လေဝိအနွယ်ဝင်တို့၏အဋ္ဌိကတာဝန် မှာအာရုန်နှင့် သူ၏သားတို့လက်အောက်၌ အမှုထမ်းခြင်းဖြစ်သည်။-
ဣ သ ရေ လ အ မျိုး သား တို့ အ နက် လေ ဝိ အ နွယ် သား တို့ ကို လွှဲ အပ် တော် မူ သည့် အ လျောက်၊ အာ ရုန် နှင့် သား တို့ အား ထို အ နွယ် ကို အပ် နှင်း လော့။
လေဝိသားတို့ကို၊ အာရုန်နှင့်သူ၏သားတို့၌ အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အားအပိုင်ပေးရမည်။
သို့ဖြစ်၍ သင်သည် လေဝိအမျိုးတို့ကို အာရုန်နှင့်သူ၏သားများထံ အပ်နှံရမည်။ လေဝိအမျိုးတို့သည် အစ္စရေးအမျိုးသားတို့အနက် အာရုန်ထံ လုံးလုံးအပ်နှံခြင်းခံရသူများဖြစ်၏။
ထိုနောက်မင်းကြီးက``ထာဝရဘုရားသည် မိမိ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် နှင့် အစဉ်အမြဲကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ရန် လေဝိအနွယ်ဝင်တို့ကိုသာ လျှင်ရွေးချယ်ခန့်ထားတော်မူသည်ဖြစ်၍ ထိုသူတို့သာလျှင်ပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်ရကြပေမည်'' ဟုမိန့်တော် မူလျက်၊-
ဤရာထူးတွင်ခန့်ထားခြင်းခံရသူတို့ ၏ ဆွေစဉ်မျိုးဆက်စာရင်းမှာအောက်ပါ အတိုင်းဖြစ်သည်။ ကောဟတ်သားချင်းစုမှယောလ၏သား ဟေမန်သည် ပထမသံစုံသီချင်းအဖွဲ့ ခေါင်းဆောင်ဖြစ်၏။ ဟေမန်၏အဖသည် ယောလ၊ ယောလ၏အဖမှာ ရှမွေလ၊ ရှမွေလ၏အဖကားဧလကာနဖြစ်၏။ ဧလကာန၏အဖသည် ယေရောဟံ၊ ယေ ရောဟံ၏အဖမှာဧလျာဘ၊ ဧလျာဘ ၏အဖကားတောအာဖြစ်၏။ တောအာ၏ အဖသည်ဇောဖဲ၊ ဇောဖဲ၏အဖမှာ ဧလ ကာန၊ ဧလကာန၏အဖကားမာဟတ် ဖြစ်၏။ မာဟတ်၏အဖသည် အမာသဲ၊ အမာသဲ၏အဖသည်ဧလကာန၊ ဧလ ကာန၏အဖမှာယောလ၊ ယောလ၏အဖ ကားအာဇရိဖြစ်၏။ အာဇရိ၏အဖသည် ဇေဖနိ၊ ဇေဖနိ၏အဖမှာတာဟတ်၊ တာ ဟတ်၏အဖသည်အဿိရ၊ အဿိရ၏အဖ ကားဧဗျာသပ်ဖြစ်၏။ ဧဗျာသပ်၏အဖ သည်ကောရ၊ ကောရ၏အဖမှာဣဇဟာ၊ ဣဇဟာ၏အဖကားကောဟတ်ဖြစ်၏။ ကောဟပ်၏အဖသည်လေဝိ၊ လေဝိ၏ အဖကားယာကုပ်ဖြစ်၏။ ဤသို့လျှင် ဟေမန်၏ဘိုးဘေးစာရင်းမှာယာကုပ် တွင်အဆုံးသတ်သတည်း။
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောဗိမာန်တော်အလုပ်သမားသားချင်းစုများမှာ၊ ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊ ကေရုတ်၊သယာဟ၊ပါဒုန်၊ လေဗန၊ဟာဂဘ၊အက္ကုပ်၊ ဟာဂပ်၊ရှာလမဲ၊ဟာနန်၊ ဂိဒ္ဒေလ၊ဂါဟာ၊ရာယ၊ ရေဇိန်၊နေကောဒ၊ဂဇ္ဇမ်၊ သြဇ၊ပါသာ၊ဗေသဲ၊ အာသနာ၊မဟုနိမ်၊နဖုသိမ်၊ ဗာကဗုတ်၊ဟကုဖ၊ယာရဟုရ၊ ဗာဇလုတ်၊မဟိဒ၊ဟရရှ၊ ဗာကုတ်၊သိသရ၊သာမ နေဇိနှင့်ဟတိဖတို့ဖြစ်ကြ၏။
သူတို့သည်မောရှေ၏ကျမ်းတွင်ပါရှိသည့်ညွှန်ကြားချက်များအတိုင်း ယေရုရှလင်မြို့ဗိမာန်တော်တွင်ကိုးကွယ်ဝတ်ပြုမှုအတွက် ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များအားအလှည့်ကျခွဲထားသောတာဝန်ကိုပေးအပ်ကြလေသည်။
ထို့ပြင်လေဝိအနွယ်ဝင်များကိုကူညီရန် ဒါဝိဒ်မင်းနှင့်မှူးမတ်တော်များစီမံခဲ့သည့် ဗိမာန်တော်အလုပ်သမားနှစ်ရာ့နှစ်ဆယ် တို့လည်းပါလာလေသည်။ သူတို့အားလုံး ၏နာမည်များကိုစာရင်းသွင်းထားသတည်း။
ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် သင်တို့ကိုထာဝရဘုရားထံ တော်သို့ချဉ်းကပ်ရန် ထာဝရဘုရား၏ တဲတော်တွင်အမှုထမ်းရန်နှင့် တစ်မျိုး သားလုံး၏အမှုကိုဆောင်ရွက်ရန်သီး သန့်ရွေးချယ်တော်မူ၏။ ဤအခွင့်အရေး သည်သေးသိမ်သောအခွင့်အရေးမဟုတ်။-
သင်နှင့်သင်၏သားတို့သည်တဲတော်နှင့်ဆိုင် သောဝတ်တို့ကိုဆောင်ရွက်ရာ၌ သင်၏ဆွေ မျိုးသားချင်းများဖြစ်သောလေဝိအနွယ် ဝင်တို့အားသင်တို့ကိုကူညီစေလော့။-
သူတို့သည်တဲတော်နှင့်ဆိုင်သောပစ္စည်း အားလုံးကိုထိန်းသိမ်း၍ဣသရေလအမျိုး သားတို့အတွက်တဲတော်တွင်အမှုထမ်း ရမည်။-
ဤနည်းအားဖြင့်သူတို့ကိုငါပိုင်ဆိုင်ရာ ဖြစ်စေခြင်းငှာ ဣသရေလအမျိုးသားတို့ မှသီးခြားခွဲထုတ်လော့။-
ဣသရေလအမျိုးသားတို့၏သားဦး အပေါင်းတို့ကိုယ်စား သူတို့ကိုငါ့အတွက် ငါရွေးကောက်ခဲ့သဖြင့်သူတို့သည်ငါနှင့် သာဆိုင်၏။-
ယခုငါသည်ဣသရေလအမျိုးသား တို့၏သားဦးရှိသမျှတို့အစား လေဝိ အနွယ်ဝင်တို့ကိုရွေးချယ်၍၊-
ဣသရေလအမျိုးသားတို့ထံမှပူဇော် သကာအဖြစ် အာရုန်နှင့်သူ၏သားများ လက်သို့အပ်နှံ၏။ သူတို့သည်ဣသရေလ အမျိုးသားတို့ကိုယ်စားတဲတော်တွင်အမှု ထမ်းရမည်။ ဣသရေလအမျိုးသားတို့ သန့်ရှင်းရာဌာနတော်အနီးသို့ချဉ်းကပ်၍ ဘေးဒဏ်မသင့်စေရန်သူတို့ကကာကွယ် စောင့်ရှောက်ပေးရမည်'' ဟုမိန့်တော်မူ၏။
လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။-
ကျမ်းစာလာသည်အတိုင်း၊ ``ကိုယ်တော်သည်အထက်ဘဝဂ်သို့ တက်ကြွတော်မူသောအခါ မိမိနှင့်အတူသုံ့ပန်းအမြောက်အမြားကို ခေါ်ဆောင်သွားတော်မူ၏။ လူသားတို့အားဆုကျေးဇူးများကိုချပေးတော် မူ၏။''