အကယ်၍ တစ်စုံတစ်ယောက်က ဤအစားအစာသည် ရုပ်တုကို ပူဇော်ထားသောအရာဖြစ်၏ဟု ပြောလျှင် ထိုသို့ပြောသောသူအတွက်လည်းကောင်း၊ အသိစိတ်ကိုလည်းကောင်း ငဲ့ရမည်ဖြစ်သောကြောင့် မစားကြနှင့်။
၁ ကော 10:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ဤကမ္ဘာလောကနှင့် ကမ္ဘာပေါ်၌ ရှိသမျှသောအရာတို့ကို ထာဝရဘုရား ပိုင်တော်မူ၏” ဟု ဖော်ပြထားသောကြောင့် ဖြစ်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်``ဤလောကနှင့်တကွ လောက၌ရှိသမျှသောအရာတို့ကိုထာဝရ ဘုရားပိုင်တော်မူ၏'' ဟုကျမ်းစာတော်ကဆို၏။ Judson Bible အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို ပိုင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား “မြေကြီးနှင့် မြေကြီးပေါ်၌ရှိသမျှသောအရာတို့ကို ထာဝရဘုရားပိုင်ဆိုင်တော်မူ၏။” |
အကယ်၍ တစ်စုံတစ်ယောက်က ဤအစားအစာသည် ရုပ်တုကို ပူဇော်ထားသောအရာဖြစ်၏ဟု ပြောလျှင် ထိုသို့ပြောသောသူအတွက်လည်းကောင်း၊ အသိစိတ်ကိုလည်းကောင်း ငဲ့ရမည်ဖြစ်သောကြောင့် မစားကြနှင့်။
ဘုရားသခင်ဖန်ဆင်းတော်မူသောအရာအားလုံးသည် ကောင်းသည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းလျက် စားသုံးသည်ကို မတားမြစ်သင့်ပါ။
ဤလောက၌ ချမ်းသာကြွယ်ဝသူတို့ကို ဘဝင်မမြင့်ရန်နှင့် မမြဲသည့်စည်းစိမ်ချမ်းသာတို့အပေါ် ကိုးစားမျှော်လင့်ခြင်းမရှိရန် ညွှန်ကြားလော့။ ကျွန်ုပ်တို့ကို ဝမ်းမြောက်စေလိုသည့်အတွက် အရာအားလုံးကို ရက်ရောစွာ ပေးသနားတော်မူသည့် ဘုရားသခင်ကိုသာ ကိုးစားမျှော်လင့်ရန် ညွှန်ကြားလော့။