြည်၌ နေထိုင်ခဲ့သော သူတို့၏အလေ့အကျင့်များ ကိုအတုမခိုးနှင့်။ သင်တို့သည်ထိုအကျင့် များကိုကျင့်ခြင်းအားဖြင့် ကိုယ်ကိုမညစ် ညမ်းစေကြနှင့်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏'' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible30 သင် တို့ မ ဝင် မီ ပြု ကျင့် နှင့် သော ရွံ ရှာ ဖွယ် အ ထုံး အ ဖွဲ့ များ ကို ပြု ကျင့် လျက် ကိုယ် ကို ညစ် ညူး ရာ မ ရောက် စေ ရန် ငါ မိန့် မှာ ချက် ကို စောင့် ရှောက် ကြ လော့။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း ဟူ၍ ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible30 သို့ဖြစ်၍ သင်တို့ရှေ့၌ပြုဖူးသော ထိုရွံရှာဖွယ်ထုံးစံဓလေ့သို့ သင်တို့သည်လိုက်၍၊ ကိုယ်ကိုကိုယ်မညစ်ညူးစေခြင်းငှာ၊ ငါ့ပညတ်တရားကို စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း30 ထို့ကြောင့် သင်တို့ရှေ့၌ရှိသောသူတို့ပြုကျင့်ကြသည့် စက်ဆုပ်ရွံရှာဖွယ်ဓလေ့စရိုက်တို့ကိုမပြုကျင့်မိရန် သင်တို့သည် ငါ၏ညွှန်ကြားချက်ကိုစောင့်ထိန်းရမည်။ ထိုဓလေ့စရိုက်တို့အားဖြင့် သင်တို့ကိုယ်သင်တို့ မညစ်ညူးစေနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့၏ဘုရားဝတ်ပြုနည်းကိုအတုမယူ ကြနှင့်။ ထိုသူတို့သည်မိမိတို့၏ဘုရားများ ကိုဝတ်ပြုရာ၌ ထာဝရဘုရားမုန်းတီးရွံ ရှာတော်မူသောအမှုများကိုပြုလုပ်ကြ သောကြောင့် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုဝတ်ပြုသည့်အခါ သူတို့ကဲ့သို့ ဝတ်မပြုကြနှင့်။ ထိုသူတို့သည်မိမိတို့ ၏သားသမီးများကိုပင်ယဇ်ပလ္လင်ပေါ်၌ မီးရှို့ပူဇော်ကြ၏။-
အဆိုးရွားဆုံးအပြုအမူမှာ ရုပ်တုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ပြည့်တန်ဆာအလုပ် ကိုအမျိုးသား၊ အမျိုးသမီးများလုပ်ကိုင် ကြခြင်းပင်ဖြစ်၏။ ပြည်တော်သို့ဣသရေလ အမျိုးသားတို့ချီတက်ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက်သော ပြည်သူပြည်သားတို့ပြုကျင့်ခဲ့သည့်စက် ဆုပ်ရွံရှာဖွယ်ရာအလေ့ဟူသမျှကို ယုဒ ပြည်သူတို့သည်ပြုကျင့်ကြကုန်၏။
သူသည်အာမောရိပြည်သားတို့ပြုသည့်အတိုင်း ရုပ်တုများကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့် အလွန်ရှက်ကြောက်ဖွယ်ကောင်းသည့်အပြစ်များ ကိုပြုလေသည်။ အာမောရိပြည်သူတို့ကား ခါနာန်ပြည်သို့ဣသရေလအမျိုးသားတို့ ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ် တော်မူသောသူများဖြစ်သတည်း။)
ဤအမှုကိစ္စအပေါင်းကိုဆောင်ရွက်၍ပြီးသော အခါ ဣသရေလအမျိုးသားခေါင်းဆောင်အချို့ တို့သည် ငါ့ထံသို့လာ၍``ပြည်သူများ၊ ယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်များသည် မိမိ တို့ပတ်ဝန်းကျင်တွင် ရှိသည့်အမ္မုန်ပြည်၊ မောဘ ပြည်၊ အီဂျစ်ပြည်တို့မှလူများနှင့်လည်းကောင်း၊ ခါနာနိ၊ ဟိတ္တိအမျိုးသားများ၊ ဖေရဇိအမျိုး သား၊ ယေဗုသိအမျိုးသားများ၊ အာမောရိ အမျိုးသားများနှင့်လည်းကောင်း ကင်းရှင်း စွာမနေကြ။ သူတို့သည်ထိုသူတို့ပြုကျင့် သည့် စက်ဆုတ်ရွံရှာဖွယ်ကောင်းသောအမှု တို့ကိုပြုကျင့်ကြပါ၏။-