| ဧဖက် 2:14 - Common Language Bible14 ခရစ်တော်သည်ယုဒအမျိုးသားများနှင့်လူ မျိုးခြားတို့ကို လူမျိုးတစ်မျိုးတည်းဖြစ်စေ တော်မူလျက် ငါတို့အားရန်ငြိမ်းမှုကိုပေးတော် မူ၏။ ကိုယ်တော်သည်မိမိ၏ကိုယ်ခန္ဓာတော်အား ဖြင့် ငါတို့အားရန်သူများအဖြစ်ပိုင်းခြား ထားသည့်တံတိုင်းကိုဖြိုဖျက်တော်မူ၏။-အခန်းကိုကြည့်ပါ။ Garrad Bible14-16 နှစ် မျိုး ကြား တွင် ရန် တံ တိုင်း ကို ကိုယ် ခ န္ဓာ တော် အား ဖြင့် ဖြို ဖျက် ပြီး လျှင် ကိုယ် တော်၌ နှစ် မျိုး လုံး ကို လူ သတ္တ ဝါ သစ် တစ် ဝ တည်း ဖြစ် စေ လျက် ရန် ငြိမ်း စေ ခြင်း ငှါ လည်း ကောင်း၊ ကား တိုင် တော် အား ဖြင့် ရန် ကို ကွပ် မျက် လျက် တစ် ကိုယ် တည်း ဖြစ် သော ထို နှစ် မျိုး လုံး ကို ဘု ရား သ ခင် နှင့် မိတ် သ ဟာ ယ ဖွဲ့ စေ ခြင်း ငှါ လည်း ကောင်း၊ ဓ မ္မ သတ် နှင့် ပြည့် သော ပ ညတ် တ ရား တော် ကို ပယ် ဖျက် သော ကိုယ် တော် သည် ငါ တို့ ရန် ငြိမ်း ရာ ရန် ငြိမ်း ကြောင်း ဖြစ် တော် မူ သည့် အ တိုင်း၊အခန်းကိုကြည့်ပါ။ Judson Bible14 အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။-အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း14 အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏သင့်မြတ်ငြိမ်းချမ်းခြင်းအကြောင်းဖြစ်တော်မူ၍ ငါတို့နှစ်မျိုးစလုံးကို တစ်မျိုးတည်းဖြစ်စေပြီး ပိုင်းခြားသောရန်ငြိုးတံတိုင်းကို ဖြိုဖျက်ကာအခန်းကိုကြည့်ပါ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း14 အဘယ်ကြောင့်ဆိုသော် ခရစ်တော်ကိုယ်တိုင်သည် ကျွန်ုပ်တို့အတွက် ငြိမ်းချမ်းခြင်းကို ယူဆောင်လာတော်မူသောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ဂျူးလူမျိုးနှင့် လူမျိုးခြားတို့ကို တစ်မျိုးတည်း ဖြစ်စေပြီး ပိုင်းခြားထားသော ရန်ငြိုးတံတိုင်းကို ဖြိုဖျက်၍အခန်းကိုကြည့်ပါ။ | 
သင်တို့ကိုလမ်းပြရန်ခရစ်တော်ထံမှရရှိ သည့်ငြိမ်သက်ခြင်းနှင့်အညီ သင်တို့ဆုံးဖြတ် ချက်များချမှတ်ကြလော့။ ထိုငြိမ်သက်ခြင်း ကိုသင်တို့ခံစားနိုင်ကြစေရန်ဘုရားသခင် သည်သင်တို့ကိုတစ်ခုတည်းသောကိုယ်ခန္ဓာ အဖြစ်ခေါ်ယူရွေးကောက်တော်မူခဲ့၏။ သို့ ဖြစ်၍ကျေးဇူးတော်ကိုချီးမွမ်းကြလော့။-
သို့ဖြစ်၍ဘုရားသခင်သည်သားတော်အား ဖြင့်စကြဝဠာတစ်ခုလုံးကို မိမိထံပြန် လာစေရန်ဆုံးဖြတ်တော်မူ၏။ သားတော်ကို လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံစေတော် မူခြင်းအားဖြင့်ရန်ကိုငြိမ်းစေတော်မူ၏။ ဤနည်းအားဖြင့်ကမ္ဘာမြေကြီးနှင့်ကောင်း ကင်တွင်ရှိသမျှသောအရာတို့အားမိမိ ထံပြန်လာစေတော်မူ၏။
ထိုသူတို့အားပေတရုက ``ယုဒအမျိုးသား သည်လူမျိုးခြားများနှင့်မပေါင်းမသင်းရ ဟူ၍လည်းကောင်း၊ သူတို့၏ထံသို့အလည် အပတ်မသွားရဟူ၍လည်းကောင်း၊ ဘာသာ တရားကတားမြစ်သည်ကိုသင်တို့သိကြ၏။ သို့သော်မည်သူ့ကိုမျှဘာသာရေးထုံးနည်း အရညစ်ညမ်းသူသို့မဟုတ် မသန့်စင်သူ ဟူ၍မခေါ်စေရန် ဘုရားသခင်သည်ငါ့ အားဖော်ပြတော်မူပြီ။-
အသက်တော်ကိုတင်လှူပူဇော်တော်မူခြင်း အားဖြင့် ထာဝရပဋိညာဉ်တော်ကိုတံဆိပ် ခတ်နှိပ်တော်မူသဖြင့် သိုးထိန်းကြီးဖြစ် တော်မူသောငါတို့အရှင်သခင်ယေရှု အားဘုရားသခင်သည် သေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ။ သင်တို့သည်ငြိမ် သက်ခြင်းအရှင်ဘုရားသခင်၏အလို တော်ကိုလိုက်လျှောက်နိုင်ကြစေရန် ကိုယ် တော်သည်သင်တို့အားကောင်းမြတ်သော အရာဟူသမျှကိုချပေးတော်မူပါစေ သော။ ကိုယ်တော်သည်မိမိနှစ်သက်တော် မူဖွယ်ရာကို ငါတို့၌ယေရှုခရစ်အား ဖြင့်ပြုတော်မူပါစေသော။ ခရစ်တော် သည်ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်တော်မူပါသတည်း။ အာမင်။
သို့ဖြစ်၍အာဗြဟံသည်မိမိသိမ်းယူရရှိခဲ့ သည့်ဥစ္စာပစ္စည်းများ၏ဆယ်ပုံတစ်ပုံကိုသူ့အား ပေးလှူ၏။ (မေလခိဇေဒက်ဟူသောနာမည်၏ အနက်အဋ္ဌိပ္ပါယ်မှာ``တရားမင်း'' ဟူ၍ဖြစ်၏။ သူသည်ရှာလင်မြို့၏မင်းလည်းဖြစ်သဖြင့် သူ၏နာမည်သည်``ငြိမ်းချမ်းရေးဘုရင်'' ဟု လည်းအနက်အဋ္ဌိပ္ပါယ်ရလေသည်။-)
ကိုယ်တော်၏စီမံအုပ်ချုပ်မှုအောက်တွင်ကိုယ်အင်္ဂါ ရှိသမျှတို့သည်တစ်ခုနှင့်တစ်ခုအဆစ်အပိုင်း များဖြင့်ဆက်စပ်လျက်နေကြ၏။ သို့ဖြစ်၍ကိုယ် အင်္ဂါအသီးသီးတို့သည် မိမိတို့သက်ဆိုင်ရာ အလုပ်တာဝန်ကိုဆောင်ရွက်ကြသောအခါ ကိုယ်ခန္ဓာတစ်ခုလုံးကိုမေတ္တာတရားအား ဖြင့်တည်ဆောက်၍ကြီးပွားစေလေသည်။
ထိုသူသည်ဗိမာန်တော်ကိုတည်ဆောက်ရမည့် သူ၊ ဘုရင်တို့နှင့်ထိုက်တန်သည့်ဘုန်းအသရေ ကိုခံယူရရှိမည့်သူဖြစ်သဖြင့် မိမိ၏အမျိုး သားတို့ကိုအုပ်စိုးရလိမ့်မည်။ သူ၏ရာဇပလ္လင် အနီးတွင်ယဇ်ပုရောဟိတ်တစ်ပါးသည်ရပ် လျက်သူနှင့်အတူငြိမ်းချမ်းသင့်မြတ်စွာ ပူးပေါင်းဆောင်ရွက်ပေးလိမ့်မည်။-
ထို့ကြောင့်ဟာမန်သည်မင်းကြီးအား``အရှင် ၏အင်ပါယာနိုင်ငံတော်ပြည်နယ်တိုင်းမှာ ပင်ပျံ့နှံ့လျက်နေသည့်လူမျိုးတစ်မျိုးရှိ ပါသည်။ သူတို့၏ဋ္ဌလေ့ထုံးစံများသည် အခြားလူမျိုးတို့၏ဋ္ဌလေ့ထုံးစံများနှင့် မတူပါ။ သူတို့သည်နိုင်ငံတော်၏တရား ဥပဒေများကိုလည်းမလိုက်နာကြပါ။ သို့ဖြစ်၍သူတို့အားသည်းခံလျက်နေ ခြင်းအားဖြင့်အရှင့်၏အတွက်အကျိုး ရှိမည်မဟုတ်ပါ။-