ဒါဝိဒ်၏နောက်ဆုံးညွှန်ကြားချက်များအရ အသက်နှစ်ဆယ်ပြည့်သူ လေဝိအနွယ်ဝင် အပေါင်းတို့သည်အမှုဆောင်ရန်မှတ်ပုံတင် ရကြ၏။-
တောလည် 3:8 - Common Language Bible သူတို့သည်တဲတော်နှင့်ဆိုင်သောပစ္စည်း အားလုံးကိုထိန်းသိမ်း၍ဣသရေလအမျိုး သားတို့အတွက်တဲတော်တွင်အမှုထမ်း ရမည်။- Garrad Bible တွေ့ ဆုံ ရာ တဲ တော် အ သုံး အ ဆောင် ရှိ သ မျှ ကို စောင့် ထိန်း ၍ ဣ သ ရေ လ အ မျိုး သား တို့ အ တွက် အ မှု ကို ဆောင် ရွက် ကြ စေ။ Judson Bible သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုးသားဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း တွေ့ဆုံစည်းဝေးရာတဲတော်၏တန်ဆာပလာရှိသမျှကို ထိန်းသိမ်းရမည်၊ အစ္စရေးအမျိုးသားတို့နှင့်ဆိုင်သောအလုပ်ဖြစ်သည့် ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုလည်း လုပ်ဆောင်ရမည်။ |
ဒါဝိဒ်၏နောက်ဆုံးညွှန်ကြားချက်များအရ အသက်နှစ်ဆယ်ပြည့်သူ လေဝိအနွယ်ဝင် အပေါင်းတို့သည်အမှုဆောင်ရန်မှတ်ပုံတင် ရကြ၏။-
ငါ့သားတို့၊ မဖင့်နွှဲကြနှင့်၊ ထာဝရဘုရား အားနံ့သာပေါင်းမီးရှို့ပူဇော်ရန်နှင့် ကိုယ် တော်အားကိုးကွယ်ဝတ်ပြုရာတွင်ဦးဆောင် ရန် ကိုယ်တော်ရွေးချယ်ခန့်ထားသူများမှာ သင်တို့ပင်ဖြစ်ကြ၏'' ဟုမိန့်တော်မူ၏။
သန့်ရှင်းမြင့်မြတ်သည့်ခွက်ဖလားများကို ကိုင်ဆောင်လာသူအပေါင်းတို့၊ ဗာဗုလုန်ပြည်မှချက်ချင်းထွက်ခွာလာကြလော့။ တားမြစ်ထားသည့်အရာများကိုလက်နှင့်မျှ မတို့ကြနှင့်။ သင်တို့ကိုယ်ကိုသန့်စွာထား၍မြို့ထဲမှ ထွက်ခွာသွားကြလော့။
ထိုနောက်တဲတော်ကိုဖြုတ်ချ၍ဂေရရှုန် သားချင်းစုနှင့် မေရာရိသားချင်းစုတို့ သည်တဲတော်ကိုထမ်းလျက်ချီတက်ရသည်။
ထိုနောက်လေဝိအနွယ်ကောဟတ်သားချင်းစု တို့သည် တဲတော်ဆိုင်ရာပစ္စည်းများကိုထမ်းလျက် ချီတက်ရသည်။ သူတို့သည်နောက်စခန်းသို့ ဆိုက်ရောက်သည့်အခါ တဲတော်ကိုထူနှင့်ပြီး ဖြစ်သည်။
သူတို့သည်ငါစံတော်မူရာတဲတော်နှင့်ဆိုင် သောအမှုကိုဆောင်ရွက်ရမည်။ ယဇ်ပုရော ဟိတ်များ၏ဝတ္တရားများနှင့်ဣသရေလ တစ်မျိုးသားလုံးနှင့်ဆိုင်သောဝတ္တရားများ ကိုဆောင်ရွက်ရမည်။-
လေဝိအနွယ်ဝင်တို့၏အဋ္ဌိကတာဝန် မှာအာရုန်နှင့် သူ၏သားတို့လက်အောက်၌ အမှုထမ်းခြင်းဖြစ်သည်။-
ဣသရေလအမျိုးသားတို့အတွက်ဝေစုထဲ မှ သုံ့ပန်းငါးဆယ်လျှင်တစ်ယောက်ကျဖြင့် လည်းကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်တို့ကိုလည်း ထိုအချိုးကျဖြင့်လည်းကောင်းနုတ်ယူ၍ ထာဝရဘုရား၏တဲတော်ကိုတာဝန်ယူ စောင့်ထိန်းရသောလေဝိအမျိုးသားတို့ အားပေးအပ်ရမည်'' ဟုမိန့်တော်မူ၏။-
စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။ တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။
ဤသည်တို့ကားတဲတော်တွင်ဂေရရှုန်သားချင်း စုတို့ဆောင်ရွက်ရမည့်တာဝန်များဖြစ်သည်။ သူ တို့သည်ယဇ်ပုရောဟိတ်အာရုန်၏သားဣသမာ ညွှန်ကြားသည့်အတိုင်းဆောင်ရွက်ရကြမည်။
ဤသည်တို့သည်ကားတဲတော်တွင်မေရာရိ သားချင်းစုတို့ဆောင်ရွက်ရမည့်တာဝန်များ ဖြစ်သည်။ သူတို့သည်ယဇ်ပုရောဟိတ်အာရုန် ၏သားဣသမာညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြရမည်။