Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 4:28 - Common Language Bible

28 ဤ​သည်​တို့​ကား​တဲ​တော်​တွင်​ဂေ​ရ​ရှုန်​သား​ချင်း စု​တို့​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​များ​ဖြစ်​သည်။ သူ တို့​သည်​ယဇ်ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဣ​သ​မာ ညွှန်​ကြား​သည့်​အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 တွေ့ ဆုံ ရာ တဲ တော် နှင့် စပ် လျဉ်း၍ ဂေ ရ ရှုံ့ အ ဆက် အ နွယ် တို့ တာ ဝန် ကား၊ ထို သို့ ဖြစ်၏။ ၎င်း တို့ လုပ် ငန်း မှာ ပ ရော ဟိတ် အာ ရုန့် သား ဣ သ မာ့ လက် အောက် ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ဤ​ရွေ့​ကား ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ဂေ​ရ​ရှုန်​အ​ဆွေ​အ​မျိုး​သား​များ ဆောင်​ရွက်​ရ​သော​အ​မှု​ပေ​တည်း။ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​သည် သူ​တို့​ကို​အုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ဤသည်ကား တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ဂေရရှုန်​သားမြေး​တို့​၏​မျိုးနွယ်စု​များ​နှင့်ဆိုင်သော​အလုပ်​ဖြစ်​၏​။ သူ​တို့​သည် ယဇ်ပုရောဟိတ်​အာရုန်​၏​သား ဣသမာ​၏​ဦးဆောင်မှု​အောက်​၌ တာဝန်​ထမ်းဆောင်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 4:28
6 ပူးပေါင်းရင်းမြစ်များ  

ပ​ညတ်​တော်​ဆယ်​ပါး​ရေး​ထိုး​ထား​သော ကျောက်​ပြား​ထား​ရှိ​ရာ​တဲ​တော်​အ​တွက် အ​သုံး​ပြု​သော​သတ္တု​စာ​ရင်း​ကို​ဖော်​ပြ ပေ​အံ့။ ထို​စာ​ရင်း​မှာ​ယဇ်​ပု​ရော​ဟိတ်​အာ​ရုန် ၏​သား​ဣ​သ​မာ​ဦး​စီး​သော လေ​ဝိ​အ​မျိုး သား​တို့​က​မော​ရှေ​၏​အ​မိန့်​အ​ရ​ပြု​စု သော​စာ​ရင်း​ဖြစ်​၏။


ဂေ​ရ​ရှုန်​သား​ချင်း​စု​တို့​သည်​အာ​ရုန်​နှင့် သူ ၏​သား​များ​သတ်​မှတ်​ပေး​သော​ဝတ္တ​ရား​များ နှင့်​သယ်​ဆောင်​မှု​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ရန် မော​ရှေ​နှင့်​အာ​ရုန်​တို့​က​ကြပ်​မတ်​ပေး​ရ​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ဝိ​အ​နွယ်​ဝင် မေ​ရာ​ရိ​၏​သား​ချင်း​စု​တွင်၊-


ဤ​သည်​တို့​သည်​ကား​တဲ​တော်​တွင်​မေ​ရာ​ရိ သား​ချင်း​စု​တို့​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​များ ဖြစ်​သည်။ သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အာ​ရုန် ၏​သား​ဣ​သ​မာ​ညွှန်​ကြား​သည့်​အ​တိုင်း ဆောင်​ရွက်​ကြ​ရ​မည်။


သူ​သည်​လှည်း​နှစ်​စီး​နှင့်​နွား​လေး​ကောင်​ကို ဂေ​ရ​ရှုန်​သား​ချင်း​စု​တို့​အား​လည်း​ကောင်း၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ