ငါတို့အတွက်ထားရှိသောမေတ္တာတော်သည် ကြီးမားတော်မူ၏။ ကိုယ်တော်၏သစ္စာတော်သည်လည်း ထာဝစဉ်တည်တော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
ကောလောသဲ 3:11 - Common Language Bible သို့ဖြစ်၍ယုဒအမျိုးသား၊ လူမျိုးခြားဟူ၍ လည်းကောင်း၊ အရေဖျားလှီးခံသူမခံသူဟူ ၍လည်းကောင်း၊ မယဉ်ကျေးသူ၊ လူရိုင်း၊ ကျွန်၊ လွတ်လပ်သူဟူ၍လည်းကောင်းကွဲပြားခြား နားမှုမရှိတော့ချေ။ ခရစ်တော်သည်အလုံး စုံတို့၌ရှိ၍အလုံးစုံဖြစ်တော်မူသတည်း။ Garrad Bible ထို သို့ ပြု ပြင် ရာ၌ လူ မျိုး ခြား နှင့် ယု ဒ လူ မျိုး အ ဖြစ် အ နေ၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ၊ မ ခံ အ ဖြစ် အ နေ၊ သ ကု သိ လူ မျိုး မှ စ၍ လူ ရိုင်း အ ဖြစ် အ နေ၊ ကျွန် နှင့် လူ လွတ် အ ဖြစ် အ နေ မ ရှိ ရာ။ ခ ရစ် တော် သည် ရှိ ရှိ သ မျှ၏ အ ချက် အ ခြာ ဖြစ် တော် မူ၏။ Judson Bible ထိုဖန်ဆင်းပြုပြင်တော်မူရာ၌ ဟေလသလူမရှိ၊ ယုဒလူမရှိ၊ အရေဖျားလှီးမင်္ဂလာခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်းမရှိ၊ သကုသိလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ခရစ်တော်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ဖန်ဆင်းပြုပြင်ရာ၌ ဂရိလူမျိုးနှင့်ဂျူးလူမျိုး၊ အရေဖျားလှီးထားသောသူနှင့်မလှီးထားသောသူ၊ သကုသိလူနှင့်လူရိုင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ခရစ်တော်သည် အလုံးစုံဖြစ်ပြီး အလုံးစုံတို့၌ရှိတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသူနှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်နှင့် လွတ်လပ်သူဟူ၍ ခြားနားမှုမရှိပေ။ ခရစ်တော်သည်သာ အရေးပါ၍ ကျွန်ုပ်တို့အားလုံးအထဲတွင် ကိန်းအောင်းတော်မူ၏။ |
ငါတို့အတွက်ထားရှိသောမေတ္တာတော်သည် ကြီးမားတော်မူ၏။ ကိုယ်တော်၏သစ္စာတော်သည်လည်း ထာဝစဉ်တည်တော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
ထာဝရဘုရားကငါ့အား``ငါ၏အစေခံ၊ သင့်အားငါသည်ပိုမိုကြီးမြတ်သည့်အမှုကို ဆောင်ရွက်စေမည်။ မသေဘဲကျန်ရှိနေသူဣသရေလအမျိုးသား တို့ ပြန်လည်တန်ခိုးကြီးမားလာကြစေရန်သာမက ကမ္ဘာတစ်ဝှမ်းလုံးပင်ကယ်တင်ခြင်းခံရကြစေရန် ငါသည်သင့်အားလူမျိုးတကာတို့၏အလင်း ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် လက်တော်အားဖြင့်၊နိုင်ငံအသီးသီး၏ရှေ့တွင် မိမိ၏လူမျိုးတော်ကိုကယ်တင်တော်မူပြီဖြစ်၍၊ ထိုအချင်းအရာကိုကမ္ဘာတစ်ဝှမ်းလုံးပင် တွေ့မြင်ရကြလေပြီ။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကွယ်ကာစောင့်ထိန်းတော်မူ၍ ခွန်အား ကိုပေးတော်မူပါ၏။ ဒုက္ခရောက်ချိန်၌ကူမတော် မူပါ၏။ ကမ္ဘာမြေကြီးစွန်းမှလူမျိုးတကာတို့ သည် အထံတော်သို့လာ၍``ကျွန်တော်မျိုးတို့ ဘိုးဘေးများကိုးကွယ်ခဲ့သည့်ဘုရားတို့သည် အတုအယောင်များသာလျှင်ဖြစ်ပါ၏။ အသုံး မဝင်အကျိုးမပေးသောရုပ်တုများသာဖြစ် ပါ၏။-
ယင်းသည်သင်တို့အစဉ်အမြဲပိုင်ဆိုင်ကြ ရမည့်မြေယာဖြစ်၏။ ထိုအရပ်တွင်သင်တို့ နှင့်အတူနေထိုင်လျက်သားသမီးများ ရရှိနေကြသူလူမျိုးခြားများသည်လည်း သင်တို့မြေယာခွဲဝေရာတွင်ဝေစုခံယူ ရကြမည်။ သူတို့အားတင်းပြည့်ဣသရေလ ပြည်သားများအဖြစ်ဖြင့်မှတ်ယူကာ ဣသရေလအနွယ်တို့နှင့်အတူမြေယာ ဝေစုများကိုခံယူစေရမည်။-
ငါသည်ငါ၏လူမျိုးတော်ကိုပြည်တော်တွင်နေ ထိုင်စေ၍ သူတို့အားကြီးပွားတိုးတက်စေမည်။ ငါသည်``မေတ္တာမဲ့'' နာမည်ခံသူတို့ကို ချစ်ခင်မြတ်နိုးမည်။ ``ငါ၏လူမျိုးတော်မဟုတ်'' နာမည်ခံသူတို့ကို ငါက`သူတို့သည်ငါ၏လူမျိုးတော်ဖြစ်သည်' ဟု မိန့်တော်မူ၍ သူတို့က``ကိုယ်တော်သည်အကျွန်ုပ်တို့၏ ဘုရားသခင် ဖြစ်သည်'' ဟုပြန်၍လျှောက်ထားကြလိမ့်မည်။
သို့ဖြင့်ဣသရေလအမျိုးသားတို့သည် ကျန်ကြွင်းသမျှသောဧဒုံပြည်ကိုလည်း ကောင်း၊ တစ်ချိန်ကငါပိုင်စိုးခဲ့သောနိုင်ငံ တိုင်းကိုလည်းကောင်းပြန်လည်သိမ်းပိုက်ခွင့် ရလိမ့်မည်'' ဟုဤအမှုကိုဖြစ်စေမည့် ထာဝရဘုရားမိန့်တော်မူပြီ။
``ဣသရေလအမျိုးသားတို့၊ဘုရားသခင်၏ ဗိမာန်တော်တည်ရှိရာထာဝရဘုရား၏ တောင်ပေါ်သို့ တက်ကြကုန်အံ့။ ကိုယ်တော်သည်ငါတို့အားအလိုတော်နှင့် အညီ ကျင့်ကြံပြုမူရန်သွန်သင်တော်မူမည်။ ကိုယ်တော်ညွှန်ပြသောလမ်းအတိုင်း လျှောက်သွားကြမည်။ ထာဝရဘုရား၏တရားတော်သည် ဇိအုန်တောင်မှလည်းကောင်းထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ယေရုရှလင်မြို့မှ လည်းကောင်း ထွက်ပေါ်လာသတည်း'' ဟုဆိုကြ၏။
ထိုအခါလူမျိုးပေါင်းမြောက်မြားစွာတို့ သည်ထာဝရဘုရားထံတော်သို့ချဉ်းကပ် ကြလျက် ကိုယ်တော်၏လူမျိုးတော်ဖြစ်လာ ကြလိမ့်မည်။ ကိုယ်တော်သည်သင်တို့အလယ် တွင်ကျိန်းဝပ်တော်မူလိမ့်မည်။ ငါ့အားကိုယ် တော်စေလွှတ်တော်မူလိုက်ကြောင်းကိုလည်း သင်တို့သိကြလိမ့်မည်။-
ကမ္ဘာမြေကြီးတစ်စွန်းမှအခြားတစ်စွန်း တိုင်အောင်လူတို့သည် ငါ၏ဂုဏ်တော်ကို ချီးကူးကြပေသည်။ သူတို့သည်အရပ် တကာတွင်နံ့သာပေါင်းကိုမီးရှို့၍ နှစ် သက်ဖွယ်ကောင်းသည့်ယဇ်များကိုငါ့ အားပူဇော်ကြ၏။ သူတို့အားလုံးပင် ငါ၏နာမတော်ကိုချီးကူးကြ၏။-''
သခင်ယေရှုက ``ငါ့ကိုချစ်သောသူသည် ငါ့သွန်သင်ချက်ကိုခံယူလိမ့်မည်။ သို့ဖြစ်၍ ငါ့ခမည်းတော်သည်ထိုသူကိုချစ်တော်မူ လိမ့်မည်။ ငါ့ခမည်းတော်နှင့်ငါသည်လည်းသူ့ ထံသို့လာ၍သူနှင့်အတူကျိန်းဝပ်မည်။-
``ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့ကားအကိုင်း အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းလျှင်သင်တို့ သည်အဘယ်အရာကိုမျှမတတ်နိုင်ကြသော ကြောင့် မည်သူမဆိုငါ၌တည်နေ၍ငါသည် လည်းသူ၌တည်နေလျှင်များစွာသောအသီး ကိုသီးလိမ့်မည်။-
အကျွန်ုပ်သည်သူတို့၌လည်းကောင်း၊ ကိုယ်တော် သည်အကျွန်ုပ်၌လည်းကောင်းတည်ရှိသဖြင့် သူ တို့သည်လုံးဝတစ်လုံးတစ်ဝတည်းဖြစ်သော အားဖြင့် ကိုယ်တော်သည်အကျွန်ုပ်အားစေလွှတ် တော်မူကြောင်းနှင့် အကျွန်ုပ်အားချစ်တော်မူ သကဲ့သို့ သူတို့အားလည်းချစ်တော်မူကြောင်း ကိုကမ္ဘာသူကမ္ဘာသားတို့သိရှိကြမည်ဖြစ် ပါ၏။''
ကျွန်းသူကျွန်းသားတို့သည်ကျွန်ုပ်တို့အပေါ်တွင် အထူးကြင်နာမှုကိုပြကြ၏။ မိုးရွာသဖြင့် ချမ်းအေးလာသောကြောင့် ထိုသူတို့သည်မီးဖို ပြီးလျှင်ကျွန်ုပ်တို့အားဧည့်ခံကြ၏။
သူ၏လက်မှတန်းလန်းကျနေသောမြွေ ကိုကျွန်းသူကျွန်းသားတို့မြင်လျှင် ``ဤသူ ကားသူသတ်သမားဖြစ်တန်ရာ၏။ ပင်လယ် တွင်အသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်း တရားမျှတမှုကသူ့အားအသက်ရှင် ခွင့်မပြု'' ဟုအချင်းချင်းပြောဆိုကြ၏။-
လူယဉ်၊ လူရိုင်း၊ ပညာရှိ၊ ပညာမဲ့၊ ရှိရှိသမျှ သောသူတို့အတွက်ငါ့မှာတာဝန်ရှိသဖြင့်၊-
ယုဒလူမျိုး၊ လူမျိုးခြားဟူ၍ခွဲခြားမှု မရှိတော့သဖြင့်လူတိုင်းပါဝင်၏။ ဘုရား သခင်သည်လူအပေါင်းတို့၏အရှင်သခင် ဖြစ်တော်မူ၍ ကိုယ်တော်အားဆုတောင်းသမျှ သောသူတို့အားကြွယ်ဝစွာကောင်းချီးပေး တော်မူ၏။-
လူတို့အားဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံနိုင်သောနည်းလမ်းမှာယေရှုခရစ် ကိုယုံကြည်ခြင်းဖြစ်သည်။ လူတို့သည်ခြား နားခြင်းမရှိ။-
ဘုရားသခင်သည်ယုဒအမျိုးသားတို့၏ ဘုရားသာဖြစ်သလော။ လူမျိုးခြားတို့၏ ဘုရားလည်းမဟုတ်လော။ ဟုတ်ပေ၏။-
ထိုနည်းတူစွာငါတို့သည်ယုဒလူမျိုးဖြစ် စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ် သူဖြစ်စေ၊ ဝိညာဉ်တော်တစ်ပါးတည်းအား ဖြင့်ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ဗတ္တိဇံခံ ယူကြ၏။ ငါတို့ရှိသမျှသည်ဝိညာဉ်တော် တစ်ပါးတည်းကိုသောက်ကြရ၏။
သို့ရာတွင်ငါနားမလည်သည့်ဘာသာစကား ကိုပြောဆိုသူသည် ငါ့အဖို့လူမျိုးခြားဖြစ်၏။ ငါသည်လည်းသူ့အဖို့လူမျိုးခြားဖြစ်ပေမည်။-
အရေဖျားလှီးခံသည်မခံသည်မှာပဋ္ဌာန မဟုတ်။ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းခြင်းသာလျှင်ပဋ္ဌာနဖြစ်၏။-
သို့ဖြစ်၍ငါသည်အသက်မရှင်တော့ဘဲခရစ် တော်သာလျှင်ငါ၌ရှင်တော်မူ၏။ ယခုငါ၌ ရှိသောအသက်သည်ဘုရားသခင်၏သား တော်ကိုယုံကြည်ခြင်းအားဖြင့်ရှင်သန်လျက် နေသောအသက်ဖြစ်၏။ သားတော်သည်ငါ့ကို ချစ်တော်မူသဖြင့်ငါ၏အတွက်မိမိ အသက်ကိုစွန့်တော်မူ၏။-
ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ပါက အရေဖျားလှီးမင်္ဂလာခံသည်မခံ သည်မှာအရေးမကြီးပေ။ အရေးကြီးသည့် အရာမှာမေတ္တာတရားကိုပေါ်လွင်စေသည့် ယုံကြည်ခြင်းပင်ဖြစ်သတည်း။
ထိုအသင်းတော်ကားအလုံးစုံတို့ကိုပြည့်ဝ စုံလင်စေတော်မူသောသူပြည့်ဝစုံလင်ခြင်း တည်းဟူသောခရစ်တော်၏ကိုယ်ခန္ဓာဖြစ် သတည်း။
ခရစ်တော်သည်ယုဒအမျိုးသားများနှင့်လူ မျိုးခြားတို့ကို လူမျိုးတစ်မျိုးတည်းဖြစ်စေ တော်မူလျက် ငါတို့အားရန်ငြိမ်းမှုကိုပေးတော် မူ၏။ ကိုယ်တော်သည်မိမိ၏ကိုယ်ခန္ဓာတော်အား ဖြင့် ငါတို့အားရန်သူများအဖြစ်ပိုင်းခြား ထားသည့်တံတိုင်းကိုဖြိုဖျက်တော်မူ၏။-
ကိုယ်တော်သည်ဥပဒေစည်းမျဉ်းများနှင့်တကွ ယုဒပညတ်တရားကိုပယ်ဖျက်တော်မူသဖြင့် ယုဒအမျိုးသားများနှင့်လူမျိုးခြားတို့အား မိမိနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက်လူ မျိုးအသစ်ကိုဖြစ်ပေါ်စေတော်မူသည်။ ဤနည်း အားဖြင့်ရန်ငြိမ်းမှုကိုပေးတော်မူ၏။-
သင်တို့ယုံကြည်ခြင်းအားဖြင့်ခရစ်တော်သည် သင်တို့စိတ်နှလုံးတွင်ကျိန်းဝပ်တော်မူရန်ငါ ဆုတောင်း၏။ သင်တို့သည်ခရစ်တော်၏မေတ္တာ တော်အလျား၊ အနံ၊ အမြင့်၊ အနက်တို့ကို ဘုရားသခင်၏လူစုတော်ဝင်အပေါင်းတို့ နှင့်အတူသိရှိနားလည်နိုင်ကြမည့်အကြောင်း မေတ္တာတော်တွင်အခြေခံအမြစ်စွဲလျက်ရှိ ကြစေရန်ကိုလည်းငါသည်ဆုတောင်းပတ္ထ နာပြု၏။-
ထိုနက်နဲသောအရာကားသတင်းကောင်း အားဖြင့် လူမျိုးခြားတို့သည်ယုဒအမျိုး သားများနှင့်အတူ ဘုရားသခင်၏ကောင်း ချီးမင်္ဂလာကိုခံစားခွင့်ရရှိကြ၏။ သူတို့ သည်ခန္ဓာတော်၏အင်္ဂါများဖြစ်၍ခရစ်တော် ယေရှုအားဖြင့် ဘုရားသခင်ပေးတော်မူ သောကတိတော်ကိုပါဝင်ခံစားခွင့်ရရှိ ကြ၏။
ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ မည်သူမဆို မိမိပြုသည့်ကောင်းမှုအတွက် သခင်ဘုရား ထံမှဆုလာဘ်ကိုရရှိလိမ့်မည်ဟုသိမှတ် ကြလော့။
သင်တို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသောအသက်ကိုရရှိ ကြ၏။ ထိုအရှင်ကားဝိညာဉ်ရေးဆိုင်ရာတန်ခိုး ရှင်များနှင့်အာဏာပိုင်အပေါင်းတို့ကိုအစိုးရ တော်မူသတည်း။
ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။
ခရစ်တော်၏တရားတော်ဘောင်အတွင်း၌ မနေဘဲ ထိုဘောင်ကိုကူးကျော်သူ၌ဘုရား သခင်မရှိ။ ထိုတရားတော်ဘောင်အတွင်း၌ နေသောသူဟူမူကားခမည်းတော်နှင့်သား တော်ပါရှိ၏။-