တောလည် 10:17 - Common Language Bible17 ထိုနောက်တဲတော်ကိုဖြုတ်ချ၍ဂေရရှုန် သားချင်းစုနှင့် မေရာရိသားချင်းစုတို့ သည်တဲတော်ကိုထမ်းလျက်ချီတက်ရသည်။ အခန်းကိုကြည့်ပါ။Garrad Bible17 ဂေ ရ ရှုံ့ သား၊ မေ ရာ ရိ သား တို့ သည် ဖြုတ် ချ ပြီး စံ ရာ တော် ကို ထမ်း ဆောင် ချီ သွား ကြ ပြီး နောက်၊ အခန်းကိုကြည့်ပါ။Judson Bible17 တဲတော်ကိုဖြုတ်ချ၍ ဂေရရှုန်သား၊ မေရာရိသားတို့သည် တဲတော်ကိုထမ်းလျက် ချီသွားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ထို့နောက် ကိန်းဝပ်တော်မူရာတဲတော်ကို ဖြုတ်သိမ်းကြပြီး ဂေရရှုန်၏သားမြေး၊ မေရာရိ၏သားမြေးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို သယ်ဆောင်ကာ ခရီးပြုကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ခရစ်တော်သည်ယခုငါတို့ခံစား ရကြသည့် ကောင်းမြတ်သည့်အရာများနှင့် သက်ဆိုင်သောယဇ်ပုရောဟိတ်မင်းအဖြစ် ဖြင့်ကြွလာတော်မူလေပြီ။ ကိုယ်တော်အမှု တော်ဆောင်ရာတဲတော်သည် ပိုမို၍ကြီးမြတ် ပြီးပြည့်စုံလင်ပေသည်။ ထိုတဲတော်ကားလူ တို့လက်ဖြင့်တည်ဆောက်သောတဲတော်မဟုတ်။ ဤအဖန်ဆင်းခံလောကနှင့်မသက်ဆိုင်။-
ဤသူတို့ကားသားချင်းစုနှင့်အိမ်ထောင်စု အလိုက်ဖော်ပြသည့် လေဝိအဆက်အနွယ် များဖြစ်ကြ၏။ ထိုသူအပေါင်းတို့အားတစ် ဦးစီ၏နာမည်ကိုမှတ်ပုံတင်ထားလေသည်။ အသက်နှစ်ဆယ်နှင့်အထက်ရှိသူလေဝိ၏ သားမြေးတိုင်းပင်လျှင် ထာဝရဘုရား၏ ဗိမာန်တော်တွင်ပါဝင်၍အမှုတော်ထမ်း ဆောင်ရကြ၏။