တရားဟော 11:2 - Common Language Bible
2 ထာဝရဘုရားကိုသင်တို့ကိုယ်တိုင်ထိတွေ့ သိမြင်ခဲ့ရသဖြင့် ကိုယ်တော်၏အကြောင်း ကိုသိရပြီဖြစ်ကြောင်းယနေ့သိမှတ်ကြ လော့။ သင်တို့သာလျှင်ထိုသို့တွေ့ကြုံခံစား ခဲ့ရကြသည်။ သင်တို့၏သားသမီးများ မူကား ထိုအတွေ့အကြုံကိုမခံစားခဲ့ရ ကြ။ ထာဝရဘုရား၏ကြီးမြတ်တော်မူ ခြင်းဘုန်းတန်ခိုးတော်နှင့်၊-
အခန်းကိုကြည့်ပါ။ ကော်ပီ
2-7 အိ ဂျစ် ပြည် အ တွင်း တွင် ပြည့် ရှင် ဖာ ရော မင်း နှင့် ပြည် သူ ပြည် သား တို့၌ အ ဆုံး အ မ တော် တည်း ဟူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား စီ ရင် ခဲ့ သော အ ခြင်း အ ရာ တော်၊ နိ မိတ် လ က္ခ ဏာ တော် များ မှ စ၍ အား ကြီး သော လက် ရုံး တော် ဆန့် တန်း ခြင်း နှင့် မြင့် မြတ် တော် မူ ခြင်း ကိုလည်း ကောင်း၊ သင် တို့ ကို လိုက် လံ ကြ သော အိ ဂျစ် မြင်း တပ်၊ ရ ထား တပ်၊ အ လုံး အ ရင်း များ ကို ပင် လယ် နီ ရေ ဖြင့် လွှမ်း မိုး၍ ထာ ဝ ရ ဘု ရား ဖျက် ဆီး ပယ် ရှား တော် မူ ခြင်း ကိုလည်း ကောင်း၊ ဤ နေ ရာ သို့ သင် တို့ ရောက် သည့် တိုင် အောင်၊ သဲ တော တွင် ပြု စု စီ ရင် တော် မူ ခြင်း ကို လည်း ကောင်း၊ ရု ဗင့် အ နွယ်၊ ဧ လျာ ဘ သား ဒါ သန်၊ အ ဘိ ရံ တို့ ကို လိုက် ပါ သူ၊ အိမ် ထောင်၊ တဲ များ ပါ ဣ သ ရေ လ လူ မျိုး ရှေ့ တွင်၊ မြေ ခံ တွင်း ဟ၍ မျို စေ တော် မူ ခြင်း ကိုလည်း ကောင်း၊ သိ မှတ် ကြ လော့။ မ သိ မ မြင် သော သင် တို့ သား သ မီး များ အား ငါ ဆို သည် မ ဟုတ်။ ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သ မျှ သော တန် ခိုး ကို ဒိ ဋ္ဌ မြင် ရ ကြ သော သင် တို့ အား ငါ ဆို ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
2 သင်၏ ဘုရားသခင်ထာဝရဘုရား ဆုံးမတော်မူခြင်းကိုလည်းကောင်း၊ ဘုန်းအာနုဘော်တော်ကိုလည်းကောင်း၊ အားကြီးသောလက်ရုံး ဆန့်တော်မူခြင်းကိုလည်းကောင်း၊
အခန်းကိုကြည့်ပါ။ ကော်ပီ
2 သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ဆုံးမပဲ့ပြင်တော်မူခြင်း၊ ကြီးမြတ်တော်မူခြင်း၊ အားကြီးသောလက်တော်နှင့် ဆန့်တန်းသောလက်ရုံးတော်တို့ကို သင်တို့၏သားမြေးတို့ မသိမမြင်ခဲ့ကြ။
အခန်းကိုကြည့်ပါ။ ကော်ပီ