ဟေရှာယ 52:10 - Common Language Bible
10 ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် လက်တော်အားဖြင့်၊နိုင်ငံအသီးသီး၏ရှေ့တွင် မိမိ၏လူမျိုးတော်ကိုကယ်တင်တော်မူပြီဖြစ်၍၊ ထိုအချင်းအရာကိုကမ္ဘာတစ်ဝှမ်းလုံးပင် တွေ့မြင်ရကြလေပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ထာ ဝ ရ ဘု ရား သည် သန့် ရှင်း သော လက် ရုံး တော် ကို လူ အ မျိုး မျိုး တို့ ရှေ့ ဖော် ပြ တော် မူ ပြီး ဖြစ်၍၊ မြေ ကြီး အ စွန်း အ ဖျား ရှိ သ မျှ ပင်၊ ငါ တို့ ဘု ရား သ ခင် ကယ် တင် တော် မူ ခြင်း ကို ဖူး မြင် ရ ကြ လ တ္တံ့။
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ထာဝရဘုရားသည် ခပ်သိမ်းသော လူအမျိုးမျိုးတို့ရှေ့မှာ၊ သန့်ရှင်းသော လက်ရုံးတော်ကို ဖွင့်ပြတော်မူသဖြင့်၊ မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကျေးဇူးကို သိမြင်ကြလတ္တံ့။
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ထာဝရဘုရားသည် လူမျိုးတကာတို့၏မျက်မှောက်၌ မိမိ၏သန့်ရှင်းသောလက်ရုံးတော်ကိုပြတော်မူသဖြင့် မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့မြင်ရကြလိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ