Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 15:2 - Common Language Bible

2 ထို​နောက်​မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ရန် နှင့် အ​စဉ်​အ​မြဲ​ကိုယ်​တော်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​ရန် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​သာ လျှင်​ရွေး​ချယ်​ခန့်​ထား​တော်​မူ​သည်​ဖြစ်​၍ ထို​သူ​တို့​သာ​လျှင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​ရ​ကြ​ပေ​မည်'' ဟု​မိန့်​တော် မူ​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ဒါ ဝိဒ် မင်း က၊ ထာ ဝ ရ ဘု ရား ထံ အ စဉ် အ မှု တော် ဆောင် ရွက် ခြင်း၊ ဘု ရား သ ခင့် သေ တ္တာ တော် ကို ထမ်း ခြင်း ပြု ရန် ရွေး ချယ် တော် မူ ခဲ့ သော လေ ဝိ ဂိုဏ်း သား တို့ မှ တစ် ပါး မည် သူ မျှ ထို သေ တ္တာ တော် ကို မ ထမ်း အပ် ဟု မိန့် ဆို သည် နှင့် အ ညီ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ဒါ​ဝိဒ်​က၊ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို​ထမ်း၍ ရှေ့​တော်၌ အ​မှု​တော်​ကို​အ​စဉ်​စောင့်​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် လေ​ဝိ​သား​တို့​ကို ရွေး​ချယ်​တော်​မူ​သော​ကြောင့်၊ အ​ခြား​တစ်​ပါး​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို မ​ထမ်း​ရ​ကြ​ဟု​ဆို​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ဒါဝိဒ်​မင်းကြီး​က “​လေဝိ​အမျိုး​မှလွဲ၍ မည်သူ​မျှ ဘုရားသခင်​၏​သေတ္တာ​တော်​ကို မ​ထမ်း​ရ​။ အကြောင်းမူကား ထာဝရဘုရား​၏​သေတ္တာ​တော်​ကို​ထမ်း​ရန်​နှင့် အမှု​တော်​ကို​အစဉ်​ဆောင်ရွက်​ရန် သူ​တို့​ကို ထာဝရဘုရား ရွေးချယ်​တော်မူ​ပြီ​”​ဟု မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 15:2
17 ပူးပေါင်းရင်းမြစ်များ  

ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ​သူ​တို့ သည်​ခြေ​ခြောက်​လှမ်း​မျှ​လှမ်း​မိ​သော​အ​ခါ ဒါ​ဝိဒ်​သည်​သူ​တို့​အား​ရပ်​စေ​ပြီး​လျှင် ထာ​ဝ​ရ ဘုရား​အား​နွား​ထီး​တစ်​ကောင်​နှင့်​ဆူ​ဖြိုး​သော သိုး​တစ်​ကောင်​ကို​ယဇ်​ပူ​ဇော်​လေ​သည်။-


ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သြ​ဝါ​ဒ​ပေး ရ​သော၊ မိ​မိ​တို့​ကိုယ်​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​ဖြစ်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​မင်း​ကြီး​က``ဒါ​ဝိဒ်​၏​သား တော်​ရှော​လ​မုန်​မင်း​တည်​ဆောက်​တော်​မူ​ခဲ့ သည့်​ဗိ​မာန်​တော်​တွင် ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ထား​ရှိ​ကြ​လော့။ သင်​တို့​သည်​ထို​သေတ္တာ တော်​ကို​တစ်​နေ​ရာ​မှ​တစ်​နေ​ရာ​သို့​ပြောင်း ရွှေ့​မှု​မ​ပြု​ကြ​တော့​ဘဲ သင်​တို့​ဘု​ရား​သခင် ထာ​ဝရ​ဘု​ရား​နှင့်​ကိုယ်​တော်​၏​လူ​မျိုး​တော် အ​တွက်​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​ကြ မည်။-


သေတ္တာ​ကို​သယ်​ဆောင်​ရန်​ထမ်း​ပိုး​များ​ကို​သေတ္တာ တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​ထား ရ​မည်။-


ငါ​သည်​ထို​သူ​အ​ချို့​တို့​ကို​ယဇ်​ပု​ရော ဟိတ်​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​အ​ဖြစ် ခန့်​ထား​မည်။''


``လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ဆင့်​ခေါ်​၍​ယဇ်​ပု​ရော ဟိတ်​အာ​ရုန်​၏​လက်​အောက်​တွင်​အ​မှု​တော်​ဆောင် ရွက်​စေ​လော့။-


လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​အ​ဋ္ဌိ​က​တာ​ဝန် မှာ​အာ​ရုန်​နှင့် သူ​၏​သား​တို့​လက်​အောက်​၌ အ​မှု​ထမ်း​ခြင်း​ဖြစ်​သည်။-


ကော​ဟတ်​သား​ချင်း​စု​တို့​သည် မိ​မိ​တို့​ကြည့် ရှု​ထိန်း​သိမ်း​ရ​သော​တဲ​တော်​ဆိုင်​ရာ​ပစ္စည်း များ​ကို ပ​ခုံး​ပေါ်​တွင်​ထမ်း​ရ​သော​ကြောင့် မော​ရှေ​သည်​သူ​တို့​အ​တွက်​လှည်း​နှင့် နွား​များ​ကို​မ​ပေး​အပ်​ချေ။


တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​လေဝိ​အမျိုး သား​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ထိန်း သိမ်း​ရန်​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ ကို​ဆောင်​ရွက်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏ နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ကောင်း​ချီး​မင်္ဂလာ ပေး​ရန်​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။ ယ​နေ့ တိုင်​အောင်​သူ​တို့​သည်​ထို​ဝတ္တရား​များ​ကို ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-


သို့​ဖြစ်​၍​မော​ရှေ​သည်​ဘု​ရား​သ​ခင်​၏ ပ​ညတ်​တ​ရား​တော်​ကို​ရေး​၍ ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ထိန်း သိမ်း​ရ​သော​လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​များ​အား​ပေး​အပ်​လေ​သည်။-


``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ယဇ်​ပု​ရော​ဟိတ်​များ ပင့်​ဆောင်​လာ​သည်​ကို​မြင်​လျှင် သင်​တို့​သည် စ​ခန်း​သိမ်း​၍​သူ​တို့​နောက်​သို့​လိုက်​ကြ​ရ မည်။-


ယော​ရှု​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ကို​ခေါ်​ပြီး လျှင်``ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ လော့။ သင်​တို့​အ​နက်​ခု​နစ်​ယောက်​တို့​သည် တံ​ပိုး​ခ​ရာ​များ​ကို​ကိုင်​လျက် ပ​ဋိ​ညာဉ် သေတ္တာ​တော်​ရှေ့​က​သွား​ကြ​လော့'' ဟု​မှာ ကြား​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ