ထို့နောက် သူတို့သည် ယေရှု၏ မျက်နှာတော်ကို တံတွေးနှင့် ထွေး၍ လက်သီးဖြင့် ထိုးနှက်ကြ၏။ တချို့ကလည်း ယေရှုကို ရိုက်ပုတ်လျက်
၁ ပေ 2:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ပြစ်မှား၍ ရိုက်နှက်ခံရသောအခါ သည်းခံလျှင် မည်သည့်ဂုဏ်ယူစရာရှိမည်နည်း။ သို့သော် ကောင်းမှုပြု၍ ရိုက်နှက်ခံရသောအခါ သည်းခံလျှင် ဘုရားသခင်ရှေ့တော်၌ ချီးကျူးထိုက်ဖွယ်ဖြစ်၏။ Common Language Bible သင်တို့သည်မိမိတို့ပြုမိသည့်အမှားများ အတွက်ခံထိုက်သောအပြစ်များကိုမညည်း မညူဘဲခံကြပါမူ သင်တို့အားအဘယ်သို့ လျှင်ချီးမွမ်းစရာရှိမည်နည်း။ သို့ရာတွင် အမှန်ကိုပြုလျက်ဒုက္ခဆင်းရဲကိုခံရသော အခါ မညည်းမညူဘဲခံကြလျှင်မူကား ဘုရားသခင်သည်သင်တို့အားကောင်းချီး ပေးတော်မူလိမ့်မည်။- Garrad Bible သင် တို့ သည် အ ပြစ် ပြု ကျင့်၍ ရိုက် ပုတ် ခြင်း ကို သည်း ခံ လျှင် မည် သည့် ချီး မွမ်း ဖွယ် နည်း။ အ ကောင်း ပြု ကျင့်၍ ရိုက် ပုတ် ခြင်း ကို သည်း ခံ လျှင် ဘု ရား သ ခင့် ရှေ့ တော်၌ အ ကျိုး ရှိ လိမ့် မည်။ Judson Bible ကိုယ်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်းခံလျှင်၊ အဘယ်ချီးမွမ်းစရာရှိသနည်း။ ကောင်းမွန်စွာပြု၍ ဆင်းရဲခံရသောအခါ သည်းခံလျှင်၊ ဘုရားသခင့် ရှေ့တော်၌ ကျေးဇူးရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် အပြစ်ပြု၍ ရိုက်နှက်ခြင်းခံရသည်ကိုသည်းခံလျှင် မည်သည့်ချီးမွမ်းစရာရှိမည်နည်း။ သို့သော် ကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာခံစားရသည်ကိုသည်းခံလျှင် ဘုရားသခင်ရှေ့တော်၌ ဂုဏ်ယူဖွယ်ဖြစ်၏။ |
ထို့နောက် သူတို့သည် ယေရှု၏ မျက်နှာတော်ကို တံတွေးနှင့် ထွေး၍ လက်သီးဖြင့် ထိုးနှက်ကြ၏။ တချို့ကလည်း ယေရှုကို ရိုက်ပုတ်လျက်
ထို့ပြင် သင်တို့၏ မိတ်ဆွေများကိုသာ နှုတ်ဆက်လျှင် အခြားသူများနှင့် မည်သို့ခြားနားမှုရှိမည်နည်း။ ဘုရားသခင်ကို မကိုးကွယ်သောသူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
ထို့နောက် လူတချို့သည် ယေရှုကို တံတွေးနှင့် ထွေးကြ၏။ မျက်နှာတော်ကို ဖုံးအုပ်ပြီးလျှင် ကိုယ်တော်ကို လက်သီးဖြင့် ထိုးနှက်၍ “ပရောဖက်ပြု၍ ဟောတော်မူပါ” ဟု ဆိုကြ၏။ အစောင့်တပ်သားတို့ကလည်း ယေရှု၏ပါးတော်ကို ရိုက်ပုတ်ကြ၏။
သင်တို့အား ချစ်သောသူတို့ကိုသာ ပြန်၍ချစ်လျှင် မည်သည့်ဂုဏ်ယူစရာ ရှိသနည်း။ အဘယ်ကြောင့်ဆိုသော် အပြစ်သားတို့ပင်လျှင် မိမိတို့အား ချစ်သောသူတို့ကို ချစ်ကြသောကြောင့်ဖြစ်၏။
ယခုအချိန်တိုင်အောင် ကျွန်ုပ်တို့သည် အစာရေစာငတ်ပြတ်လျက်ရှိကြ၏။ ဝတ်စရာ မလုံလောက်ကြ။ ရိုက်ပုတ်ထိုးနှက်ခြင်းကို ခံရကြ၏။ အိမ်ခြေရာခြေမဲ့ လှည့်လည်သွားလာကြရ၏။
သင်တို့နှင့်အတူ ကျွန်ုပ်ရှိနေချိန်၌သာ မဟုတ်ဘဲ လူတို့သည် သင်တို့ကို ကောင်းသောရည်ရွယ်ချက်ဖြင့် အစဉ်အမြဲ အရေးတယူ ဆက်ဆံကြသည်မှာ ကောင်း၏။
ယခုအခါ ကျွန်ုပ်၌ လိုအပ်သောအရာများအားလုံးကို လက်ခံရရှိ၍ ကြွယ်ဝလျက် ရှိပြီ။ သင်တို့ ရက်ရောစွာ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်ထံမှ လက်ခံရရှိ၍ ပြည့်စုံလျက် ရှိ၏။ ထိုအရာတို့သည် မွှေးကြိုင်သောပူဇော်စရာ၊ ဘုရားသခင် လက်ခံနှစ်သက်တော်မူသောယဇ် ဖြစ်ကြ၏။
တစ်စုံတစ်ဦးသည် မိမိမခံထိုက်သော ဆင်းရဲဒုက္ခကိုခံရသောအခါ ဘုရားသခင်၏မျက်နှာတော်ကို ထောက်၍ သည်းခံလျှင် ဘုရားသခင်နှစ်သက်ဖွယ်ဖြစ်၏။
ဖြောင့်မတ်စွာ ပြုမူခြင်းအတွက် ဆင်းရဲဒုက္ခခံစားရလျှင်ပင် သင်တို့သည် မင်္ဂလာရှိကြ၏။ လူတို့၏ ခြိမ်းခြောက်မှုကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။
ကောင်းမှုပြုခြင်းအတွက် ဆင်းရဲဒုက္ခခံစားရခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်ပါက ၎င်းသည် မကောင်းမှုပြု၍ ဆင်းရဲဒုက္ခခံစားရခြင်းထက် ပို၍ကောင်း၏။