ဧဖက် 4:8 - Common Language Bible8 ကျမ်းစာလာသည်အတိုင်း၊ ``ကိုယ်တော်သည်အထက်ဘဝဂ်သို့ တက်ကြွတော်မူသောအခါ မိမိနှင့်အတူသုံ့ပန်းအမြောက်အမြားကို ခေါ်ဆောင်သွားတော်မူ၏။ လူသားတို့အားဆုကျေးဇူးများကိုချပေးတော် မူ၏။'' အခန်းကိုကြည့်ပါ။Garrad Bible8 ထို သို့ ကိုယ် တော် သည် သုံ့ ဖမ်း ရာ ကို သုံ့ ဖမ်း လျက် မြင့် ရာ သို့ တက် ကြွ၍ လူ တို့ အား ဆု များ ကို ချ ပေး တော် မူ သည် ဟု ဗျာ ဒိတ် တော် ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား၊ မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဖမ်းသွားတော်မူ၍၊ လူတို့အား ဆုလာဘ်များကို ပေးတော်မူသည်ဟု လာသတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ထို့ကြောင့် “ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ ချုပ်နှောင်ထားသောသူကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့အား လက်ဆောင်များကိုပေးတော်မူ၏”ဟု ကျမ်းစာ၌ဆိုထား၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ထို့ကြောင့် ကျမ်းစာ၌ “ကိုယ်တော်သည် မြင့်ရာအရပ်သို့ တက်ကြွတော်မူသောအခါ သုံ့ပန်းများစွာကို ခေါ်ဆောင်သွား၍ မိမိ၏ လူတို့အား လက်ဆောင်များကို ပေးတော်မူ၏” ဟု ဖော်ပြထား၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်သည်ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိ လာသောအခါ တိုက်ရာပါပစ္စည်းအချို့တို့ကို မိမိ၏မိတ်ဆွေများဖြစ်သောယုဒခေါင်းဆောင် များထံသို့အမှာစာရေး၍ပေးပို့လိုက်လေ သည်။ အမှာစာတွင်``ထာဝရဘုရား၏ရန်သူ များထံမှအကျွန်ုပ်ရရှိခဲ့သည့်တိုက်ရာပါ ပစ္စည်းအချို့ကိုသင်တို့အတွက်လက်ဆောင် ပေးပို့လိုက်ပါသည်'' ဟုဖော်ပြပါရှိ၏။-
ထိုနောက်မိမိ၏မှူးမတ်များနှင့်မင်းအရာ ရှိအပေါင်းကိုဖိတ်ကြားတော်မူ၍ ဧသတာ အားဂုဏ်ပြုစားသောက်ပွဲကြီးကိုကျင်းပ တော်မူ၏။ သူသည်အင်ပါယာနိုင်ငံတော် တစ်ဝှမ်းလုံးတွင်ထိုနေ့ကိုအလုပ်နားရက် အဖြစ်သတ်မှတ်ကြေငြာတော်မူ၍ ဘုရင့် ဂုဏ်နှင့်လျော်စွာဆုတော်လာဘ်တော်များ ကိုလည်းပေးသနားတော်မူ၏။
လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။-