ဟေရှာယ 52:11 - Common Language Bible11 သန့်ရှင်းမြင့်မြတ်သည့်ခွက်ဖလားများကို ကိုင်ဆောင်လာသူအပေါင်းတို့၊ ဗာဗုလုန်ပြည်မှချက်ချင်းထွက်ခွာလာကြလော့။ တားမြစ်ထားသည့်အရာများကိုလက်နှင့်မျှ မတို့ကြနှင့်။ သင်တို့ကိုယ်ကိုသန့်စွာထား၍မြို့ထဲမှ ထွက်ခွာသွားကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible11 ထွက် ကြ လော့။ ထွက် ကြ လော့။ မ သန့် ရာ ကို မ ထိ ဘဲ၊ ဤ မှ ထွက် သွား ကြ လော့။ ထာ ဝ ရ ဘု ရား၏ အ သုံး အ ဆောင် တော် များ ကို ပင့် ဆောင် ရ သော သင် တို့၊ စင် ကြယ် သော အ ဖြစ် နှင့် ထို မြို့ တွင်း မှ ထွက် သွား ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible11 ထွက်ကြ။ ထွက်ကြ။ ထိုအရပ်မှ ထွက်သွားကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့်။ ထိုအရပ်ထဲက ထွက်သွားကြလော့။ ထာဝရဘုရား၏အဆောက်အဦတို့ကို ဆောင်ရွက်သောသူတို့၊ သန့်ရှင်းခြင်း ရှိကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ထွက်သွားကြ။ ထွက်သွားကြ။ ထိုအရပ်မှ ထွက်ခွာသွားကြ။ မစင်ကြယ်သောအရာကို မထိကြနှင့်။ ထိုအရပ်မှ ထွက်ခွာသွားကြလော့။ ထာဝရဘုရား၏တဲတော်တန်ဆာပလာများကို ထမ်းသောသူတို့၊ သန့်ရှင်းစင်ကြယ်ခြင်းရှိကြလော့။ အခန်းကိုကြည့်ပါ။ |
ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။
ထိုသူတို့အားပေတရုက ``ယုဒအမျိုးသား သည်လူမျိုးခြားများနှင့်မပေါင်းမသင်းရ ဟူ၍လည်းကောင်း၊ သူတို့၏ထံသို့အလည် အပတ်မသွားရဟူ၍လည်းကောင်း၊ ဘာသာ တရားကတားမြစ်သည်ကိုသင်တို့သိကြ၏။ သို့သော်မည်သူ့ကိုမျှဘာသာရေးထုံးနည်း အရညစ်ညမ်းသူသို့မဟုတ် မသန့်စင်သူ ဟူ၍မခေါ်စေရန် ဘုရားသခင်သည်ငါ့ အားဖော်ပြတော်မူပြီ။-
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
သူသည်လူအပေါင်းတို့အား``ဤဆိုးယုတ် သောသူတို့၏တဲများနှင့်ဝေးဝေးခွာနေ ကြလော့။ သူတို့နှင့်ဆိုင်သောပစ္စည်းတစ်စုံ တစ်ခုကိုမျှလက်ဖြင့်မထိကြနှင့်။ ငါ ၏စကားကိုနားမထောင်လျှင်သင်တို့ သည်သူတို့၏အပြစ်ကြောင့် သူတို့နှင့် အတူပျက်စီးကြရလိမ့်မည်'' ဟု သတိပေးလေ၏။-
``သူတို့သည်လူမျိုးတကာတို့ထံမှသင် တို့အမျိုးသားများကို ထာဝရဘုရား အတွက်လက်ဆောင်ပဏ္ဏာအဖြစ်ခေါ်ဆောင် လာကြလိမ့်မည်။ ဣသရေလအမျိုးသား တို့သည်အသီးအနှံများကို ထုံးတမ်းစဉ် လာအရသန့်စင်သည့်အိုးခွက်များတွင် ထည့်၍ ဗိမာန်တော်သို့ယူဆောင်လာကြ သကဲ့သို့၊ ထိုသူတို့သည်အဆိုပါလက် ဆောင်ပဏ္ဏာများကိုမြင်း၊ မြည်း၊ ကုလား အုပ်များမြင်းရထားနှင့်လှည်းများနှင့် တင်၍ယေရုရှလင်မြို့ရှိသန့်ရှင်းမြင့် မြတ်သောတောင်တော်ပေါ်သို့ယူဆောင် လာကြလိမ့်မည်။-
သူတို့အား``သင်တို့သည်လေဝိသားချင်းစု တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ ငါအသင့် ပြင်ဆင်ထားသည့်ဌာနတော်သို့ ဣသရေလ အမျိုးသားတို့ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာ နိုင်စေရန် သင်တို့သည်မိမိတို့ကိုယ်ကိုလည်း ကောင်း၊ သင်တို့၏ညီအစ်ကိုများဖြစ်သော လေဝိအနွယ်ဝင်တို့ကိုလည်းကောင်းသန့် စင်စေကြလော့။-