Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 2:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 တစ်စုံတစ်ဦး​သည် မိမိ​မခံထိုက်သော ဆင်းရဲဒုက္ခ​ကို​ခံရ​သောအခါ ဘုရားသခင်​၏​မျက်နှာတော်​ကို ထောက်​၍ သည်းခံ​လျှင် ဘုရားသခင်​နှစ်သက်ဖွယ်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို သိ​သ​ဖြင့် မိ​မိ​တို့​မ​ခံ​ထိုက်​သော​ဆင်း​ရဲ​ဒုက္ခ များ​ကို​မ​ညည်း​မ​ညူ​ဘဲ​ခံ​ကြ​ပါ​မူ ဘု​ရား သ​ခင်​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး​တော် မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 အ သို့ ဆို သော် ဘု ရား သ ခင် ကို သိ ကျွမ်း သော စိတ် ကြောင့် မ တ ရား သော ညှည်း ပန်း ခြင်း ကို ခံ လျှင် အ ကျိုး ရှိ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ကို ထောက်၍၊ မ​တ​ရား​သော​ညှဉ်း​ဆဲ​ခြင်း​ကို နာ​ကျင်​စွာ​ခံ​ရ​လျှင် ကျေး​ဇူး​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 အကြောင်းမူကား မည်သူမဆို မတရား​သဖြင့် ဒုက္ခ​ဝေဒနာ​ကို​ခံစား​ရ​သောအခါ ဘုရားသခင်​နှင့်ဆိုင်သော​အသိစိတ်​ကို​ထောက်​၍ ဝမ်းနည်း​ခြင်း​ကို​သည်းခံ​လျှင် ဂုဏ်ယူ​ဖွယ်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 2:19
18 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ချစ်သော​သူတို့​ကို​သာ ပြန်​၍​ချစ်​လျှင် မည်သည့်​ဂုဏ်ယူစရာ ရှိသနည်း။ အဘယ်ကြောင့်ဆိုသော် အပြစ်သားတို့​ပင်လျှင် မိမိတို့​အား ချစ်သော​သူတို့​ကို ချစ်ကြ​သောကြောင့်​ဖြစ်၏။


သို့ရာတွင် သူတို့​သည် ငါ့​ကို စေလွှတ်တော်မူသော​အရှင်​ကို မသိ​သဖြင့် ငါ့​ကြောင့် ထို​အခြင်းအရာ​အားလုံး​ကို သင်တို့​အပေါ် ပြုကြ​လိမ့်မည်။


ဗာနဗ​ရောက်လာပြီး ဘုရားသခင်​၏​ကျေးဇူးတော်​ကို မြင်တွေ့ရ​သောအခါ ဝမ်းမြောက်​ပျော်ရွှင်​၍ ထို​သူတို့​အားလုံး​ကို ခိုင်မြဲသော​စိတ်နှလုံး​ဖြင့် ယေရှု​ခရစ်တော်​အား ဆက်လက်​ဆည်းကပ်​ရန် တိုက်တွန်းလေ၏။


သို့ဖြစ်၍ ပြစ်ဒဏ်​ကို ကြောက်​သောကြောင့်​သာ မဟုတ်ဘဲ မိမိ​အသိစိတ်​ကြောင့်လည်း သူ​၏​အုပ်ချုပ်မှု​ကို နာခံရမည်။


သို့ရာတွင် ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့် ကျွန်ုပ်​သည် တမန်တော်​ဖြစ်​လာခဲ့၏။ ကျွန်ုပ်​အပေါ် ထားရှိသော ကိုယ်တော်​၏ ကျေးဇူးတော်​သည်လည်း အချည်းနှီး​မဖြစ်ဘဲ ကျွန်ုပ်​သည် အခြား​တမန်တော်များ​ထက် သာ​၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်း​မှာ ကျွန်ုပ်​ကြောင့်​မဟုတ်ဘဲ ကျွန်ုပ်​နှင့်အတူ လုပ်ဆောင်သော​ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့်သာ​ဖြစ်၏။


ကျွန်ုပ်တို့ လိပ်ပြာသန့်​စွာ သက်သေခံသည့် ကြွားဝါစရာ​အကြောင်း​မှာ ကျွန်ုပ်တို့​သည် ဤ​လောက​၌ အထူး​သဖြင့် သင်တို့​ရှေ့​၌ လူ့ဉာဏ်​ကို အမှီ​မပြုဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှီပြု​၍ ဘုရားသခင်​ထံမှ​လာသော ရိုးသား​ဖြူစင်ခြင်း​တို့ဖြင့် နေထိုင်ခဲ့ကြောင်း​ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… မာကေဒေါနိပြည်​ရှိ အသင်းတော်များ​အား ဘုရားသခင်​ပြုတော်မူသော ကျေးဇူးတော်​အကြောင်း​ကို ကျွန်ုပ်တို့​သည် သင်တို့​အား သိစေလို၏။


ထို​အကြောင်း​ကြောင့် ဤ​ဆင်းရဲဒုက္ခ​ကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်​မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် မိမိ​ယုံကြည်သော​အရှင်​ကို သိ​ပြီး ကိုယ်တော်​ထံ၌ မိမိ​အပ်ထားသော​အရာ​ကိုလည်း ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်းတော်မူမည်​ဟု စိတ်ချ​သောကြောင့်​ဖြစ်၏။


အကယ်၍​သာ ထိုသို့​တတ်နိုင်​လျှင် ဝတ်ပြုသူတို့​ကို တစ်ကြိမ်တည်း​နှင့်​အပြီး စင်ကြယ်စေ​နိုင်​ပြီး အပြစ်​ရှိနေသေးသည်​ဟု မခံစားရ​တော့​သဖြင့် သူတို့​သည် ထပ်မံ၍ ယဇ်​မပူဇော်ဘဲ နေကြတော့မည်​မဟုတ်လော။


သင်တို့​သည် ပြစ်မှား​၍ ရိုက်နှက်​ခံရ​သောအခါ သည်းခံ​လျှင် မည်သည့်​ဂုဏ်ယူစရာ​ရှိမည်နည်း။ သို့သော် ကောင်းမှု​ပြု​၍ ရိုက်နှက်​ခံရ​သောအခါ သည်းခံ​လျှင် ဘုရားသခင်​ရှေ့တော်​၌ ချီးကျူးထိုက်ဖွယ်​ဖြစ်၏။


သင်တို့ ဆင်းရဲဒုက္ခ​ခံရ​လျှင်ပင် မည်သူ​မျှ လူသတ်မှု၊ ခိုးမှု၊ ဒုစရိုက်မှု၊ သူတစ်ပါး​အမှု​၌ စွက်ဖက်မှုတို့​ကြောင့် ဆင်းရဲဒုက္ခ​ခံရခြင်း မဖြစ်စေနှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ